လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အန်ဖီးကွင်းမှာ နောက်ထပ် comeback ပွဲ တစ်ပွဲ ကစားဖို့ဆိုတာက ခက်ခဲပါလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

ပထမအကျော့ကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရရင် နောက်တစ်ဆင့်ကို တက်မှာပါ။ ဒါပေမယ့်လို့ ရီးရဲလ်ဘက်က အဝေးဂိုး ပြန်သွင်းနိုင်ရင် ပွဲအဖြေပေါ်ဖို့က ဂိုးများများ လိုအပ်သွားမှာဖြစ်ပါတယ်။

နောက်ထပ်တစ်ကြိမ် တုန့်ပြန်မှုကြီး ပြရမယ့် ပွဲဖြစ်လာတဲ့အပေါ် ကလော့ပ်က “ လုံးဝကို ခြားနားမှာပါ။ ခံစားချက်တွေအပြည့်နဲ့ အမှတ်တရတွေကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာနဲ့ပွဲကို ကြည့်နိုင်ပါတယ်။ ပွဲရဲ့ ၈၀% လောက်မှာ အားပေးမှု အငွေ့အသက်ကောင်းတွေ လွှမ်းခြုံနေတာပါ။ အဲ့သည် အားပေးမှုတွေ မပါဘဲ ကျနေ်ာတို့ ထပ်လုပ်ပြရတော့မှာပါ။

ဒီနေရာမှာထိုင်နေပြီး comeback ပွဲကြီးတော့ ထပ်ကစားပြလိုက်မယ်ကွဆိုပြီး လာစဉ်းစားနေတာ မဟုတ်ပါဘူး။ ကျနေ်ာတို့မှာ အမြဲတမ်း ပရိသတ်တွေ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ပရိသတ် ရှိနေမှာ မဟုတ်ပါဘူး။

ကျနေ်ာတို့ နောက်တစ်ကြိမ် ထပ်လုပ်ပြနိုင်မလား မသေချာပါဘူး။ ဒါပေမယ့် စစ်မှန်စွာကို ကြိုးစားမယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ကောင်လေးတွေကလည်း တကယ်ကို လိုချင်ပါတယ်။ ဒီနေ့ ပထမပိုင်းမှာတော့ အကြောင်းကြောင်းတွေကြောင့် ကျနေ်ာတို့ မလုပ်ပြနိုင်ခဲ့ဘူး။ အဖြေရှာဖို့လိုပြီး ထပ်ပြီး ယှဉ်ပြိုင်သွားရမှာပါ။

အန်ဖီးကွင်းမှာ ပရိသတ်တွေ မပါဘဲ ကစားရမှာက ရီးရဲလ်မက်ဒရစ်အတွက် ပြောရခက်ပါတယ်။ ဒီညကတော့ ကွင်းအခြေအနေကလည်း တကယ်ကို ထူးဆန်းပါတယ်။ ဒီကွင်းထဲစာရင် အန်ဖီးကွင်းကတော့ စစ်မှန်တဲ့ ကွင်းတစ်ကွင်း ဖြစ်နေမှာပါ။ အဲ့တာကပဲ ကျနေ်ာတို့ အားလုံးအတွက် ကောင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အန္ဖီးကြင္းမွာ ေနာက္ထပ္ comeback ပြဲ တစ္ပြဲ ကစားဖို႔ဆိုတာက ခက္ခဲပါလိမ့္မယ္လို႔ ဝန္ခံခဲ့ပါတယ္။

ပထမအေက်ာ့ကို ၃-၁ ျဖင့္ အေရးနိမ့္ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့မွာ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရရင္ ေနာက္တစ္ဆင့္ကို တက္မွာပါ။ ဒါေပမယ့္လို႔ ရီးရဲလ္ဘက္က အေဝးဂိုး ျပန္သြင္းႏုိင္ရင္ ပြဲအေျဖေပၚဖို႔က ဂိုးမ်ားမ်ား လိုအပ္သြားမွာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ၾကိမ္ တုန္႔ျပန္မႈၾကီး ျပရမယ့္ ပြဲျဖစ္လာတဲ့အေပၚ ကေလာ့ပ္က “ လံုးဝကို ျခားနားမွာပါ။ ခံစားခ်က္ေတြအျပည့္နဲ႔ အမွတ္တရေတြကို ျပန္ၾကည့္မယ္ဆိုရင္ ဘာစီလိုနာနဲ႔ပြဲကို ၾကည့္ႏုိင္ပါတယ္။ ပြဲရဲ႕ ၈၀% ေလာက္မွာ အားေပးမႈ အေငြ႔အသက္ေကာင္းေတြ လႊမ္းျခံဳေနတာပါ။ အဲ့သည္ အားေပးမႈေတြ မပါဘဲ က်ေန္ာတို႔ ထပ္လုပ္ျပရေတာ့မွာပါ။

ဒီေနရာမွာထိုင္ေနျပီး comeback ပြဲၾကီးေတာ့ ထပ္ကစားျပလိုက္မယ္ကြဆိုျပီး လာစဥ္းစားေနတာ မဟုတ္ပါဘူး။ က်ေန္ာတို႔မွာ အျမဲတမ္း ပရိသတ္ေတြ ရွိခဲ့ေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ ပရိသတ္ ရွိေနမွာ မဟုတ္ပါဘူး။

က်ေန္ာတို႔ ေနာက္တစ္ၾကိမ္ ထပ္လုပ္ျပႏုိင္မလား မေသခ်ာပါဘူး။ ဒါေပမယ့္ စစ္မွန္စြာကို ၾကိဳးစားမယ္လို႔ က်ေနာ္ ေျပာႏုိင္ပါတယ္။ ေကာင္ေလးေတြကလည္း တကယ္ကို လိုခ်င္ပါတယ္။ ဒီေန႔ ပထမပိုင္းမွာေတာ့ အေၾကာင္းေၾကာင္းေတြေၾကာင့္ က်ေန္ာတို႔ မလုပ္ျပႏုိင္ခဲ့ဘူး။ အေျဖရွာဖို႔လိုျပီး ထပ္ျပီး ယွဥ္ျပိဳင္သြားရမွာပါ။

အန္ဖီးကြင္းမွာ ပရိသတ္ေတြ မပါဘဲ ကစားရမွာက ရီးရဲလ္မက္ဒရစ္အတြက္ ေျပာရခက္ပါတယ္။ ဒီညကေတာ့ ကြင္းအေျခအေနကလည္း တကယ္ကို ထူးဆန္းပါတယ္။ ဒီကြင္းထဲစာရင္ အန္ဖီးကြင္းကေတာ့ စစ္မွန္တဲ့ ကြင္းတစ္ကြင္း ျဖစ္ေနမွာပါ။ အဲ့တာကပဲ က်ေန္ာတုိ႔ အားလံုးအတြက္ ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။