လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် ကိုဟမ်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးဆင်းနေကြတဲ့ ချယ်ဆီး အသင်းထံ အပြာရောင် တပ်သားသစ်ဖြစ်လာမယ့် ပူလာဆစ် လာရောက်ကာ လေ့လာကြည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး အိုလီဗာ ဂျီရူးဟာ လန်ဒန်ကလပ်နဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ ပြင်သစ်သားဟာ ၂၀၁၈ ဇန်န၀ါရီ အာဆင်နယ်မှ ပြောင်းရွှေ့လာတည်းက ချယ်ဆီးအတွက် ၆၂ ပွဲ ကစား ၁၇ ဂိုး သွင်းယူ ပေးထားပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြဆာရီ ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့လိုပါက နစ်နာကြေး ပေါင် ၅ သန်း အလျော်ပေးပါက ဆာရီကို တားဆီးမှာ မဟုတ်ဘဲ ထွက်ခွာခွင့်ပေးမယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံထားရလို့ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသည့်တိုင် FFP ဘဏ္ဍာရေးစည်းမျဉ်းများနဲ့ ကိုက်ညီမှု ရှိဖို့ အသင်းတိုက်စစ်သမား ဟာဇက်ကို ရီးရဲလ်ထံ ရောင်းချရဖို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းထံမှ လျော်ကြေး ရလိုတာကြောင့် တရားရင်ဆိုင်ထားခဲ့တဲ့ နည်းပြဟောင်း ကွန်တီဟာ အမှုမှာ အနိုင်ရခဲ့ပြီ ဖြစ်ပြီး ၄င်းရဲ့ နောက်ဆုံးနှစ် လစာ ပေါင် ၉ သန်းကို ချယ်ဆီးက အပြည့်အ၀ပေးချေဖို့ အပြီးသတ် အမိန့်ချခဲ့ပါတယ်။

ဒါဘီနည်းပြ လမ်းပတ်က ချယ်ဆီးအသင်းဖော်ဟောင်း ဂယ်ရီ ကာဟေးလ်နဲ့ ပြန်လည် ပူးပေါင်းလိုနေပါတယ်။ ၀ါရင့်ခံစစ်မှူးကြီးဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ စတန်းဖို့ဘရစ်ခ်ျက ထွက်ခွာလာတော့မှာ ဖြစ်လို့ လမ်းပတ်က ဒါဘီအသင်းထံ ခေါ်ယူလိုနေပါတယ်။