ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အနိုင်သုံးမှတ်ရဖို့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။

ပထမအကျော့ တွေ့ဆုံစဉ်က စံချိန်တင် ရံှူးပွဲ ကြုံတွေ့ထားသလို အိမ်ကွင်းရလဒ်လည်း ဆိုးရွားနေတဲ့ လီဗာပူးအတွက် ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ အတော်လေး အရေးပါမှာဖြစ်ပါတယ်။

လော်ရိုးက ” ဒီရာသီ အစောပိုင်းမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ခဲ့တုန်းက ဒီတစ်ကြိမ်ဟာ လီဗာပူးနည်းလမ်းအတိုင်း သွားနိုင်တော့မှာ မဟုတ်ဘူးဆိုတာရဲ့ ပထမဆုံး လက္ခဏာကို မြင်ခဲ့ရပါတယ်။

လီဗာပူးက ပထမ ဦးစားပေး ခံစစ်အတွဲဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ဖြင့် တွဲပြီး ပွဲထွက်ခဲ့ပေမယ့်လည်း ဗီလာပက်ခ်မှာ ၇-၂ ဆိုတဲ့ ရလဒ်ဖြင့် အရေးနိမ့်ခဲ့တယ်။ အဲ့ရလဒ်က ယာဂင်ရဲ့ လူစာရင်းအတွက် မေ့လျော့ဖို့ ခက်ခဲတဲ့ နေ့တစ်နေ့လည်း ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးက ဒီရာသီ အိမ်ကွင်းရလဒ် ပက်ပက်စက်စက်ဆိုးမယ်လို့ တစ်ယောက်ယောက်က ကြိုပြောခဲ့မယ်ဆိုရင် ယုံမိမှာကို မဟုတ်ပါဘူး။

ဒီတော့ စနေနေ့ အန်ဖီးပွဲမှာ အနိုင်သုံးမှတ် ရယူနိုင်မယ်ဆိုရင် ယာဂင်အတွက် တကယ်ကို ကြီးမားတဲ့ ရလဒ်ဖြစ်လာမယ်။ ဒီဇင်ဘာလ ၁၆ ရက်နောက်ပိုင်း အိမ်ကွင်း ၈ ပွဲမှာ သူတို့ မလုပ်ထားနိုင်တာကို လုပ်ပြနိုင်တာလည်း ဖြစ်လာပါမယ်။

အိမ်ကွင်း အနိုင်ရလဒ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ပွဲအတွက် ခွန်အားလည်းဖြစ်စေမယ်။ ဒါပေမယ့် အရေးကြီးဆုံးသော အချက်က သူတို့ကို ထိပ်ဆုံး ၄ သင်း ဝင်ခွင့်ထဲမှာ ဆက်ရှိနေစေဖို့ အရေးပါလာပါလိမ့်မယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ အက်စတွန်ဗီလာပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးပါတဲ့ အႏုိင္သံုးမွတ္ရဖို႔ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံရပါမယ္။

ပထမအေက်ာ့ ေတြ႔ဆံုစဥ္က စံခ်ိန္တင္ ရံွဴးပြဲ ၾကံဳေတြ႔ထားသလို အိမ္ကြင္းရလဒ္လည္း ဆိုးရြားေနတဲ့ လီဗာပူးအတြက္ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈဟာ အေတာ္ေလး အေရးပါမွာျဖစ္ပါတယ္။

ေလာ္ရိုးက ” ဒီရာသီ အေစာပိုင္းမွာ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔ခဲ့တုန္းက ဒီတစ္ၾကိမ္ဟာ လီဗာပူးနည္းလမ္းအတိုင္း သြားႏုိင္ေတာ့မွာ မဟုတ္ဘူးဆိုတာရဲ႕ ပထမဆံုး လကၡဏာကို ျမင္ခဲ့ရပါတယ္။

လီဗာပူးက ပထမ ဦးစားေပး ခံစစ္အတြဲျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ျဖင့္ တြဲျပီး ပြဲထြက္ခဲ့ေပမယ့္လည္း ဗီလာပက္ခ္မွာ ၇-၂ ဆိုတဲ့ ရလဒ္ျဖင့္ အေရးနိမ့္ခဲ့တယ္။ အဲ့ရလဒ္က ယာဂင္ရဲ႕ လူစာရင္းအတြက္ ေမ့ေလ်ာ့ဖို႔ ခက္ခဲတဲ့ ေန႔တစ္ေန႔လည္း ျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္ လီဗာပူးက ဒီရာသီ အိမ္ကြင္းရလဒ္ ပက္ပက္စက္စက္ဆိုးမယ္လို႔ တစ္ေယာက္ေယာက္က ၾကိဳေျပာခဲ့မယ္ဆိုရင္ ယံုမိမွာကို မဟုတ္ပါဘူး။

ဒီေတာ့ စေနေန႔ အန္ဖီးပြဲမွာ အႏုိင္သံုးမွတ္ ရယူႏုိင္မယ္ဆိုရင္ ယာဂင္အတြက္ တကယ္ကို ၾကီးမားတဲ့ ရလဒ္ျဖစ္လာမယ္။ ဒီဇင္ဘာလ ၁၆ ရက္ေနာက္ပိုင္း အိမ္ကြင္း ၈ ပြဲမွာ သူတို႔ မလုပ္ထားႏုိင္တာကို လုပ္ျပႏုိင္တာလည္း ျဖစ္လာပါမယ္။

အိမ္ကြင္း အႏုိင္ရလဒ္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့အျဖစ္ ယွဥ္ျပိဳင္ရမယ့္ ရီးရဲလ္မက္ဒရစ္ပြဲအတြက္ ခြန္အားလည္းျဖစ္ေစမယ္။ ဒါေပမယ့္ အေရးၾကီးဆံုးေသာ အခ်က္က သူတို႔ကို ထိပ္ဆံုး ၄ သင္း ဝင္ခြင့္ထဲမွာ ဆက္ရွိေနေစဖို႔ အေရးပါလာပါလိမ့္မယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ အက္စတြန္ဗီလာပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။