လီဗာပူးက အက်စတွန်ဗီလာကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ဆက်လက်ပြီး အခွင့်အရေး ရှိနေဆဲဖြစ်တယ်။

ခြေပဂိုးကို ခေါင်းတိုက်ပြီး သွင်းယူခဲ့တဲ့ ဆာလာက အရေးပါတဲ့ နိုင်ပွဲအတွက် ကျေနပ်နေပါတယ်။ လီဗာပူးဟာ ၂၀၂၁ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မကောင်းဖြစ်နေခဲ့ကာ အဆင့် ၉ နေရာထိ ကျဆင်းထားခဲ့တာဖြစ်ပါတယ်။

ဆာလာက ” အဆုံးမှာတော့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ကျနေ်ာတို့ အနိုင်ရခဲ့တယ်။ အဲ့တာကပဲ အရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။ အန်ဖီးကွင်းမှာ ပွဲတွေ အများကြီးကို အရေးနိမ့်ခဲ့တယ်။ စိတ်ဓါတ်ပိုင်းအရ အား ဒီတစ်ကြိမ်တော့ မဖြစ်ပါနဲ့တော့ကွာလို့ ခံစားခဲ့ကြပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။

အန်ဖီးကွင်းမှာ ပွဲတွေ မနိုင်ဘဲ ဖြစ်နေတာက ခက်ခဲပါတယ်။ ကျနေ်ာတို့က ပထမပိုင်းမှာ အခွင့်အရေးအချို့ကို လွဲချော်ထားခဲ့တယ်။ ဒီတစ်ကြိမ်တော့ ထပ်မဖြစ်ပါနဲ့တော့လို့ တွေးမိကြပြီး ဒုတိယပိုင်းမှာ အတော်လေး ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။

အနိုင်ရဖို့က သိပ်ကို အရေးကြီးပါတယ်။ ကျနေ်ာတို့ ကစားဖို့ ၇ ပွဲပဲ ကျန်တော့တယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီနိုင်ပွဲက အရေးကြီးပါတယ်။ လာမယ့်ရာသီမှာ ကျနေ်ာတို့ ချန်ပီယံလိဂ် ကစားလိုပါတယ်။ ဒါပေမယ့် ပွဲတိုင်းကို အာရုံစိုက်ထားဖို့ လိုပါတယ်။ ကြိုးစားပြီး ပွဲတွေကို အနိုင်ရဖို့ အာရုံစိုက်မှာပါ။ အဆင့် ၄ အတွင်းဝင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လက်ကျန် ၇ ပွဲမှာ လီဗာပူးဟာ အသင်းကြီးချင်း ထိပ်တိုက်တွေ့မှုအဖြစ် ယူနိုက်တက်နဲ့ တစ်ပွဲတည်း ကျန်ရှိတာပါ။ ကြားရက်မှာတော့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ကာ ဆီမီးအဆင့်ကို တက်ရောက်ဖို့ အနည်းဆုံး သွင်းဂိုး ၂ ဂိုးရဖို့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက အက္စတြန္ဗီလာကို ၂-၁ ျဖင့္ အႏုိင္ရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ဆက္လက္ျပီး အခြင့္အေရး ရွိေနဆဲျဖစ္တယ္။

ေျခပဂိုးကို ေခါင္းတိုက္ျပီး သြင္းယူခဲ့တဲ့ ဆာလာက အေရးပါတဲ့ ႏုိင္ပြဲအတြက္ ေက်နပ္ေနပါတယ္။ လီဗာပူးဟာ ၂၀၂၁ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ မေကာင္းျဖစ္ေနခဲ့ကာ အဆင့္ ၉ ေနရာထိ က်ဆင္းထားခဲ့တာျဖစ္ပါတယ္။

ဆာလာက ” အဆံုးမွာေတာ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ခက္ခဲတဲ့ပြဲျဖစ္ေပမယ့္ က်ေန္ာတို႔ အႏုိင္ရခဲ့တယ္။ အဲ့တာကပဲ အေရးၾကီးဆံုး ကိစၥျဖစ္ပါတယ္။ အန္ဖီးကြင္းမွာ ပြဲေတြ အမ်ားၾကီးကို အေရးနိမ့္ခဲ့တယ္။ စိတ္ဓါတ္ပိုင္းအရ အား ဒီတစ္ၾကိမ္ေတာ့ မျဖစ္ပါနဲ႔ေတာ့ကြာလို႔ ခံစားခဲ့ၾကေပမယ့္ ဒုတိယပိုင္းမွာ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါတယ္။

အန္ဖီးကြင္းမွာ ပြဲေတြ မႏိုင္ဘဲ ျဖစ္ေနတာက ခက္ခဲပါတယ္။ က်ေန္ာတို႔က ပထမပိုင္းမွာ အခြင့္အေရးအခ်ိဳ႔ကို လြဲေခ်ာ္ထားခဲ့တယ္။ ဒီတစ္ၾကိမ္ေတာ့ ထပ္မျဖစ္ပါနဲ႔ေတာ့လို႔ ေတြးမိၾကျပီး ဒုတိယပိုင္းမွာ အေတာ္ေလး ေကာင္းေကာင္း ကစားႏုိင္ခဲ့ပါတယ္။

အႏိုင္ရဖို႔က သိပ္ကို အေရးၾကီးပါတယ္။ က်ေန္ာတို႔ ကစားဖို႔ ၇ ပြဲပဲ က်န္ေတာ့တယ္လို႔ ထင္ပါတယ္။ ဒီေတာ့ ဒီႏိုင္ပြဲက အေရးၾကီးပါတယ္။ လာမယ့္ရာသီမွာ က်ေန္ာတို႔ ခ်န္ပီယံလိဂ္ ကစားလိုပါတယ္။ ဒါေပမယ့္ ပြဲတိုင္းကို အာရံုစိုက္ထားဖို႔ လိုပါတယ္။ ၾကိဳးစားျပီး ပြဲေတြကို အႏုိင္ရဖို႔ အာရံုစိုက္မွာပါ။ အဆင့္ ၄ အတြင္းဝင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လက္က်န္ ၇ ပြဲမွာ လီဗာပူးဟာ အသင္းၾကီးခ်င္း ထိပ္တိုက္ေတြ႔မႈအျဖစ္ ယူႏုိက္တက္နဲ႔ တစ္ပြဲတည္း က်န္ရွိတာပါ။ ၾကားရက္မွာေတာ့ ရီးရဲလ္မက္ဒရစ္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ကာ ဆီမီးအဆင့္ကို တက္ေရာက္ဖို႔ အနည္းဆံုး သြင္းဂိုး ၂ ဂိုးရဖို႔ လိုအပ္မွာျဖစ္ပါတယ္။