လီဗာပူးအသင်းက ဘာစီလိုနာရဲ့ ကြယ်ပွင့် တိုက်စစ်သမား ပီဒရီကို ကမ်းလှမ်းမှု လုပ်ဖို့ စတင်မှုတွေ ရှိထားခြင်းကြောင့် လာလီဂါဘက်ကလည်း ကလပ်မှာ ဆက်ထိန်းနိုင်ရေး လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို အင်္ဂလန်သတင်းဌာနတွေဘက်က ဖော်ထုတ်လာခြင်းဖြစ်ပြီး ဘာစီလိုနာရဲ့ အလားအလာ သိပ်ကောင်းသော လူငယ်အဖြစ် နာမည်ရလာတဲ့ ပီဒရီအတွက် လီဗာပူးဘက်က ကမ်းလှမ်းမှုတောင် လုပ်ထားတယ်လို့လည်း ဖော်ပြကြတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ လီဗာပူးဘက်က စကားပြောမှုတွေ စတင်ထားခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်အားသန် လူငယ်လေးဟာ ဒီရာသီမှာ ဘာစီလိုနာ စီနီယာအသင်းကို ထိုးထွက်လာခဲ့သူဖြစ်တယ်။ အနာဂတ်မှာ ကြယ်ပွင့်တစ်ဦးအဖြစ် တောက်ပလာနိုင်တဲ့ သူ့ကို အင်နီယေစတာ လက်သစ်လို့ မှတ်ချက်ပေးမှုတွေ ရှိသလို မက်ဆီနေရာ အစားထိုးနိုင်မယ့်သူအဖြစ်လည်း အများကြီး မျှော်လင့်နေကြပါတယ်။

လီဗာပူးဘက်က လှုပ်ရှားမှုက သိသာလွန်းခြင်းကြောင့် ဘာစီလိုနာဘက်က ပီဒရီကို စာချုပ်သစ်ပေးဖို့ပါ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါပြီ။ ဘာစီလိုနာနဲ့ ပီဒရီကြား စာချုပ်ဟာ ၂၀၂၂ ခုနှစ်ထိပဲ ရှိတယ်ဆိုပေမယ့် ဘာကာဘက်က အလိုရှိရင် ၂ နှစ်သက်တမ်းတိုးပိုင်ခွင့် ရှိထားပါတယ်။ အဆိုပါ စာချုပ်မှာတော့ စာချုပ်ပါပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဆိုတဲ့ အချက် ပါဝင်ကြောင်းလည်း အသံထွက်နေတယ်။

ဘာစီလိုနာဘက်က ဒီနွေမှာ ကစားသမားလေးကို ၂၀၂၆ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ပေးလိုကာ စာချုပ်ပါပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀၀ ထိ မြင့်တင်လိုနေတာဖြစ်ပါတယ်။

လီဗာပူးဘက်က ဆယ်ကျော်သက် ကစားသမားတစ်ဦးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခြင်းမျိုးက ဒီဘက်နှစ်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပီဒရီကတော့ ကလပ်ရဲ့ ကင်းထောက်အဖွဲ့တွေကို အတော်လေး မျက်စိကျစေခဲ့ပြီး သူတို့ရဲ့ ချဉ်းကပ်မှုတွေကြောင့်ပဲ ဘာကာဘက်က စာချုပ်သစ်ကိစ္စကို အတော်လေး ကြိုးစားလိုလာခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ဘာစီလိုနာရဲ႕ ၾကယ္ပြင့္ တိုက္စစ္သမား ပီဒရီကို ကမ္းလွမ္းမႈ လုပ္ဖို႔ စတင္မႈေတြ ရွိထားျခင္းေၾကာင့္ လာလီဂါဘက္ကလည္း ကလပ္မွာ ဆက္ထိန္းႏုိင္ေရး လႈပ္ရွားမႈေတြ ရွိလာေနတယ္လို႔ သိရပါတယ္။

ဒီသတင္းကို အဂၤလန္သတင္းဌာနေတြဘက္က ေဖာ္ထုတ္လာျခင္းျဖစ္ျပီး ဘာစီလိုနာရဲ႕ အလားအလာ သိပ္ေကာင္းေသာ လူငယ္အျဖစ္ နာမည္ရလာတဲ့ ပီဒရီအတြက္ လီဗာပူးဘက္က ကမ္းလွမ္းမႈေတာင္ လုပ္ထားတယ္လို႔လည္း ေဖာ္ျပၾကတယ္။ ကစားသမားရဲ႕ ကိုယ္စားလွယ္နဲ႔ လီဗာပူးဘက္က စကားေျပာမႈေတြ စတင္ထားခဲ့တဲ့ အေျခအေန ျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္ပဲ ရွိေသးတဲ့ ကြင္းလယ္တိုက္စစ္အားသန္ လူငယ္ေလးဟာ ဒီရာသီမွာ ဘာစီလိုနာ စီနီယာအသင္းကို ထိုးထြက္လာခဲ့သူျဖစ္တယ္။ အနာဂတ္မွာ ၾကယ္ပြင့္တစ္ဦးအျဖစ္ ေတာက္ပလာႏုိင္တဲ့ သူ႔ကို အင္နီေယစတာ လက္သစ္လို႔ မွတ္ခ်က္ေပးမႈေတြ ရွိသလို မက္ဆီေနရာ အစားထိုးႏုိင္မယ့္သူအျဖစ္လည္း အမ်ားၾကီး ေမွ်ာ္လင့္ေနၾကပါတယ္။

လီဗာပူးဘက္က လႈပ္ရွားမႈက သိသာလြန္းျခင္းေၾကာင့္ ဘာစီလိုနာဘက္က ပီဒရီကို စာခ်ဳပ္သစ္ေပးဖို႔ပါ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါျပီ။ ဘာစီလိုနာနဲ႔ ပီဒရီၾကား စာခ်ဳပ္ဟာ ၂၀၂၂ ခုႏွစ္ထိပဲ ရွိတယ္ဆိုေပမယ့္ ဘာကာဘက္က အလိုရွိရင္ ၂ ႏွစ္သက္တမ္းတိုးပိုင္ခြင့္ ရွိထားပါတယ္။ အဆိုပါ စာခ်ဳပ္မွာေတာ့ စာခ်ဳပ္ပါေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၇၀ ဆိုတဲ့ အခ်က္ ပါဝင္ေၾကာင္းလည္း အသံထြက္ေနတယ္။

ဘာစီလိုနာဘက္က ဒီေႏြမွာ ကစားသမားေလးကို ၂၀၂၆ ခုႏွစ္ထိ သက္တမ္းရွိမယ့္ စာခ်ဳပ္သစ္ကို ေပးလိုကာ စာခ်ဳပ္ပါေျပာင္းေရႊ႔ေၾကးကို ယူရို သန္း ၄၀၀ ထိ ျမင့္တင္လိုေနတာျဖစ္ပါတယ္။

လီဗာပူးဘက္က ဆယ္ေက်ာ္သက္ ကစားသမားတစ္ဦးကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးေပးျပီး ေခၚယူျခင္းမ်ိဳးက ဒီဘက္ႏွစ္ေတြမွာ ျမင္ေတြ႔ရေလ့ရွိတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္ ပီဒရီကေတာ့ ကလပ္ရဲ႕ ကင္းေထာက္အဖြဲ႔ေတြကို အေတာ္ေလး မ်က္စိက်ေစခဲ့ျပီး သူတို႔ရဲ႕ ခ်ဥ္းကပ္မႈေတြေၾကာင့္ပဲ ဘာကာဘက္က စာခ်ဳပ္သစ္ကိစၥကို အေတာ္ေလး ၾကိဳးစားလိုလာျခင္း ျဖစ္ပါတယ္။