ဘောလုံးသမားတွေအတွက် ချန်ပီယံလိဂ်ဖလား အောင်မြင်ရေးဟာ အရေးကြီးလှတဲ့ အိပ်မက်ဖြစ်ပြီး အဆိုပါ အောင်မြင်မှုကပဲ စတီဗင်ကို လီဗာပူးမှာ ဆက်ထိန်းလို့ ရစေခဲ့တယ်လို့ ကာရေဂါက ပြောပြပါတယ်။

၂၀၀၅ ဝန်းကျင်မှာ ချယ်ဆီးအသင်း မန်နေဂျာ မော်ရင်ညိုဟာ လီဗာပူးကွင်းလယ်လူ စတီဗင်ဂျရတ်ကို ခေါ်ယူနိုင်ဖို့ အရမ်းကို ကြိုးစားခဲ့တာပါ။ ထိုစဉ်က လမ်းပတ်နဲ့ တွဲဘက်ပေးဖို့ ချယ်ဆီးဘက်က ကမ်းလှမ်းခဲ့သလို စတီဗင် ကိုယ်တိုင်ကလည်း လန်ဒန်ကလပ်ကို ထွက်ခွာဖို့ စိတ်ကူးခဲ့တာကြောင့် လီဗာပူးပရိသတ်တွေကြား အတော်လေးကို ပွက်လောညံခဲ့တယ်။

ဒါပေမယ့်လို့ ၂၀၀၅ မှာ လီဗာပူးအသင်းရဲ့ သမိုင်းဝင် ချန်ပီယံလိဂ် အောင်မြင်မှု ပေါ်ပေါက်ခဲ့တဲ့နောက် စတီဗင်ဟာ မာဆေးဆိုဒ်မှာ ဆက်နေဖို့ကို ရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စတီဗင်ဟာ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို လီဗာပူးနှင့်အတူ ဆက်လက် အောင်မြင်ခဲ့ပေမယ့် သူအလိုချင်ဆုံး ပရီးမီးယားလိဂ်ဖလားတော့ မရခဲ့ပါဘူး။

ကလပ်အသင်းဖော်ဟောင်း ကာရေဂါက “ အဲ့တုန်းက စတီဗင်က ၂၄ နှစ်ပဲ ရှိပါသေးတယ်။ ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့သလို သူက ကမ္ဘာအကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားလည်း ဖြစ်ပါတယ်။ ချယ်ဆီးက သူ့ကို အရမ်းလိုချင်ပေမယ့် ချန်ပီယံလိဂ် သွင်းဂိုးကပဲ အရာအားလုံးကို ပြောင်းလဲစေခဲ့တာပါ။

ချန်ပီယံလိဂ်ဖလား အနိုင်ရတာက စတီဗင်ကို လီဗာပူးအသင်းမှာ ဆက်ပြီး ထိန်းထားနိုင်စေခဲ့တယ်။ အဲ့ဖလားကပဲ ကျနေ်ာတို့က အမြင့်ဆုံး အဆင့်တွေကို အောင်မြင်နိုင်တယ်ဆိုတာ ပြသခဲ့တာပါ။ ယုံကြည်ဖို့ရာ ခက်ခဲခဲ့ပေမယ့် စတီဗင်ရဲ့ သွင်းဂိုးက သမိုင်းတစ်ခုလုံးကို ခြားနားသွားစေခဲ့တာပဲ ဖြစ်ပါတယ် ” လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးသမားေတြအတြက္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ေရးဟာ အေရးၾကီးလွတဲ့ အိပ္မက္ျဖစ္ျပီး အဆိုပါ ေအာင္ျမင္မႈကပဲ စတီဗင္ကို လီဗာပူးမွာ ဆက္ထိန္းလို႔ ရေစခဲ့တယ္လို႔ ကာေရဂါက ေျပာျပပါတယ္။

၂၀၀၅ ဝန္းက်င္မွာ ခ်ယ္ဆီးအသင္း မန္ေနဂ်ာ ေမာ္ရင္ညိဳဟာ လီဗာပူးကြင္းလယ္လူ စတီဗင္ဂ်ရတ္ကို ေခၚယူႏုိင္ဖို႔ အရမ္းကို ၾကိဳးစားခဲ့တာပါ။ ထိုစဥ္က လမ္းပတ္နဲ႔ တြဲဘက္ေပးဖို႔ ခ်ယ္ဆီးဘက္က ကမ္းလွမ္းခဲ့သလို စတီဗင္ ကိုယ္တိုင္ကလည္း လန္ဒန္ကလပ္ကို ထြက္ခြာဖို႔ စိတ္ကူးခဲ့တာေၾကာင့္ လီဗာပူးပရိသတ္ေတြၾကား အေတာ္ေလးကို ပြက္ေလာညံခဲ့တယ္။

ဒါေပမယ့္လို႔ ၂၀၀၅ မွာ လီဗာပူးအသင္းရဲ႕ သမိုင္းဝင္ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ ေပၚေပါက္ခဲ့တဲ့ေနာက္ စတီဗင္ဟာ မာေဆးဆိုဒ္မွာ ဆက္ေနဖို႔ကို ေရြးခ်ယ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ စတီဗင္ဟာ အက္ဖ္ေအဖလား၊ လိဂ္ဖလားတို႔ကို လီဗာပူးႏွင့္အတူ ဆက္လက္ ေအာင္ျမင္ခဲ့ေပမယ့္ သူအလိုခ်င္ဆံုး ပရီးမီးယားလိဂ္ဖလားေတာ့ မရခဲ့ပါဘူး။

ကလပ္အသင္းေဖာ္ေဟာင္း ကာေရဂါက “ အဲ့တုန္းက စတီဗင္က ၂၄ ႏွစ္ပဲ ရွိပါေသးတယ္။ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရခဲ့သလို သူက ကမၻာအေကာင္းဆံုး ကြင္းလယ္တိုက္စစ္သမားလည္း ျဖစ္ပါတယ္။ ခ်ယ္ဆီးက သူ႔ကို အရမ္းလိုခ်င္ေပမယ့္ ခ်န္ပီယံလိဂ္ သြင္းဂိုးကပဲ အရာအားလံုးကို ေျပာင္းလဲေစခဲ့တာပါ။

ခ်န္ပီယံလိဂ္ဖလား အႏုိင္ရတာက စတီဗင္ကို လီဗာပူးအသင္းမွာ ဆက္ျပီး ထိန္းထားႏုိင္ေစခဲ့တယ္။ အဲ့ဖလားကပဲ က်ေန္ာတို႔က အျမင့္ဆံုး အဆင့္ေတြကို ေအာင္ျမင္ႏုိင္တယ္ဆိုတာ ျပသခဲ့တာပါ။ ယံုၾကည္ဖို႔ရာ ခက္ခဲခဲ့ေပမယ့္ စတီဗင္ရဲ႕ သြင္းဂိုးက သမိုင္းတစ္ခုလံုးကို ျခားနားသြားေစခဲ့တာပဲ ျဖစ္ပါတယ္ ” လို႔ ထုတ္ေျပာသြားခဲ့တာျဖစ္ပါတယ္။