ကြွက်သားဒဏ်ရာ ရှိခဲ့လို့ လီဗာပူးရဲ့ နောက်ဆုံးကစားထားတဲ့ ၃ ပွဲလုံး လွဲချော်ခဲ့ရတဲ့ အဓိက တိုက်စစ်မှူး ဖာမီနိုဟာ မာဗယ်လာသို့ စခန်းသွင်းလေ့ကျင့်ဖို့ ထွက်ခွာသွားတဲ့ အသင်းလူစာရင်းထဲ ပါဝင်သွားပြီး လေ့ကျင့်မှုများ ပြန်လည် ပူးပေါင်းနေပါပြီ။

နွေမှာ ဘွန်ဒက်လီဂါကလပ် ဝါသာဘရီမင်ကနေ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ရာ အသင်းပြောင်းလိုနေတဲ့ ဂျာမနီတိုက်စစ်မှူး မက်ခရုစ်ကို လီဗာပူးဘက်က ချိတ်ဆက်နေပါတယ်။ ဂျာမနီတိုက်စစ်မှူးကို ဘိုင်ယန်ကလည်း လီဝမ်ဒေါစကီးနေရာမှာ အရန်အဖြစ်ထားဖို့ ချိတ်ဆက် နေတာဖြစ်ပြီး ကစားသမားကတော့ အနာဂတ်ကလပ်ကို မရွေးရသေးပါဘူး။

ဝါဒါဘရီမင်အသင်းရဲ့ တိုက်စစ်ကစားသမားဟာ လာမယ့် ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်မှတ်များကို တရားမ၀င် ပြန်ရောင်းချနေတဲ့ ပရိသတ် ၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၄င်းတို့ကို အန်းဖီးမှာ ပွဲကြည့်ခွင့် တစ်သက်တာ ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းနည်းတူ စပါးအသင်းကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ လက်မှတ်များကို ဈေးတင်ရောင်းချနေတဲ့ ပရိသတ်များအား စိစစ်မှုတွေ ပြုလုပ်နေပြီး တစ်ရာသီစာလက်မှတ် ကိုင်ဆောင်ထားတဲ့ စပါးပရိသတ် ၃ ဦး က ဗိုလ်လုပွဲလက်မှတ်များ ရောင်းချတာ တွေ့ရှိခဲ့ပါတယ်။ စပါးအသင်းကလည်း ပွဲကြည့်ခွင့် ပိတ်ပင်မှုများ အပါအ၀င် ပြင်းထန်စွာ အပြစ်ပေးမယ်လို့ အသင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ် ပစ်မှတ်ထားနေခဲ့တဲ့ ဘုန်းမောက် တောင်ပံကစားသမား ရိုင်ယန်ဖရေဇာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသလာပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ဘာစီလိုနာဘက် သွင်းခဲ့တဲ့ အိုရီဂီရဲ့ ပွဲသိမ်း အနိုင်ဂိုးကို မြင်ဖို့ လက်လွှတ်လုနီးပါး ဖြစ်ခဲ့တယ် လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုအချိန်မှာ ဟန်ဒါဆန်က ထောင့်ကန်ဘောနဲ့ ပတ်သတ်ပြီး တယောက်ယောက်နဲ့ အခြေအတင် ပြောဆိုနေဖြစ်ခဲ့လို့ ထရန့် အလက်ဇန္ဒါးအာနိုး ခက်သွက်သွက် တင်ပေးလိုက်တဲ့ဘောလုံးကို သတိမမူမိ ဖြစ်ခဲ့တာပါ။

ဂျူဗင်တပ် အသင်းအနေနဲ့ မကြာသေးခင်က အသင်းကနေ ထွက်ခွာသွားတဲ့ နည်းပြ အယ်လ်ီဂရီ ရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နေတဲ့ နည်းပြစာရင်းမှာ လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ ကို ထည့်သွင်းလာခဲ့ပြီး ပေါင် ၃၂ သန်းပေးပြီး ခေါ်ယူဖို့ ရှိနေတယ်လို့သိရပါတယ်။