ဒီကနေ့ညမှာတော့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရေးပါတဲ့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ် ပထမအကျော့ကို စတင်ကစားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ခံစစ်သမားတွေ ဒဏ်ရာကြောင့် မပါနိုင်တာကလွဲရင် လူပြန်စုံလာခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တောက်လျှောက် ခြေပြန်တက်လာတဲ့ လီဗာပူးဟာ ရလဒ်ကောင်းတွေပြန်ယူလာသလို တစ်ဘက်မှာ ရီးရဲလ်ကလည်း ခြေစွမ်း ပြန်လည်တည်ငြိမ်လာလို့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိပါတယ်။

Liverpool’s XI vs. Real Madrid

ဒီပွဲမှာ ယာဂင်ကလော့ပ်ဟာ ကစားကွက် နှစ်ခုတည်းက တစ်ခုကိုပဲ ခင်ကျင်းမှာဖြစ်တယ်။ လက်ရှိလူစာရင်းရဲ့ အကောင်းဆုံးသော ကစားကွက်ဖြစ်တဲ့ ၄-၃-၃ (သို့) တိုက်စစ်အားသန်အားလုံးထည့်မယ့် ၄-၂-၃-၁ တို့ဖြစ်ပါတယ်။ ကစားကွက် နှစ်ခုလုံးမှာတော့ ဂိုးသမားနဲ့ ခံစစ်ကြောင်းကို အယ်လီဆန်၊ ထရန့်၊ နက်ဖီးလစ်၊ ခါဘတ်နဲ့ ရော်ဘတ်ဆန်တို့က တာဝန်ယူမှာဖြစ်တယ်။

၄-၃-၃ ကို ခင်းကျင်းမယ်ဆိုရင် ကွင်းလယ်မှာ ဖာဘင်ညိ၊ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်ကို ထုတ်သုံးပြီး တိုက်စစ်သုံးယောက်တန်းကို အသုံးပြုမှာဖြစ်တယ်။ အာဆင်နယ်ပွဲတုန်းက ဖာမင်နို၊ ဆာလာ၊ မာနေးတို့ကို ထုတ်သုံးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုက်စစ်ပံ့ပိုးမှုမှာ အဆုံးသတ်ပိုင်း ပိုကောင်းတဲ့ ဂျိုတာက ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်ပါတယ်။

ဒါပေမယ့်လို့ ဖာမင်နို၊ ဆာလာ၊ မာနေး၊ ဂျိုတာ တို့ကို တစ်ပြိုင်နက် ထုတ်သုံးဖို့ကိုလည်း ကလော့ပ်က မငြင်းခဲ့ပါဘူး။ အာဆင်နယ်ပွဲမှာ ရော်ဘတ်ဆန်ကို လူးစားလဲခဲ့စဉ်က ကလော့ပ်က Fab Four တိုက်စစ်ကို ပြောင်းလဲခင်းကျင်းခဲ့တာဖြစ်တယ်။ တူညီတဲ့ တိုက်စစ်တွဲလုံး ထုတ်ဖို့ဆိုရင်တော့ ကွင်းလယ် နှစ်ဦးတန်းမှာ အကောင်းဆုံးခြေစွမ်းတွေရနေတဲ့ ဖာဘင်ညိုနဲ့ သီယာဂို အတွဲကိုပဲ ထုတ်သုံးလာဖို့ ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတယ်ဆိုပေမယ့် ဒီရာသီ သူတို့အသင်းရဲ့ အဓိက ပွဲထွက်ကစားသမားတွေ အားလုံးနီးပါးက ပါဝင်နိုင်နေဆဲပါ။ ဟာဇက်၊ ရာမိုစ့်တို့ မကစားနိုင်ခြင်းက ရီးရဲလ်အသင်းရဲ့ ပွဲထွက်လူစာရင်းကို ထိခိုက်မှာ မဟုတ်ပါဘူး။

မန်နေဂျာကလော့ပ် အနေနဲ့ စွန့်စားရမယ့် တိုက်စစ်အားသန် လူစာရင်းကို ခင်းကျင်းမလား? ကောင်တာ-တိုက်စစ်ကို ပိုမို အားပြုနိုင်မယ် သုံးယောက်တန်း တိုက်စစ်ကိုပဲ ထုတ်သုံးမလား? စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ်ဖြစ်လာဖို့တော့ ရှိနေပါတယ်။

ZAWGYI

ဒီကေန႔ညမွာေတာ့ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ အေရးပါတဲ့ ပြဲစဥ္အျဖစ္ ရီးရဲလ္မက္ဒရစ္နဲ႔ ကြာတားဖိုင္နယ္ ပထမအေက်ာ့ကို စတင္ကစားမွာျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္က အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ခံစစ္သမားေတြ ဒဏ္ရာေၾကာင့္ မပါႏုိင္တာကလြဲရင္ လူျပန္စံုလာခဲ့ျပီျဖစ္ပါတယ္။ ေနာက္ပိုင္း ပြဲေတြမွာ ေတာက္ေလွ်ာက္ ေျချပန္တက္လာတဲ့ လီဗာပူးဟာ ရလဒ္ေကာင္းေတြျပန္ယူလာသလို တစ္ဘက္မွာ ရီးရဲလ္ကလည္း ေျခစြမ္း ျပန္လည္တည္ျငိမ္လာလို႔ ပြဲေကာင္းတစ္ပြဲ ျဖစ္လာဖြယ္ရွိပါတယ္။

Liverpool’s XI vs. Real Madrid

ဒီပြဲမွာ ယာဂင္ကေလာ့ပ္ဟာ ကစားကြက္ ႏွစ္ခုတည္းက တစ္ခုကိုပဲ ခင္က်င္းမွာျဖစ္တယ္။ လက္ရွိလူစာရင္းရဲ႕ အေကာင္းဆံုးေသာ ကစားကြက္ျဖစ္တဲ့ ၄-၃-၃ (သို႔) တိုက္စစ္အားသန္အားလံုးထည့္မယ့္ ၄-၂-၃-၁ တို႔ျဖစ္ပါတယ္။ ကစားကြက္ ႏွစ္ခုလံုးမွာေတာ့ ဂိုးသမားနဲ႔ ခံစစ္ေၾကာင္းကို အယ္လီဆန္၊ ထရန္႔၊ နက္ဖီးလစ္၊ ခါဘတ္နဲ႔ ေရာ္ဘတ္ဆန္တို႔က တာဝန္ယူမွာျဖစ္တယ္။

၄-၃-၃ ကို ခင္းက်င္းမယ္ဆိုရင္ ကြင္းလယ္မွာ ဖာဘင္ညိ၊ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္ကို ထုတ္သံုးျပီး တိုက္စစ္သံုးေယာက္တန္းကို အသံုးျပဳမွာျဖစ္တယ္။ အာဆင္နယ္ပြဲတုန္းက ဖာမင္ႏို၊ ဆာလာ၊ မာေနးတို႔ကို ထုတ္သံုးခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ တိုက္စစ္ပံ့ပိုးမႈမွာ အဆံုးသတ္ပိုင္း ပိုေကာင္းတဲ့ ဂ်ိဳတာက ပြဲထြက္လူစာရင္းကေန ပါဝင္လာႏုိင္ပါတယ္။

ဒါေပမယ့္လို႔ ဖာမင္ႏို၊ ဆာလာ၊ မာေနး၊ ဂ်ိဳတာ တို႔ကို တစ္ျပိဳင္နက္ ထုတ္သံုးဖို႔ကိုလည္း ကေလာ့ပ္က မျငင္းခဲ့ပါဘူး။ အာဆင္နယ္ပြဲမွာ ေရာ္ဘတ္ဆန္ကို လူးစားလဲခဲ့စဥ္က ကေလာ့ပ္က Fab Four တိုက္စစ္ကို ေျပာင္းလဲခင္းက်င္းခဲ့တာျဖစ္တယ္။ တူညီတဲ့ တိုက္စစ္တြဲလံုး ထုတ္ဖို႔ဆိုရင္ေတာ့ ကြင္းလယ္ ႏွစ္ဦးတန္းမွာ အေကာင္းဆံုးေျခစြမ္းေတြရေနတဲ့ ဖာဘင္ညိဳနဲ႔ သီယာဂို အတြဲကိုပဲ ထုတ္သံုးလာဖို႔ ရွိပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းမွာ ဒဏ္ရာျပႆနာေတြ ရွိေနတယ္ဆိုေပမယ့္ ဒီရာသီ သူတို႔အသင္းရဲ႕ အဓိက ပြဲထြက္ကစားသမားေတြ အားလံုးနီးပါးက ပါဝင္ႏုိင္ေနဆဲပါ။ ဟာဇက္၊ ရာမိုစ့္တို႔ မကစားႏုိင္ျခင္းက ရီးရဲလ္အသင္းရဲ႕ ပြဲထြက္လူစာရင္းကို ထိခိုက္မွာ မဟုတ္ပါဘူး။

မန္ေနဂ်ာကေလာ့ပ္ အေနနဲ႔ စြန္႔စားရမယ့္ တိုက္စစ္အားသန္ လူစာရင္းကို ခင္းက်င္းမလား? ေကာင္တာ-တိုက္စစ္ကို ပိုမို အားျပဳႏုိင္မယ္ သံုးေယာက္တန္း တိုက္စစ္ကိုပဲ ထုတ္သံုးမလား? စိတ္ဝင္စားဖို႔ေကာင္းတဲ့ ပြဲစဥ္ျဖစ္လာဖို႔ေတာ့ ရွိေနပါတယ္။