လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ တစ်ချိန်ကတော့ ကလပ်ထက်တောင် ပိုမို သြဇာကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့သေးတာပါ။

လီဗာပူးအသင်းဟာ ဝီလီယမ်၊ တိုနီခရုစ် အစရှိတဲ့ ကစားသမားတွေကို ကလပ်ထံ ပြောင်းလာဖို့အတွက် စည်းရုံးရေးမှာ သြဇာကြီးတဲ့ စတီဗင်ဂျရတ်ကိုယ်တောင် အားကိုးခဲ့ရပါသေးတယ်။ ဒီအကြောင်းတွေကို စတီဗင် ကိုယ်တိုင်က ထုတ်ဖော်ထားခဲ့တယ်။

စတီဗင်က ” ကလပ်မှာ တရားဝင် မဟုတ်ဘဲ ကျနော် ယူထားရတဲ့ တာဝန်ရှိပါတယ်။ ထိပ်တန်း ကစားသမားအချို့ကို လီဗာပူးထံ ပြောင်းလာဖို့ စည်းရုံးပေးရတဲ့ တာဝန်ပါ ” ဆိုတဲ့ အချက်ကို သူ့ရဲ့ ကိုယ်ရေးစာအုပ်မှာ ထည့်သွင်း ဖော်ပြခဲ့တယ်။

” နွေဈေးကွက်တိုင်းမှာ ကျနော်က တူညီတဲ့ ကြိုးစားမှုတွေ လုပ်ပေးရပါတယ်။ ကလပ်က ဘယ်ကစားသမားတွေက ကာလရှည် စောင့်ကြည့်နေတဲ့သူတွေဖြစ်တယ်ဆိုတာ ကျနော်ကို ပြောပြခဲ့ပြီး သူတို့နဲ့ ဆက်သွယ်စေပါတယ်။ ကျနော်ထံက ကမ်းလှမ်းမှုက ကစားသမားတွေကို လီဗာပူးကို ပြောင်းလာဖို့ ပိုမို စဉ်းစားစေမယ်လို့ ကလပ်ဘက်က ယူဆတာပါ။

၂၀၁၄ တုန်းက ကျနေ်ာတို့ရဲ့ ပစ်မှတ်ကတော့ အကောင်းမြင်တဲ့ သဘောထားရှိခဲ့ပါတယ်။ ဘရန်ဒန်က လီဗာပူးအတွက် လက်မှတ်ထိုးအောင် တိုနီခရုစ်ကို ကြိုးစားစည်းရုံးဖို့ ကျနော်ကို အကူအညီတောင်းခဲ့တယ်။ ဒီကိစ္စက ဖြစ်ဖို့ခက်တယ်လို့ ကျနော် ပြောတော့ သူ ပြုံးနေခဲ့တယ်။

ကျနေ်ာတို့ နှစ်ယောက်လုံး ခရုစ့်ကို အထင်ကြီးပါတယ်။ ဘိုင်ယန်ထံကနေ သူ့ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ကလည်း အရှိန်မြင့်နေတယ်ဆိုတာ ကျနော် သိခဲ့တယ်။ ဒီတော့ ခရုစ်ကို စာပိုခဲ့စဉ်က စိတ်ထဲမှာ အဆင်မပြေသလို ခံစားရတာပေါ့။

ဂျာမာန်သားက လက်ရွေးစင်အသင်းနဲ့ ကမ္ဘာဖလား အောင်မြင်ခဲ့တယ်။ ရီးရဲလ်က ဥရောပချန်ပီလေ။ ဒါပေမယ့် ဘုရားအလိုတော်ကျပါပဲ၊ ကြိုးစားကြည့်ခဲ့တယ်။

ကမ္ဘာအကောင်းဆုံး ဘောလုံးသမားအချို့က လေးစားဖို့ ကောင်းပါတယ်။ ခရုစ့်က ကျနော်ကို ငတုံးကြီးတစ်ယောက်လို ဖြစ်အောင် မတုန့်ပြန်ခဲ့ပါဘူး။ ဒါပေမယ့် သူ ရီးရဲလ်နဲ့ လက်မှတ်ထိုးတော့မယ်ဆိုတာကို ကောင်းကောင်းမွန်မွန် အကြောင်းပြန်ခဲ့တယ်။ ကျနော်ကလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့တာပေါ့ ” လို့ စတီဗင်က သူ့ရဲ့ စာအုပ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

တိုနီခရုစ်ဟာ ဘိုင်ယန်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းပြီးနောက်မှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ထိ အောင်မြင်ခဲ့ပြီဖြစ်သလို အဆိုပါ ဗိုလ်လုပွဲ ၃ ကြိမ်လုံးကိုလည်း ပါဝင်ကစားထားသူပဲ ဖြစ်ပပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္ဟာ တစ္ခ်ိန္ကေတာ့ ကလပ္ထက္ေတာင္ ပိုမို ၾသဇာၾကီးတဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့ေသးတာပါ။

လီဗာပူးအသင္းဟာ ဝီလီယမ္၊ တိုနီခရုစ္ အစရွိတဲ့ ကစားသမားေတြကို ကလပ္ထံ ေျပာင္းလာဖို႔အတြက္ စည္းရံုးေရးမွာ ၾသဇာၾကီးတဲ့ စတီဗင္ဂ်ရတ္ကိုယ္ေတာင္ အားကိုးခဲ့ရပါေသးတယ္။ ဒီအေၾကာင္းေတြကို စတီဗင္ ကိုယ္တိုင္က ထုတ္ေဖာ္ထားခဲ့တယ္။

စတီဗင္က ” ကလပ္မွာ တရားဝင္ မဟုတ္ဘဲ က်ေနာ္ ယူထားရတဲ့ တာဝန္ရွိပါတယ္။ ထိပ္တန္း ကစားသမားအခ်ိဳ႔ကို လီဗာပူးထံ ေျပာင္းလာဖို႔ စည္းရံုးေပးရတဲ့ တာဝန္ပါ ” ဆိုတဲ့ အခ်က္ကို သူ႔ရဲ႕ ကိုယ္ေရးစာအုပ္မွာ ထည့္သြင္း ေဖာ္ျပခဲ့တယ္။

” ေႏြေစ်းကြက္တိုင္းမွာ က်ေနာ္က တူညီတဲ့ ၾကိဳးစားမႈေတြ လုပ္ေပးရပါတယ္။ ကလပ္က ဘယ္ကစားသမားေတြက ကာလရွည္ ေစာင့္ၾကည့္ေနတဲ့သူေတြျဖစ္တယ္ဆိုတာ က်ေနာ္ကို ေျပာျပခဲ့ျပီး သူတို႔နဲ႔ ဆက္သြယ္ေစပါတယ္။ က်ေနာ္ထံက ကမ္းလွမ္းမႈက ကစားသမားေတြကို လီဗာပူးကို ေျပာင္းလာဖို႔ ပိုမို စဥ္းစားေစမယ္လို႔ ကလပ္ဘက္က ယူဆတာပါ။

၂၀၁၄ တုန္းက က်ေန္ာတို႔ရဲ႕ ပစ္မွတ္ကေတာ့ အေကာင္းျမင္တဲ့ သေဘာထားရွိခဲ့ပါတယ္။ ဘရန္ဒန္က လီဗာပူးအတြက္ လက္မွတ္ထိုးေအာင္ တိုနီခရုစ္ကို ၾကိဳးစားစည္းရံုးဖို႔ က်ေနာ္ကို အကူအညီေတာင္းခဲ့တယ္။ ဒီကိစၥက ျဖစ္ဖို႔ခက္တယ္လို႔ က်ေနာ္ ေျပာေတာ့ သူ ျပံဳးေနခဲ့တယ္။

က်ေန္ာတို႔ ႏွစ္ေယာက္လံုး ခရုစ့္ကို အထင္ၾကီးပါတယ္။ ဘိုင္ယန္ထံကေန သူ႔ကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္ကလည္း အရွိန္ျမင့္ေနတယ္ဆိုတာ က်ေနာ္ သိခဲ့တယ္။ ဒီေတာ့ ခရုစ္ကို စာပိုခဲ့စဥ္က စိတ္ထဲမွာ အဆင္မေျပသလို ခံစားရတာေပါ့့။

ဂ်ာမာန္သားက လက္ေရြးစင္အသင္းနဲ႔ ကမၻာဖလား ေအာင္ျမင္ခဲ့တယ္။ ရီးရဲလ္က ဥေရာပခ်န္ပီေလ။ ဒါေပမယ့္ ဘုရားအလိုေတာ္က်ပါပဲ၊ ၾကိဳးစားၾကည့္ခဲ့တယ္။

ကမၻာအေကာင္းဆံုး ေဘာလံုးသမားအခ်ိဳ႔က ေလးစားဖို႔ ေကာင္းပါတယ္။ ခရုစ့္က က်ေနာ္ကို ငတံုးၾကီးတစ္ေယာက္လို ျဖစ္ေအာင္ မတုန္႔ျပန္ခဲ့ပါဘူး။ ဒါေပမယ့္ သူ ရီးရဲလ္နဲ႔ လက္မွတ္ထိုးေတာ့မယ္ဆိုတာကို ေကာင္းေကာင္းမြန္မြန္ အေၾကာင္းျပန္ခဲ့တယ္။ က်ေနာ္ကလည္း ကံေကာင္းပါေစလို႔ ဆုေတာင္းေပးခဲ့တာေပါ့ ” လို႔ စတီဗင္က သူ႔ရဲ႕ စာအုပ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

တိုနီခရုစ္ဟာ ဘိုင္ယန္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းျပီးေနာက္မွာ ခ်န္ပီယံလိဂ္ဖလား ၃ ၾကိမ္ထိ ေအာင္ျမင္ခဲ့ျပီျဖစ္သလို အဆိုပါ ဗိုလ္လုပြဲ ၃ ၾကိမ္လံုးကိုလည္း ပါဝင္ကစားထားသူပဲ ျဖစ္ပပါတယ္။