လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်မှု ပြုလုပ်မယ်လို့ ယူဆမှုတွေ ထွက်ပေါ်နေသလို နယ်သာလန်သား နှစ်ဦးဖြင့်လည်း သတင်းကြီးတွေ ရှိလာပါတယ်။

နယ်သာလန်ကလပ် အယ်ခမာအသင်းကွင်းလယ်လူ Koopmeiners ဟာ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ လီဗာပူးအသင်း စောင့်ကြည့်နေသူတွေထဲ ပါဝင်ကြောင်း သတင်းကြားထားရတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် ယူရို သန်း ၂၀ တင် ကုန်ကျမယ့် အနေအထားကို လီဗာပူးဘက်က စိတ်ဝင်စားနေပါတယ်။

ခံစစ်အားသန် ကွင်းလယ်လူနေရာက ကစားပေမယ့်လည်း Koopmeiners ဟာ ဂိုးသွင်းအား ကောင်းမွန်သူပါ။ သူဟာ ဒီရာသီမှာ သွင်းဂိုး ၁၅ ဂိုးထိ ရယူထားပြီး အရပ်အမောင်းလည်း ကောင်းသူဖြစ်တယ်။ သူက အယ်ခမာနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိတာကြောင့် လီဗာပူးဘက်က ပြောင်းရွှေ့ကြေး အများကြီး ပေးရဖို့ မရှိတာ ဖြစ်ပါတယ်။

လီဗာပူးဘက်က စောင့်ကြည့်နေတဲ့ နောက်ထပ် ကွင်းလယ်လူက အေဂျက်အသင်းနဲ့အတူ တောက်ပလာတဲ့ ရိုင်ယန် ဂရာဗန်ဘက်ချ်ပဲဖြစ်တယ်။ အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူကလည်း အေဂျက်နဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိပေမယ့် သူ့ရဲ့ အေးဂျင့်က ရိုင်အိုလာဖြစ်ပါတယ်။ ဂရာဗန်ဘက်ချ်အတွက် အေဂျက်ဘက်က ယူရို ၃၅ သန်း တောင်းခံမှာဖြစ်သလို ရိုင်အိုလာအတွက် အေးဂျင့်ခကလည်း အတော်လေး ပေးရဖွယ်ရှိပါတယ်။

လီဗာပူး အပြောင်းအရွှေ့ ခေါ်ယူရေး တာဝန်ရှိသူတွေ စောင့်ကြည့်နေသူတွေထဲမှာ တူညီတဲ့ အချက်ကတော့ ကွင်းလယ်နံပါတ် ၈ နေရာနဲ့ ကွင်းလယ်ခံစစ်နေရာ နှစ်နေရာကို အားပြုကစားတဲ့သူမျိုးဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ကောင်တာနဲ့ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ နည်းစနစ်မျိုး အခြေခံကောင်း ရှိသူတွေကို အဓိက စောင့်ကြည့်နေတယ်လို့ မှတ်ချက်ပေးမှုတွေ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ ကြင္းလယ္ပိုင္းအတြက္ အင္အားျဖည့္မႈ ျပဳလုပ္မယ္လို႔ ယူဆမႈေတြ ထြက္ေပၚေနသလို နယ္သာလန္သား ႏွစ္ဦးျဖင့္လည္း သတင္းၾကီးေတြ ရွိလာပါတယ္။

နယ္သာလန္ကလပ္ အယ္ခမာအသင္းကြင္းလယ္လူ Koopmeiners ဟာ ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ လီဗာပူးအသင္း ေစာင့္ၾကည့္ေနသူေတြထဲ ပါဝင္ေၾကာင္း သတင္းၾကားထားရတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ယူရို သန္း ၂၀ တင္ ကုန္က်မယ့္ အေနအထားကို လီဗာပူးဘက္က စိတ္ဝင္စားေနပါတယ္။

ခံစစ္အားသန္ ကြင္းလယ္လူေနရာက ကစားေပမယ့္လည္း Koopmeiners ဟာ ဂိုးသြင္းအား ေကာင္းမြန္သူပါ။ သူဟာ ဒီရာသီမွာ သြင္းဂိုး ၁၅ ဂိုးထိ ရယူထားျပီး အရပ္အေမာင္းလည္း ေကာင္းသူျဖစ္တယ္။ သူက အယ္ခမာနဲ႔ ၂၀၂၃ ခုနွစ္ထိပဲ စာခ်ဳပ္ရွိတာေၾကာင့္ လီဗာပူးဘက္က ေျပာင္းေရႊ႔ေၾကး အမ်ားၾကီး ေပးရဖို႔ မရွိတာ ျဖစ္ပါတယ္။

လီဗာပူးဘက္က ေစာင့္ၾကည့္ေနတဲ့ ေနာက္ထပ္ ကြင္းလယ္လူက ေအဂ်က္အသင္းနဲ႔အတူ ေတာက္ပလာတဲ့ ရိုင္ယန္ ဂရာဗန္ဘက္ခ်္ပဲျဖစ္တယ္။ အသက္ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ ကြင္းလယ္လူကလည္း ေအဂ်က္နဲ႔ ၂၀၂၃ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိေပမယ့္ သူ႔ရဲ႕ ေအးဂ်င့္က ရိုင္အိုလာျဖစ္ပါတယ္။ ဂရာဗန္ဘက္ခ်္အတြက္ ေအဂ်က္ဘက္က ယူရို ၃၅ သန္း ေတာင္းခံမွာျဖစ္သလို ရိုင္အိုလာအတြက္ ေအးဂ်င့္ခကလည္း အေတာ္ေလး ေပးရဖြယ္ရွိပါတယ္။

လီဗာပူး အေျပာင္းအေရႊ႔ ေခၚယူေရး တာဝန္ရွိသူေတြ ေစာင့္ၾကည့္ေနသူေတြထဲမွာ တူညီတဲ့ အခ်က္ကေတာ့ ကြင္းလယ္နံပါတ္ ၈ ေနရာနဲ႔ ကြင္းလယ္ခံစစ္ေနရာ ႏွစ္ေနရာကို အားျပဳကစားတဲ့သူမ်ိဳးျဖစ္တယ္။ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္ျပီး ေကာင္တာနဲ႔ ေဘာလံုးပိုင္ဆိုင္မႈကို အေျခခံတဲ့ နည္းစနစ္မ်ိဳး အေျခခံေကာင္း ရွိသူေတြကို အဓိက ေစာင့္ၾကည့္ေနတယ္လို႔ မွတ္ခ်က္ေပးမႈေတြ ရွိေနပါတယ္။