ထရန့် အလက်ဇန္ဒား-အာနိုးရဲ့ စွမ်းဆောင်ရည် ကျဆင်းမှု ထင်သာမြင်သာဖြစ်လာရခြင်းက အသင်းခေါင်းဆောင် ဟန်ဒါဆန် ကွင်းလယ်မှာ မကစားနိုင်ရခြင်းက အဓိကကျတယ်လို့ မာဆေးဆိုဒ် သတင်းဌာနက သုံးသပ်သွားပါတယ်။

ထရန့်ဟာ တိုက်စစ်ပိုင်းကို အားသန်လွန်းသူဖြစ်ပြီး ခံစစ်ပိုင်း ကာကွယ်ဖို့ အမြဲတမ်း ပျက်ကွက်ခဲ့သူပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ခံစစ်ပိုင်း အားနည်းချက်တွေ ယခင်ရာသီတွေက မပေါ်လွင်ခဲ့တာဟာ ညာခြမ်း ကွင်းလယ်လူ ဟန်ဒါဆန်ရဲ့ ခံစစ်ပိုင်း အားဖြည့်ပေးမှုကြောင့်ပဲ ဖြစ်တယ်။

ဟန်ဒါဆန်က ထရန့်ကြောင့် ဟာသွားတဲ့ ညာခြမ်း နေရာလွတ်တွေကို ဖြည့်ကစားပေးတာနဲ့ ဝိုက်နယ်ဒမ်က ဘယ်ခြမ်းမှာ ဖြည့်ကစားပေးတာတွေက ထူးဆန်းတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါကပဲ လီဗာပူးကွင်းလယ် သုံးယောက်တန်းက လှုပ်အားနဲ့ ရုပ်ပိုင်းဆိုင်ရာကို အားပြုပြီး အစွန်သမား နှစ်ဦးက ဂိုးထောက်ပံ့မှုတွေ လုပ်ပေးနိုင်တဲ့ အကြောင်းရင်းဖြစ်တယ်။

ယခင်ရာသီတွေတုန်းကဆိုရင် လီဗာပူးတိုက်စစ်က ၅ ယောက်တန်း တိုက်စစ်လို့တောင် တင်စားကြပြီး ရော်ဘတ်ဆန်နဲ့ ထရန့်ဟာ တိုက်စစ်ကို အတော်လေး အားဖြည့်နိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဟန်ဒါဆန်ကို ခံစစ်နေရာ သုံးရတာ၊ ဒဏ်ရာကြောင့် အနားယူရတာ စတဲ့ အကြောင်းတွေကနေ ထရန့်ရဲ့ ခံစစ်အားနည်းချက်က ဖြည့်ကစားပေးမယ့်သူမရှိတဲ့ ဟာကွက်တစ်ခု ဖြစ်လာနေခဲ့တယ်။

ထရန့်ကို ဖြည့်ကစားပေးတဲ့ သူက ဟန်ဒါဆန် တစ်ဦးတည်းသော မဟုတ်ပါဘူး။ လျှင်မြန်တဲ့ အရှိန်ဖြင့် ကစားနိုင်စွမ်းရှိတဲ့ ဂိုးမက်စ်ကလည်း ညာခြမ်ကို ဝင်ကူပေးလေ့ရှိတယ်။ ဂိုးမက်စ်နောက်ပိုင်း ခံစစ်မှူးတွေက အရှိန်ပိုင်းမှာတော့ အားနည်းချက်တွေရှိပြီး ဒါကလည်း ထရန့်ရဲ့ ခံစစ် အားနည်းမှုကို ပိုမို မြင်သာလာစေပါတယ်။

ခံစစ်ပိုင်း လိုအပ်ချက်ကို မေ့လိုက်မယ်ဆိုရင် ထရန့်က အကောင်းဆုံး ညာအစွန်လူ ဖြစ်နေဆဲပါ။ သူ့ရဲ့ ဖြတ်တင်ဘောတွေ ဘောလုံးပေးမှုတွေက လီဗာပူးကစားကွက်အပေါ် သက်ရောက်မှု ကြီးမားနေဆဲဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားဟောင်း ဂျိုးကိုးကတော့ “ ထရန့်က ဟန်ဒါဆန်ကို အတော်လေး လိုအပ်ပါတယ်။ ဟန်ဒါဆန်က ထရန့်ရဲ့ အားနည်းချက်တွေကို အတော်လေး ဖြည့်ပေးနိုင်စွမ်းရှိသူပါ။ အဲ့တာကြောင့်ပဲ ထရန့်က ကောင်းကောင်းကြီး တိုက်စစ်လိုက်လို့ ရခဲ့တာဖြစ်တယ်။

အခုတော့ ထရန့်က တိုက်စစ်ကို လိုက်ရမလား၊ မလိုက်ရဘူးလားဆိုပြီး စိုးကြောက်နေပါတယ်။ အဲ့စိတ်ကပဲ သူ့ရဲ့ နေရာကို သက်သောင့်သက်သာမဖြစ်စေဘဲ အခက်တွေ့လာစေတာပါ ” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ZAWGYI

ထရန္႔ အလက္ဇႏၵား-အာႏိုးရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းမႈ ထင္သာျမင္သာျဖစ္လာရျခင္းက အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ကြင္းလယ္မွာ မကစားႏုိင္ရျခင္းက အဓိကက်တယ္လို႔ မာေဆးဆိုဒ္ သတင္းဌာနက သံုးသပ္သြားပါတယ္။

ထရန္႔ဟာ တိုက္စစ္ပိုင္းကို အားသန္လြန္းသူျဖစ္ျပီး ခံစစ္ပိုင္း ကာကြယ္ဖို႔ အျမဲတမ္း ပ်က္ကြက္ခဲ့သူပါ။ ဒါေပမယ့္လို႔ သူ႔ရဲ႕ ခံစစ္ပိုင္း အားနည္းခ်က္ေတြ ယခင္ရာသီေတြက မေပၚလြင္ခဲ့တာဟာ ညာျခမ္း ကြင္းလယ္လူ ဟန္ဒါဆန္ရဲ႕ ခံစစ္ပိုင္း အားျဖည့္ေပးမႈေၾကာင့္ပဲ ျဖစ္တယ္။

ဟန္ဒါဆန္က ထရန္႔ေၾကာင့္ ဟာသြားတဲ့ ညာျခမ္း ေနရာလြတ္ေတြကို ျဖည့္ကစားေပးတာနဲ႔ ဝိုက္နယ္ဒမ္က ဘယ္ျခမ္းမွာ ျဖည့္ကစားေပးတာေတြက ထူးဆန္းတဲ့ ကိစၥလည္း မဟုတ္ပါဘူး။ ဒါကပဲ လီဗာပူးကြင္းလယ္ သံုးေယာက္တန္းက လႈပ္အားနဲ႔ ရုပ္ပိုင္းဆိုင္ရာကို အားျပဳျပီး အစြန္သမား ႏွစ္ဦးက ဂိုးေထာက္ပံ့မႈေတြ လုပ္ေပးႏုိင္တဲ့ အေၾကာင္းရင္းျဖစ္တယ္။

ယခင္ရာသီေတြတုန္းကဆိုရင္ လီဗာပူးတိုက္စစ္က ၅ ေယာက္တန္း တိုက္စစ္လို႔ေတာင္ တင္စားၾကျပီး ေရာ္ဘတ္ဆန္နဲ႔ ထရန္႔ဟာ တိုက္စစ္ကို အေတာ္ေလး အားျဖည့္ႏုိင္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာ ဟန္ဒါဆန္ကို ခံစစ္ေနရာ သံုးရတာ၊ ဒဏ္ရာေၾကာင့္ အနားယူရတာ စတဲ့ အေၾကာင္းေတြကေန ထရန္႔ရဲ႕ ခံစစ္အားနည္းခ်က္က ျဖည့္ကစားေပးမယ့္သူမရွိတဲ့ ဟာကြက္တစ္ခု ျဖစ္လာေနခဲ့တယ္။

ထရန္႔ကို ျဖည့္ကစားေပးတဲ့ သူက ဟန္ဒါဆန္ တစ္ဦးတည္းေသာ မဟုတ္ပါဘူး။ လွ်င္ျမန္တဲ့ အရွိန္ျဖင့္ ကစားႏိုင္စြမ္းရွိတဲ့ ဂိုးမက္စ္ကလည္း ညာျခမ္ကို ဝင္ကူေပးေလ့ရွိတယ္။ ဂိုးမက္စ္ေနာက္ပိုင္း ခံစစ္မွဴးေတြက အရွိန္ပိုင္းမွာေတာ့ အားနည္းခ်က္ေတြရွိျပီး ဒါကလည္း ထရန္႔ရဲ႕ ခံစစ္ အားနည္းမႈကို ပိုမို ျမင္သာလာေစပါတယ္။

ခံစစ္ပိုင္း လိုအပ္ခ်က္ကို ေမ့လိုက္မယ္ဆိုရင္ ထရန္႔က အေကာင္းဆံုး ညာအစြန္လူ ျဖစ္ေနဆဲပါ။ သူ႔ရဲ႕ ျဖတ္တင္ေဘာေတြ ေဘာလံုးေပးမႈေတြက လီဗာပူးကစားကြက္အေပၚ သက္ေရာက္မႈ ၾကီးမားေနဆဲျဖစ္ပါတယ္။

အဂၤလန္ကစားသမားေဟာင္း ဂ်ိဳးကိုးကေတာ့ “ ထရန္႔က ဟန္ဒါဆန္ကို အေတာ္ေလး လိုအပ္ပါတယ္။ ဟန္ဒါဆန္က ထရန္႔ရဲ႕ အားနည္းခ်က္ေတြကို အေတာ္ေလး ျဖည့္ေပးႏုိင္စြမ္းရွိသူပါ။ အဲ့တာေၾကာင့္ပဲ ထရန္႔က ေကာင္းေကာင္းၾကီး တိုက္စစ္လိုက္လို႔ ရခဲ့တာျဖစ္တယ္။

အခုေတာ့ ထရန္႔က တိုက္စစ္ကို လိုက္ရမလား၊ မလိုက္ရဘူးလားဆိုျပီး စိုးေၾကာက္ေနပါတယ္။ အဲ့စိတ္ကပဲ သူ႔ရဲ႕ ေနရာကို သက္ေသာင့္သက္သာမျဖစ္ေစဘဲ အခက္ေတြ႔လာေစတာပါ ” လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။