ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ရာသီ အစောပိုင်းက အဝေးကွင်းမှာ ၇-၂ ဖြင့် အရှက်တကွဲ အရေးနိမ့်ထားရတဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံပါမယ်။

ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် အပြိုင်ဖြစ်လာတာနဲ့အတူ အဆင့် ၄ နေရာကို ဝင်ရောက်ဖို့ ဒီပွဲက လီဗာပူးအတွက် အရေးပါလာမှာဖြစ်တယ်။ ဒီပွဲအပြီးမှာတော့ ချန်ပီယံလိဂ် ကွာတားပွဲအဖြစ် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

အိုဝင်က ” ပြီးခဲ့တဲ့ အပတ်က အမ်းမရိတ်မှာ အဝေးကွင်းနိုင်ပွဲ ရခဲ့ပြီးတဲ့နောက် လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ရလဒ်ကောင်းကို ထိန်းသိမ်းလိုပါလိမ့်မယ်။ အာဆင်နယ်လို ညံ့ဖျင်းပုံနဲ့ကတော့ လီဗာပူးထံက ဘာတစ်ခုကိုမှ ရနိုင်မှာ မဟုတ်ပါဘူး။

အာဆင်နယ်ကို နိုင်ခဲ့တဲ့ လီဗာပူးအသင်းက ကုန်ခဲ့တဲ့ နှစ်တွေမှာ မြင်ထားရတဲ့ အသင်းတစ်သင်းပုံစံပါပဲ။ ပရိသတ်တွေကလည်း အဲ့လို အသင်းမျိုးကို ထပ်ပြီး မြင်ရဖို့ မျှော်လင့်နေပါလိမ့်မယ်။

ဗီလာကလည်း ဖူလ်ဟမ်ကို ရင်ဆိုင်တဲ့ပွဲမှာ အကောင်းဆုံး လုပ်နိုင်ခဲ့တာကြောင့် ရလဒ်ကောင်း ရထားခဲ့တယ်။ နောက်ဆုံး ၁၅ မိနစ် အတွင်း သွင်းယူသွားတဲ့ သွင်းဂိုး ၃ ဂိုးကြောင့် ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ အဲ့တာက ဒီရာသီ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တော့ မဟုတ်ပါဘူး။

ဗီလာက ခံစစ်ကို အထိုင်ထားပြီး ကောင်တာ ကစားနိုင်ဖို့ပဲ ကြိုးစားမှာပါ။ အဲ့စနစ် အလုပ်ဖြစ်မယ်ဆိုရင် ပွဲက မတိုးတာ မဆုတ်တာ အခြေအနေ ဖြစ်လာပါလိမ့်မယ်။ ဒီပွဲမှာ ဂိုးတွေ သိပ်များများ မြင်ရမယ်လို့ ကျနော် မထင်မိဘူး။ ဒါပေမယ့်လည်း အိမ်ရှင်အသင်းက အနိုင်အတွက် လုံလောက်တဲ့ တိုက်စစ်ဆင်မှုကို လုပ်နိုင်မယ်တော့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ အက်စတွန်ဗီလာပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၀ အက်စတွန်ဗီလာလို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးအသင္းဟာ ရာသီ အေစာပိုင္းက အေဝးကြင္းမွာ ၇-၂ ျဖင့္ အရွက္တကြဲ အေရးနိမ့္ထားရတဲ့ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ျပန္လည္ ဧည့္ခံပါမယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ အျပိဳင္ျဖစ္လာတာနဲ႔အတူ အဆင့္ ၄ ေနရာကို ဝင္ေရာက္ဖို႔ ဒီပြဲက လီဗာပူးအတြက္ အေရးပါလာမွာျဖစ္တယ္။ ဒီပြဲအျပီးမွာေတာ့ ခ်န္ပီယံလိဂ္ ကြာတားပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရဖို႔ ရွိေနပါတယ္။

အိုဝင္က ” ျပီးခဲ့တဲ့ အပတ္က အမ္းမရိတ္မွာ အေဝးကြင္းႏုိင္ပြဲ ရခဲ့ျပီးတဲ့ေနာက္ လီဗာပူးအသင္းက ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ ရလဒ္ေကာင္းကို ထိန္းသိမ္းလိုပါလိမ့္မယ္။ အာဆင္နယ္လို ညံ့ဖ်င္းပံုနဲ႔ကေတာ့ လီဗာပူးထံက ဘာတစ္ခုကိုမွ ရႏုိင္မွာ မဟုတ္ပါဘူး။

အာဆင္နယ္ကို ႏုိင္ခဲ့တဲ့ လီဗာပူးအသင္းက ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ျမင္ထားရတဲ့ အသင္းတစ္သင္းပံုစံပါပဲ။ ပရိသတ္ေတြကလည္း အဲ့လို အသင္းမ်ိဳးကို ထပ္ျပီး ျမင္ရဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။

ဗီလာကလည္း ဖူလ္ဟမ္ကို ရင္ဆိုင္တဲ့ပြဲမွာ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တာေၾကာင့္ ရလဒ္ေကာင္း ရထားခဲ့တယ္။ ေနာက္ဆံုး ၁၅ မိနစ္ အတြင္း သြင္းယူသြားတဲ့ သြင္းဂိုး ၃ ဂိုးေၾကာင့္ ၃-၁ ျဖင့္ အႏုိင္ရခဲ့ပါတယ္။ ဒါေပမယ့္လို႔ အဲ့တာက ဒီရာသီ သူတို႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတာ့ မဟုတ္ပါဘူး။

ဗီလာက ခံစစ္ကို အထိုင္ထားျပီး ေကာင္တာ ကစားႏုိင္ဖို႔ပဲ ၾကိဳးစားမွာပါ။ အဲ့စနစ္ အလုပ္ျဖစ္မယ္ဆိုရင္ ပြဲက မတိုးတာ မဆုတ္တာ အေျခအေန ျဖစ္လာပါလိမ့္မယ္။ ဒီပြဲမွာ ဂိုးေတြ သိပ္မ်ားမ်ား ျမင္ရမယ္လို႔ က်ေနာ္ မထင္မိဘူး။ ဒါေပမယ့္လည္း အိမ္ရွင္အသင္းက အႏုိင္အတြက္ လံုေလာက္တဲ့ တိုက္စစ္ဆင္မႈကို လုပ္ႏုိင္မယ္ေတာ့ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္တယ္။

လီဗာပူးနဲ႔ အက္စတြန္ဗီလာပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၁-၀ အက္စတြန္ဗီလာလို႔ ျဖစ္ပါတယ္။