လီဗာပူးအသင်းနဲ့ အနာဂတ် ကိစ္စတွေကို ပြောဖို့က စောသေးပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပွဲတွေ ပိုကစားခွင့်ဖြစ်ကြောင်း မီနာမီနိုက ထုတ်ပြောလာပါတယ်။

ဆဲလ်ဘတ်မှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့တဲ့ တိုက်စစ်သမားကို လီဗာပူးဘက်က ခေါ်ယူခဲ့ပေမယ့်လည်း ကစားသမားထံက လုံလောက်တဲ့ စွမ်းဆောင်ရည် ပြန်မရခဲ့ဘူး။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်အကြောင်းကို ပိုမို သင်ယူနိုင်ဖို့ ဆောက်သမ်တန်အသင်းထံ အငှားချပေးခဲ့တာဖြစ်တယ်။

မီနာမီနိုက “ ဘောလုံးသမားတစ်ယောက် အနေနဲ့ ပွဲတွေ ကစားရဖို့ကပဲ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်အတွက် ကစားနေရတာက ယုံကြည်မှုတွေ ပိုတိုးတက်လာစေတယ်။

ကျနော် ပိုပြီး ကစားခွင့် ရလိုပါတယ်။ ပိုကစားရတာက အသင်းအတွက် ပိုပြီး အကူအညီဖြစ်ပါတယ်။ အနိုင်ရဖို့ ပိုပြီး ကူညီနိုင်သလို ယုံကြည်မှုလည်း ပိုတိုးပွားလာပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာက ကျနော် ကလေးဘဝတည်းက မက်ခဲ့ရတဲ့ အိပ်မက်ဖြစ်ပါတယ်။ အခု ပရီးမီးယားလိဂ်မှာ ကစားခွင့်ရနေတာအတွက်လည်း သိပ်ကို ပျော်ရွှင်ပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ်မှာ ၅၂၈ မိနစ်ပဲ ကစားခွင့်ရခဲ့တဲ့ မီနာမီနိုဟာ ဆောက်သမ်တန်မှာတော့ ၄၁၂ မိနစ်ထိ ကစားခွင့်ရထားပါပြီ။ ဒါပေမယ့် သူက စိန့်မှာလည်း ဟက်ဆန်ဟက်ရဲ့ ဦးစားပေး ကစားသမားအဖြစ် သက်မှတ်ခြင်းကို မခံရသေးပါဘူး။

ဂျပန်တိုက်စစ်သမားက ပြောရာမှာ “ မန်နေဂျာက ဘယ်လို ကစားစေချင်လဲဆိုတာကို ကျနော် နားလည်တယ်။ ဒါပေမယ့် ကျနော်ကလည်း သင်ယူနေရဆဲပါ။ ဖြစ်နိုင်သလောက်တော့ အသင်းကို သွင်းဂိုးတွေ၊ ဂိုးထောက်ပံ့မှုတွေဖြင့် အကူအညီ ပေးလိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မီနာမီနိုဟာ အင်္ဂလန်မှာ အသားကျလာဖို့ သင်ယူနေရဆဲပါ။ မာဆေးဆိုဒ်ဘက်ကလည်း သူ့ကို နွေမှာ ရောင်းထုတ်ဖို့ ယတိပြတ် ဆုံးဖြတ်ထားခြင်းတော့ မရှိသေးဘဲ ဆောက်သမ်တန်ကို ရာသီကုန်မှာ ခေါ်ယူခွင့် မပါဝင်ပါဘဲ အငှားချထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ အနာဂတ္ ကိစၥေတြကို ေျပာဖို႔က ေစာေသးေပမယ့္ သူ႔ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ပြဲေတြ ပိုကစားခြင့္ျဖစ္ေၾကာင္း မီနာမီႏိုက ထုတ္ေျပာလာပါတယ္။

ဆဲလ္ဘတ္မွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသခဲ့တဲ့ တိုက္စစ္သမားကို လီဗာပူးဘက္က ေခၚယူခဲ့ေပမယ့္လည္း ကစားသမားထံက လံုေလာက္တဲ့ စြမ္းေဆာင္ရည္ ျပန္မရခဲ့ဘူး။ ဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္အေၾကာင္းကို ပိုမို သင္ယူႏိုင္ဖို႔ ေဆာက္သမ္တန္အသင္းထံ အငွားခ်ေပးခဲ့တာျဖစ္တယ္။

မီနာမီႏိုက “ ေဘာလံုးသမားတစ္ေယာက္ အေနနဲ႔ ပြဲေတြ ကစားရဖို႔ကပဲ အေရးၾကီးဆံုး ျဖစ္ပါတယ္။ ကစားသမားတစ္ေယာက္အတြက္ ကစားေနရတာက ယံုၾကည္မႈေတြ ပိုတိုးတက္လာေစတယ္။

က်ေနာ္ ပိုျပီး ကစားခြင့္ ရလိုပါတယ္။ ပိုကစားရတာက အသင္းအတြက္ ပိုျပီး အကူအညီျဖစ္ပါတယ္။ အႏုိင္ရဖို႔ ပိုျပီး ကူညီႏိုင္သလို ယံုၾကည္မႈလည္း ပိုတိုးပြားလာပါတယ္။ ပရီးမီးယားလိဂ္မွာ ကစားဖို႔ဆိုတာက က်ေနာ္ ကေလးဘဝတည္းက မက္ခဲ့ရတဲ့ အိပ္မက္ျဖစ္ပါတယ္။ အခု ပရီးမီးယားလိဂ္မွာ ကစားခြင့္ရေနတာအတြက္လည္း သိပ္ကို ေပ်ာ္ရႊင္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ္မွာ ၅၂၈ မိနစ္ပဲ ကစားခြင့္ရခဲ့တဲ့ မီနာမီႏိုဟာ ေဆာက္သမ္တန္မွာေတာ့ ၄၁၂ မိနစ္ထိ ကစားခြင့္ရထားပါျပီ။ ဒါေပမယ့္ သူက စိန္႔မွာလည္း ဟက္ဆန္ဟက္ရဲ႕ ဦးစားေပး ကစားသမားအျဖစ္ သက္မွတ္ျခင္းကို မခံရေသးပါဘူး။

ဂ်ပန္တိုက္စစ္သမားက ေျပာရာမွာ “ မန္ေနဂ်ာက ဘယ္လို ကစားေစခ်င္လဲဆိုတာကို က်ေနာ္ နားလည္တယ္။ ဒါေပမယ့္ က်ေနာ္ကလည္း သင္ယူေနရဆဲပါ။ ျဖစ္ႏိုင္သေလာက္ေတာ့ အသင္းကို သြင္းဂိုးေတြ၊ ဂိုးေထာက္ပံ့မႈေတြျဖင့္ အကူအညီ ေပးလိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မီနာမီႏိုဟာ အဂၤလန္မွာ အသားက်လာဖို႔ သင္ယူေနရဆဲပါ။ မာေဆးဆိုဒ္ဘက္ကလည္း သူ႔ကို ေႏြမွာ ေရာင္းထုတ္ဖို႔ ယတိျပတ္ ဆံုးျဖတ္ထားျခင္းေတာ့ မရွိေသးဘဲ ေဆာက္သမ္တန္ကို ရာသီကုန္မွာ ေခၚယူခြင့္ မပါဝင္ပါဘဲ အငွားခ်ထားခဲ့ျခင္းပဲ ျဖစ္ပါတယ္။