အင်္ဂလန်အသင်းရဲ့ နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ် နှစ်ခုမှာ ညာအစွန်လူ ထရန့်ဟာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ ဒါကြောင့် လာမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူရွေးခံရမှာ မဟုတ်ဘူးဆိုတဲ့ အသံတွေ ထွက်ပေါ်နေတယ်။

ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးနဲ့ လီဗာပူးကစားသမားဟောင်း ကာရေဂါတို့ဟာ စကိုင်းစပေါ့ရဲ့ ဝေဖန်ဆွေးနွေးမှု အစီအစဉ်မှာ ညာအစွန်လူနေရာအတွက် စကားများခဲ့ကြပါတယ်။ နဗီးကတော့ အင်္ဂလန်စာရင်းမှာ ထရန့်ကို မရွေးတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထောက်ခံခဲ့တယ်။

မက်ဆီ၊ ရော်နယ်ဒို၊ အမ်ဘတ်ပီ၊ နေမာ၊ ဂနာဘီတို့လို တိုက်စစ်သမားတွေဖြင့် ရင်ဆိုင်ခဲ့ဖူးသလို အင်္ဂလန်အသင်းရဲ့ ညာအစွန်လူတွေထဲမှာ တစ်ဦးတည်းသော ချန်ပီယံလိဂ်ဖလား အနိုင်ရ ညာအစွန်လူ ထရန့်ဟာ ယူရိုပြိုင်ပွဲကို ပါဝင်ဖို့ အရည်အချင်း မမှီဘူးလို့ နဗီးက ပြောပါတယ်။

ဂယ်ရီနဗီးက “ လူစာရင်းမှာ သူပါမှာ မဟုတ်ပါဘူး။ မတ်လနဲ့ ဧပရယ်လ လူစာရင်းတွေမှာ သူ့ကို ချန်ထားခဲ့တာက နွေမှာ သူ့ကို ဖယ်ထားမယ်ဆိုတဲ့ သဘောပါပဲ။ သူလည်း ဒါကို အံ့သြမယ်လို့ မထင်ပါဘူး။

ထရန့်ကို ကြည့်မယ်ဆိုရင် ပြိုင်ဘက်မန်နေဂျာတွေက သူ့ဘက်ကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားကြမှာပါ။ ထရန့်က သူ့ရဲ့ ခံစစ်စွမ်းရည်တွေမှာ အလေးအနက် ပိုကြိုးစားဖို့ လိုပါတယ်။

ယူရိုပြိုင်ပွဲအတွင်း တစ်ပွဲတည်း အဆုံးအဖြတ်ပေးတဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေမှာ အင်္ဂလန်အသင်းက ဘယ်အသင်းတွေနဲ့ ကစားရမယ်ထင်လဲ? အင်္ဂလန်အသင်းက ဂျာမနီ၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ပေါ်တူဂီလို အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။

အဲ့အသင်းတွေမှာ သူတို့က ဘယ်လို ကစားသမားတွေနဲ့ ရင်ဆိုင်ရမှာလဲ? ဟာဇက်၊ ဆာနေး၊ အမ်ဘတ်ပီ၊ ဂျိုတာနဲ့ ရော်နယ်ဒိုလို တိုက်စစ်သမားတွေကို ရင်ဆိုင်ရမှာပါ။

မန်နေဂျာက အဲ့လို တိုက်စစ်သမားတွေနဲ့ ရင်ဆိုင်ဖို့ ထရန့်ကို ထည့်မယ်လို့ ထင်လား။ နေရာလွတ်တွေကို ဖြစ်စေမယ့် ထရန့်လို ကစားသမားကို ဘယ်သူကသုံးမလဲ?

ကျနော်ကတော့ ဂါရတ်နဲ့ အင်္ဂလန်အသင်းကို ယုံတယ်။ ဂါရတ်က ပြိုင်ပွဲတွေ အများကြီးကို ပါဝင်ယှဉ်ပြိုင်ဖူးတယ်။ သူက ကမ္ဘာဖလား ဆီမီးဖိုင်နယ်ထံ အင်္ဂလန်အသင်းကို ပို့ပေးခဲ့သူပါ။ ထရန့်ကို အင်္ဂလန်စာရင်းအတွက် မရွေးတာက သူဟာ ဝေါ်ကာ၊ ထရစ်ပီယာနဲ့ ဂျိမ်းတို့ရဲ့ ကစားနိုင်စွမ်းတွေက အမ်ဘတ်ပီနဲ့ ရော်နယ်ဒိုတို့ကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်လို့ပါပဲ ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

နဗီးရဲ့ ဝေဖန်ပြောဆိုမှုတွေအပြီးမှာ ကာရေဂါကတော့ “ ထရန့်ကိုကျော်ပြီး ညာအစွန်နေရာအတွက် ထရစ်ပီယာကို မင်းရွေးမယ်ဆိုရင် အဲ့တာက သိပ်ရှက်ဖို့ကောင်းပါတယ် ” လို့ ပြတ်ပြတ်သားသား တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အသင္းရဲ႕ ေနာက္ဆံုးေသာ ႏုိင္ငံတကာသီတင္းပတ္ ႏွစ္ခုမွာ ညာအစြန္လူ ထရန္႔ဟာ ေရြးခ်ယ္ျခင္း မခံခဲ့ရပါဘူး။ ဒါေၾကာင့္ လာမယ့္ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာ သူေရြးခံရမွာ မဟုတ္ဘူးဆိုတဲ့ အသံေတြ ထြက္ေပၚေနတယ္။

ယူႏုိက္တက္ကစားသမားေဟာင္း ဂယ္ရီနဗီးနဲ႔ လီဗာပူးကစားသမားေဟာင္း ကာေရဂါတို႔ဟာ စကိုင္းစေပါ့ရဲ႕ ေဝဖန္ေဆြးေႏြးမႈ အစီအစဥ္မွာ ညာအစြန္လူေနရာအတြက္ စကားမ်ားခဲ့ၾကပါတယ္။ နဗီးကေတာ့ အဂၤလန္စာရင္းမွာ ထရန္႔ကို မေရြးတာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္လို႔ ေထာက္ခံခဲ့တယ္။

မက္ဆီ၊ ေရာ္နယ္ဒို၊ အမ္ဘတ္ပီ၊ ေနမာ၊ ဂနာဘီတို႔လို တိုက္စစ္သမားေတြျဖင့္ ရင္ဆိုင္ခဲ့ဖူးသလို အဂၤလန္အသင္းရဲ႕ ညာအစြန္လူေတြထဲမွာ တစ္ဦးတည္းေသာ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရ ညာအစြန္လူ ထရန္႔ဟာ ယူရိုျပိဳင္ပြဲကို ပါဝင္ဖို႔ အရည္အခ်င္း မမွီဘူးလို႔ နဗီးက ေျပာပါတယ္။

ဂယ္ရီနဗီးက “ လူစာရင္းမွာ သူပါမွာ မဟုတ္ပါဘူး။ မတ္လနဲ႔ ဧပရယ္လ လူစာရင္းေတြမွာ သူ႔ကို ခ်န္ထားခဲ့တာက ေႏြမွာ သူ႔ကို ဖယ္ထားမယ္ဆိုတဲ့ သေဘာပါပဲ။ သူလည္း ဒါကို အံ့ၾသမယ္လို႔ မထင္ပါဘူး။

ထရန္႔ကို ၾကည့္မယ္ဆိုရင္ ျပိဳင္ဘက္မန္ေနဂ်ာေတြက သူ႔ဘက္ကေန တိုက္စစ္ဆင္ဖို႔ ၾကိဳးစားၾကမွာပါ။ ထရန္႔က သူ႔ရဲ႕ ခံစစ္စြမ္းရည္ေတြမွာ အေလးအနက္ ပိုၾကိဳးစားဖို႔ လိုပါတယ္။

ယူရိုျပိဳင္ပြဲအတြင္း တစ္ပြဲတည္း အဆံုးအျဖတ္ေပးတဲ့ ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္ေတြမွာ အဂၤလန္အသင္းက ဘယ္အသင္းေတြနဲ႔ ကစားရမယ္ထင္လဲ? အဂၤလန္အသင္းက ဂ်ာမနီ၊ ဘယ္ဂ်ီယံ၊ ျပင္သစ္၊ ေပၚတူဂီလို အသင္းေတြနဲ႔ ရင္ဆိုင္ရမွာပါ။

အဲ့အသင္းေတြမွာ သူတို႔က ဘယ္လို ကစားသမားေတြနဲ႔ ရင္ဆိုင္ရမွာလဲ? ဟာဇက္၊ ဆာေနး၊ အမ္ဘတ္ပီ၊ ဂ်ိဳတာနဲ႔ ေရာ္နယ္ဒိုလို တိုက္စစ္သမားေတြကို ရင္ဆိုင္ရမွာပါ။

မန္ေနဂ်ာက အဲ့လို တိုက္စစ္သမားေတြနဲ႔ ရင္ဆိုင္ဖို႔ ထရန္႔ကို ထည့္မယ္လို႔ ထင္လား။ ေနရာလြတ္ေတြကို ျဖစ္ေစမယ့္ ထရန္႔လို ကစားသမားကို ဘယ္သူကသံုးမလဲ?

က်ေနာ္ကေတာ့ ဂါရတ္နဲ႔ အဂၤလန္အသင္းကို ယံုတယ္။ ဂါရတ္က ျပိဳင္ပြဲေတြ အမ်ားၾကီးကို ပါဝင္ယွဥ္ျပိဳင္ဖူးတယ္။ သူက ကမၻာဖလား ဆီမီးဖိုင္နယ္ထံ အဂၤလန္အသင္းကို ပို႔ေပးခဲ့သူပါ။ ထရန္႔ကို အဂၤလန္စာရင္းအတြက္ မေရြးတာက သူဟာ ေဝၚကာ၊ ထရစ္ပီယာနဲ႔ ဂ်ိမ္းတို႔ရဲ႕ ကစားႏုိင္စြမ္းေတြက အမ္ဘတ္ပီနဲ႔ ေရာ္နယ္ဒိုတို႔ကို ကိုင္တြယ္ႏိုင္မယ္လို႔ ယံုၾကည္လို႔ပါပဲ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

နဗီးရဲ႕ ေဝဖန္ေျပာဆိုမႈေတြအျပီးမွာ ကာေရဂါကေတာ့ “ ထရန္႔ကိုေက်ာ္ျပီး ညာအစြန္ေနရာအတြက္ ထရစ္ပီယာကို မင္းေရြးမယ္ဆိုရင္ အဲ့တာက သိပ္ရွက္ဖို႔ေကာင္းပါတယ္ ” လို႔ ျပတ္ျပတ္သားသား တုန္႔ျပန္သြားခဲ့တာ ျဖစ္ပါတယ္။