ရီးရဲလ်မက်ဒရစ်ပွဲ အပြီးမှာ ထရန့်၊ ကိတ်တာနဲ့ မာနေးတို့ဟာ လူမျိုးရေးခွဲခြားမှုတွေဖြင့် လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က ဝေဖန် ပြစ်တင်ခြင်းတွေကို ရင်ဆိုင်ခဲ့ရတယ်။

ကလပ်ဘက်ကတောင် တရားဝင် စာထုတ်ခဲ့ရပြီး အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း စတင် ကြိုးစားနေခဲ့ပါတယ်။ ထရန့်ဟာ ဒီရာသီ ကိုဗစ်နဲ့ ဒဏ်ရာကြောင့် ခြေစွမ်း မတည်ငြိမ်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ သူ့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုပေးကြဖို့အစား ဝေဖန်ခြင်းတွေကိုတာ ရင်ဆိုင်နေရတာပါ။

ရီးရဲလ်နဲ့ပွဲအပြီးမှာ ထရန့်အပေါ် လွန်ကျူးတဲ့ ဝေဖန်မှုတွေ ကျရောက်ခဲ့ပြီး ညာအစွန်လူကတော့ အက်စတွန်ဗီလာကို အနိုင်ရမှုမှာ မိနစ် ၉၀ မှာမှ ဦးဆောင်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။ သူနဲ့ ပက်သက်လို့ မန်နေဂျာကလော့ပ်နဲ့ ဆာလာတို့က ကာကွယ်ပြောဆိုမှုတွေ လုပ်ပေးခဲ့တယ်။

ထရန့်က ” ထရန့်က ဘာသက်သေပြမှုမှ လုပ်စရာ မလိုဘူးလို့ ကျနော် မြင်ပါတယ်။ ကိုယ်က အကောင်းဆုံးဘောလုံးရာသီတစ်ခုကို ကစားနိုင်လဲ လက်ရွေးစင်အသင်းအတွက် ဆုံးဖြတ်ချက်ကိုယ်တော့ လက်ရွေးစင်မန်နေဂျာကပဲ ပြုလုပ်ရမှာဖြစ်ပြီး ဒါကို ကျနေ်ာတို့ လေးစားရပါမယ်။

ထရန့် လုပ်နိုင်တာ တစ်ခုကတော့ သူ့ရဲ့ အကောင်းဆုံး ဘောလုံးကို ကစားနေတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ သူက နှစ်ပွဲတောင် ထူးချွန်းထားတယ်။ ဂိုးလည်း သွင်းယူထားခဲ့တယ်။ အရေးကြီးဆုံး အချက်ကတော့ သူနဲ့ပက်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရပ်တန့်ဖို့ လိုပါတယ်။

ဘောလုံးမန်နေဂျာတွေက ဆုံးဖြတ်ချက်ကို ပုံမှန်ပဲ လုပ်ရပါမယ်။ ပွဲတွေကို မှန်နေရင် မန်နေဂျာရဲ့ ဆုံးဖြတ်ချက်မှန်ပြီး ပွဲတွေကို ရံှူးရင်တော့ မန်နေဂျာရဲ့ ဆုံးဖြတ်ချက် မှားလို့ပါပဲ။ ကျနော် ထရန့်ကို စရကတည်းက သူက ထူးချွန်နေခဲ့ပြီဖြစ်ပြီး အခုလိုအဆင့်ကို ရောက်လာတာဟာ သူကိုယ်တိုင်နဲ့ အကယ်ဒမီ နည်းပြတွေရဲ့ ကြိုးစားပေးမှုတွေကြောင့်ပါပဲ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဝေဖန်မှုတွေ ကြီးမားစွာ ရရှိနေတဲ့ ထရန့်အပေါ် ဆာလာကလည်း ” ထရန့်က ကိုယ်ဘာသာပဲ အာရုံစိုက်ဖို့ လိုပါတယ်။ သူက လေ့ကျင့်ရေးမှာ အတော်လေး လုပ်ပြနိုင်ပြီး ကုန်ခဲ့တဲ့ပွဲတွေမှာလည်း ကောင်းထားပါတယ်။ ကိုယ်ဘာသာ ဆက်လက် ကြိုးစားနေဖို့ပဲ လိုပါတယ်။ တခြားသူတွေပြောတာ နားထောင်နေစရာ မလိုပါဘူး။ ကိုယ်ဘာသာ အကောင်းဆုံး လုပ်ရင် စွမ်းဆောင်ရည်ကောင်းတွေက ပြသနိုင်မှာပါ ” ဆိုပြီး ထောက်ခံပေးခဲ့ပါတယ်။

ZAWGYI

ရီးရဲလ္မက္ဒရစ္ပြဲ အျပီးမွာ ထရန္႔၊ ကိတ္တာနဲ႔ မာေနးတို႔ဟာ လူမ်ိဳးေရးခြဲျခားမႈေတြျဖင့္ လီဗာပူးပရိသတ္ေတြ ကိုယ္တိုင္က ေဝဖန္ ျပစ္တင္ျခင္းေတြကို ရင္ဆိုင္ခဲ့ရတယ္။

ကလပ္ဘက္ကေတာင္ တရားဝင္ စာထုတ္ခ့ဲရျပီး အေရးယူမႈေတြ လုပ္ေဆာင္ဖို႔လည္း စတင္ ၾကိဳးစားေနခဲ့ပါတယ္။ ထရန္႔ဟာ ဒီရာသီ ကိုဗစ္နဲ႔ ဒဏ္ရာေၾကာင့္ ေျခစြမ္း မတည္ျငိမ္ခဲ့ေပမယ့္ ဒီေနာက္ပိုင္းမွာ သူ႔ရဲ႕ ၾကိဳးစားမႈေတြကို အသိအမွတ္ျပဳေပးၾကဖို႔အစား ေဝဖန္ျခင္းေတြကိုတာ ရင္ဆိုင္ေနရတာပါ။

ရီးရဲလ္နဲ႔ပြဲအျပီးမွာ ထရန္႔အေပၚ လြန္က်ဴးတဲ့ ေဝဖန္မႈေတြ က်ေရာက္ခဲ့ျပီး ညာအစြန္လူကေတာ့ အက္စတြန္ဗီလာကို အႏုိင္ရမႈမွာ မိနစ္ ၉၀ မွာမွ ဦးေဆာင္ဂိုး သြင္းေပးခဲ့တာျဖစ္ပါတယ္။ သူနဲ႔ ပက္သက္လို႔ မန္ေနဂ်ာကေလာ့ပ္နဲ႔ ဆာလာတို႔က ကာကြယ္ေျပာဆိုမႈေတြ လုပ္ေပးခဲ့တယ္။

ထရန္႔က ” ထရန္႔က ဘာသက္ေသျပမႈမွ လုပ္စရာ မလိုဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ ကိုယ္က အေကာင္းဆံုးေဘာလံုးရာသီတစ္ခုကို ကစားႏုိင္လဲ လက္ေရြးစင္အသင္းအတြက္ ဆံုးျဖတ္ခ်က္ကိုယ္ေတာ့ လက္ေရြးစင္မန္ေနဂ်ာကပဲ ျပဳလုပ္ရမွာျဖစ္ျပီး ဒါကို က်ေန္ာတို႔ ေလးစားရပါမယ္။

ထရန္႔ လုပ္ႏုိင္တာ တစ္ခုကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုးကို ကစားေနတယ္။ ျပီးခဲ့တဲ့ ၁၀ ရက္အတြင္းမွာ သူက ႏွစ္ပြဲေတာင္ ထူးခၽြန္းထားတယ္။ ဂိုးလည္း သြင္းယူထားခဲ့တယ္။ အေရးၾကီးဆံုး အခ်က္ကေတာ့ သူနဲ႔ပက္သက္ျပီး ေဝဖန္ေျပာဆိုမႈေတြ ရပ္တန္႔ဖို႔ လိုပါတယ္။

ေဘာလံုးမန္ေနဂ်ာေတြက ဆံုးျဖတ္ခ်က္ကို ပံုမွန္ပဲ လုပ္ရပါမယ္။ ပြဲေတြကို မွန္ေနရင္ မန္ေနဂ်ာရဲ႕ ဆံုးျဖတ္ခ်က္မွန္ျပီး ပြဲေတြကို ရံွဴးရင္ေတာ့ မန္ေနဂ်ာရဲ႕ ဆံုးျဖတ္ခ်က္ မွားလို႔ပါပဲ။ က်ေနာ္ ထရန္႔ကို စရကတည္းက သူက ထူးခၽြန္ေနခဲ့ျပီျဖစ္ျပီး အခုလိုအဆင့္ကို ေရာက္လာတာဟာ သူကိုယ္တိုင္နဲ႔ အကယ္ဒမီ နည္းျပေတြရဲ႕ ၾကိဳးစားေပးမႈေတြေၾကာင့္ပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

ေဝဖန္မႈေတြ ၾကီးမားစြာ ရရွိေနတဲ့ ထရန္႔အေပၚ ဆာလာကလည္း ” ထရန္႔က ကိုယ္ဘာသာပဲ အာရံုစိုက္ဖို႔ လိုပါတယ္။ သူက ေလ့က်င့္ေရးမွာ အေတာ္ေလး လုပ္ျပႏုိင္ျပီး ကုန္ခဲ့တဲ့ပြဲေတြမွာလည္း ေကာင္းထားပါတယ္။ ကိုယ္ဘာသာ ဆက္လက္ ၾကိဳးစားေနဖို႔ပဲ လိုပါတယ္။ တျခားသူေတြေျပာတာ နားေထာင္ေနစရာ မလိုပါဘူး။ ကိုယ္ဘာသာ အေကာင္းဆံုး လုပ္ရင္ စြမ္းေဆာင္ရည္ေကာင္းေတြက ျပသႏိုင္မွာပါ ” ဆိုျပီး ေထာက္ခံေပးခဲ့ပါတယ္။