ဂျာမာန်သား ကွင်းလယ်လူ တိုနီခရုစ့်က လီဗာပူးအသင်းရဲ့ ခံစစ်က ငယ်ရွယ်လွန်းလှတာကြောင့် သူတို့ကို ဖိကစားဖို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂိမ်းပလန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးခံစစ်က အပြောင်းအလဲတွေ များနေခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရာမှာ ချန်ပီယံလိဂ် တစ်ပွဲတည်း ကစားဖူးတဲ့ အသက် ၂၄ နှစ်အရွယ် နက်ဖီးလစ်နဲ့ အသက် ၂၀ အရွယ် ခါဘတ်တို့က ခံစစ်နေရာက ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

အတွေ့အကြုံနုတဲ့ ခံစစ်ကို ဖိကစားခြင်းဟာ လီဗာပူးတိုက်စစ်ကိုလည်း ဟန့်တားပြီး ဖြစ်စေခဲ့မယ်လို့ ရီးရဲလ်မက်ဒရစ်ဘက်က တွေးဆမိခဲ့တယ်။

တိုနီခရုစ်က “ ပထမပိုင်းမှာ ကိစ္စတွေ အများအပြားက အတော်လေး အဆင်ပြေခဲ့ပါတယ်။ ကျနေ်ာတို့ရဲ့ ပွဲအစီအစဉ်တွေကို အာရုံစိုက်ခဲ့ရပေမယ့် လုံ့ဆော်မှုကောင်းကောင်းနဲ့ ပွဲထဲ ဝင်လာနိုင်ခဲ့တယ်။ ကျနေ်ာတို့ ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ခံစစ်က ဒဏ်ရာပြဿနာတွေ များထားတာကြောင့် ကစားသမား အပြောင်းအလဲ လုပ်ထားရတယ်ဆိုတာကို ကျနေ်ာတို့ နားလည်ခဲ့တယ်။ ဒီတော့ ခပ်စောစောမှာတည်းက သူတို့ကို တိုက်စစ်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကို ဖိထားမယ်ဆိုရင် ကျနော်တို့ အခွင့်အရေးရမယ်ဆိုတာကို သိခဲ့ပါတယ်။

ကျနေ်ာတို့ ဘောလုံးရချိန်မှာ ပိုင်ဆိုင်မှုကို ဆက်ထိန်းပြီး တိုက်စစ်ကစားဖို့ စီစဉ်ခဲ့တယ်။ ဘောလုံးဆုံးရံှူးချိန်မှာလည်း ဘောလုံးပြန်ရဖို့ ခပ်မြန်မြန် ကြိုးစားနိုင်ခဲ့ပါတယ်။ အဲ့တာကပဲ ပထမပိုင်းအတွက် အရေးပါတဲ့ သော့ချက်ဖြစ်ခဲ့ပါတယ်။

ဒါက ပုံမှန်ပါပဲ။ ပြိုင်ဘက်ရဲ့ အခြေအနေကို ရှာဖွေလေ့လာရပြီး ဘယ်နေရာကနေ တိုက်စစ်ဆင်ရမလဲ ရှာဖွေရပါတယ်။ ဒါပေမယ့် အဲ့အချက်ကြောင့်တင် တိုက်စစ်ကစားခြင်း မဟုတ်ဘဲ သူတို့က ခံစစ်သမားတွေ ပြောင်းလဲထားရတာကြောင့် သူတို့ကို ဖိအားမယ်ဆိုရင် တိုက်စစ်သမားတွေကလည်း သူတို့ရဲ့ အရည်အချင်းတွေနဲ့ တိုက်စစ်ကို အကောင်းဆုံး မလိုက်နိုင်တော့ဘူးဆိုတာကို တွက်ဆမိတာကြောင့် ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဂ်ာမာန္သား ကြင္းလယ္လူ တိုနီခရုစ့္က လီဗာပူးအသင္းရဲ႕ ခံစစ္က ငယ္ရြယ္လြန္းလွတာေၾကာင့္ သူတို႔ကို ဖိကစားဖို႔ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ဂိမ္းပလန္ ျဖစ္ခဲ့တယ္လို႔ ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ လီဗာပူးခံစစ္က အေျပာင္းအလဲေတြ မ်ားေနခဲ့တာပါ။ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ရာမွာ ခ်န္ပီယံလိဂ္ တစ္ပြဲတည္း ကစားဖူးတဲ့ အသက္ ၂၄ ႏွစ္အရြယ္ နက္ဖီးလစ္နဲ႔ အသက္ ၂၀ အရြယ္ ခါဘတ္တို႔က ခံစစ္ေနရာက ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

အေတြ႔အၾကံဳႏုတဲ့ ခံစစ္ကို ဖိကစားျခင္းဟာ လီဗာပူးတိုက္စစ္ကိုလည္း ဟန္႔တားျပီး ျဖစ္ေစခဲ့မယ္လို႔ ရီးရဲလ္မက္ဒရစ္ဘက္က ေတြးဆမိခဲ့တယ္။

တိုနီခရုစ္က “ ပထမပိုင္းမွာ ကိစၥေတြ အမ်ားအျပားက အေတာ္ေလး အဆင္ေျပခဲ့ပါတယ္။ က်ေန္ာတို႔ရဲ႕ ပြဲအစီအစဥ္ေတြကို အာရံုစိုက္ခဲ့ရေပမယ့္ လံု႔ေဆာ္မႈေကာင္းေကာင္းနဲ႔ ပြဲထဲ ဝင္လာႏုိင္ခဲ့တယ္။ က်ေန္ာတို႔ ေကာင္းေကာင္းလည္း ကစားႏုိင္ခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ခံစစ္က ဒဏ္ရာျပႆနာေတြ မ်ားထားတာေၾကာင့္ ကစားသမား အေျပာင္းအလဲ လုပ္ထားရတယ္ဆိုတာကို က်ေန္ာတို႔ နားလည္ခဲ့တယ္။ ဒီေတာ့ ခပ္ေစာေစာမွာတည္းက သူတို႔ကို တိုက္စစ္ဆင္ႏုိင္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ သူတို႔ကို ဖိထားမယ္ဆိုရင္ က်ေနာ္တို႔ အခြင့္အေရးရမယ္ဆိုတာကို သိခဲ့ပါတယ္။

က်ေန္ာတို႔ ေဘာလံုးရခ်ိန္မွာ ပိုင္ဆိုင္မႈကို ဆက္ထိန္းျပီး တိုက္စစ္ကစားဖို႔ စီစဥ္ခဲ့တယ္။ ေဘာလံုးဆံုးရံွဴးခ်ိန္မွာလည္း ေဘာလံုးျပန္ရဖို႔ ခပ္ျမန္ျမန္ ၾကိဳးစားႏုိင္ခဲ့ပါတယ္။ အဲ့တာကပဲ ပထမပိုင္းအတြက္ အေရးပါတဲ့ ေသာ့ခ်က္ျဖစ္ခဲ့ပါတယ္။

ဒါက ပံုမွန္ပါပဲ။ ျပိဳင္ဘက္ရဲ႕ အေျခအေနကို ရွာေဖြေလ့လာရျပီး ဘယ္ေနရာကေန တိုက္စစ္ဆင္ရမလဲ ရွာေဖြရပါတယ္။ ဒါေပမယ့္ အဲ့အခ်က္ေၾကာင့္တင္ တိုက္စစ္ကစားျခင္း မဟုတ္ဘဲ သူတို႔က ခံစစ္သမားေတြ ေျပာင္းလဲထားရတာေၾကာင့္ သူတို႔ကို ဖိအားမယ္ဆိုရင္ တိုက္စစ္သမားေတြကလည္း သူတို႔ရဲ႕ အရည္အခ်င္းေတြနဲ႔ တိုက္စစ္ကို အေကာင္းဆံုး မလိုက္ႏုိင္ေတာ့ဘူးဆိုတာကို တြက္ဆမိတာေၾကာင့္ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။