တစ်ချိန်က လီဗာပူးအကယ်ဒမီအသင်းရယ်လို့ လှောင်ပြောင်ခံရတဲ့ ဆောက်သမ်တန်က ဒီဘက်နှစ်တွေမှာ လီဗာပူး ကစားသမားတွေကို ဆက်တိုက် ပြန်လည် ခေါ်ယူလာနေတာပါ။

ဒန်နီအင့်ကို အငှားခေါ်ယူခဲ့ပြီးနောက် အောင်မြင်တဲ့ အပြီးသတ် ခေါ်ယူမှုထိပါ တိုးမြင့် လုပ်ဆောင်နိုင်ထားတဲ့ ဆောက်သမ်တန်ဟာ အကယ်ဒမီထွက် ကွင်းလယ်လူဟောင်း လယ်လာနာကိုလည်း ပြန်လည် ခေါ်ယူဖို့ ကြိုးစားခဲ့သေးတာပါ။ ဒါပေမယ့်လို့ ညိနှိုင်းမှုတွေ အဆင်မပြေခဲ့ဘဲ လယ်လာနာက ဘရိုက်တန်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်။

ဇန်နဝါရီတုန်းကမှ လီဗာပူးတိုက်စစ်သမား မီနာမီနိုကို ရာသီကုန်ထိ အငှားစာချုပ်ဖြင့် ခေါ်ယူသွားတဲ့ ဆောက်သမ်တန်ဟာ ဒီနွေမှာတော့ လူငယ် ညာအစွန်လူ နီကိုး ဝီလီယမ်ကို အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ကမ်းလှမ်းဖို့ ကြိုးစားလာနေတယ်လို့ သိရတယ်။

ဝေလ်း ညာအစွန်လူဟာ အရည်အချင်းရှိပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာ ပွဲထွက်ဖို့ကတော့ ဖိအားကြီးတွေ ရင်ဆိုင်နေရတာပါ။ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲထိ ကစားထားတဲ့ ညာအစွန်လူကို ကလော့ပ်က ယုံကြည်ပေမယ့် ကွင်းအတွင်း ဖိအားတွေကြောင့်ပဲ ကစားသမားလေးရဲ့ ပွဲထွက်ခွင့်တွေ ပြန်ရုန်သိမ်းထားတာဖြစ်တယ်။

ဆောက်သမ်တန်ဘက်က ဝီလီယမ်ကို အငှားရမယ်ဆိုရင် ညာအစွန်နေရာ ထားကစားဖို့ အာမခံချက်တော့ မရှိဘဲ ဘယ်အစွန်နေရာကို ပြောင်းလဲနေရာချတာမျိုးလည်း ဖြစ်နိုင်တယ်လို့ The Athletic က ဖော်ပြတယ်။

အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ နီကိုးဟာ လီဗာပူးနည်းပြတွေ သဘောတွေ့ထားတဲ့ လူငယ် ၄ ဦးထဲက တစ်ဦးဖြစ်တယ်။ ဂျုံး၊ နီကိုး၊ အီးလီးယော့နဲ့ ရိုင်းတို့ထဲမှာ အသင်းလိုအပ်ချက်အရ ဂျုံးက နေရာရလာနေတယ်။ လာမယ့် နွေမှာတော့ အီးလီးယော့ကို စီနီယာအသင်းအတွက် ပြန်ခေါ်ကာ နီကိုးနဲ့ ရိုင်းတို့ကို အငှားချဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

ZAWGYI

တစ္ခ်ိန္က လီဗာပူးအကယ္ဒမီအသင္းရယ္လို႔ ေလွာင္ေျပာင္ခံရတဲ့ ေဆာက္သမ္တန္က ဒီဘက္ႏွစ္ေတြမွာ လီဗာပူး ကစားသမားေတြကို ဆက္တိုက္ ျပန္လည္ ေခၚယူလာေနတာပါ။

ဒန္နီအင့္ကို အငွားေခၚယူခဲ့ျပီးေနာက္ ေအာင္ျမင္တဲ့ အျပီးသတ္ ေခၚယူမႈထိပါ တိုးျမင့္ လုပ္ေဆာင္ႏုိင္ထားတဲ့ ေဆာက္သမ္တန္ဟာ အကယ္ဒမီထြက္ ကြင္းလယ္လူေဟာင္း လယ္လာနာကိုလည္း ျပန္လည္ ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးတာပါ။ ဒါေပမယ့္လို႔ ညိႏိႈင္းမႈေတြ အဆင္မေျပခဲ့ဘဲ လယ္လာနာက ဘရိုက္တန္ကို ေျပာင္းေရႊ႔သြားခဲ့တာျဖစ္တယ္။

ဇန္နဝါရီတုန္းကမွ လီဗာပူးတိုက္စစ္သမား မီနာမီႏိုကို ရာသီကုန္ထိ အငွားစာခ်ဳပ္ျဖင့္ ေခၚယူသြားတဲ့ ေဆာက္သမ္တန္ဟာ ဒီေႏြမွာေတာ့ လူငယ္ ညာအစြန္လူ နီကိုး ဝီလီယမ္ကို အျပီးသတ္ ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းဖို႔ ၾကိဳးစားလာေနတယ္လို႔ သိရတယ္။

ေဝလ္း ညာအစြန္လူဟာ အရည္အခ်င္းရွိေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းမွာ ပြဲထြက္ဖို႔ကေတာ့ ဖိအားၾကီးေတြ ရင္ဆိုင္ေနရတာပါ။ ဒီရာသီမွာ ျပိဳင္ပြဲစံု ၁၃ ပြဲထိ ကစားထားတဲ့ ညာအစြန္လူကို ကေလာ့ပ္က ယံုၾကည္ေပမယ့္ ကြင္းအတြင္း ဖိအားေတြေၾကာင့္ပဲ ကစားသမားေလးရဲ႕ ပြဲထြက္ခြင့္ေတြ ျပန္ရုန္သိမ္းထားတာျဖစ္တယ္။

ေဆာက္သမ္တန္ဘက္က ဝီလီယမ္ကို အငွားရမယ္ဆိုရင္ ညာအစြန္ေနရာ ထားကစားဖို႔ အာမခံခ်က္ေတာ့ မရွိဘဲ ဘယ္အစြန္ေနရာကို ေျပာင္းလဲေနရာခ်တာမ်ိဳးလည္း ျဖစ္ႏုိင္တယ္လို႔ The Athletic က ေဖာ္ျပတယ္။

အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ နီကိုးဟာ လီဗာပူးနည္းျပေတြ သေဘာေတြ႔ထားတဲ့ လူငယ္ ၄ ဦးထဲက တစ္ဦးျဖစ္တယ္။ ဂ်ံဳး၊ နီကိုး၊ အီးလီးေယာ့နဲ႔ ရိုင္းတို႔ထဲမွာ အသင္းလိုအပ္ခ်က္အရ ဂ်ံဳးက ေနရာရလာေနတယ္။ လာမယ့္ ေႏြမွာေတာ့ အီးလီးေယာ့ကို စီနီယာအသင္းအတြက္ ျပန္ေခၚကာ နီကိုးနဲ႔ ရိုင္းတို႔ကို အငွားခ်ဖို႔ အစီအစဥ္ရွိတယ္လို႔လည္း သိရပါတယ္။