ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အဖြစ် လီဗာပူးက အန်ဖီးကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံပြီး ခြေပဂိုး၊ နောက်ကျဂိုးတွေနှင့်အတူ ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လီဗာပူးအသင်းရဲ့ မိနစ် ၉၀ နောက်ပိုင်း အနိုင်ဂိုး သွင်းယူတဲ့ ၃၇ ကြိမ်မြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့တယ်။ အဆိုပါ မှတ်တမ်းဟာ အနီးဆုံး ပရီးမီးယားလိဂ်ကလပ်ရဲ့ မှတ်တမ်းထက်တောင်မှ ၁၂ ကြိမ် ပိုများသေးတာဖြစ်ပါတယ်။

နောက်ဆုံးအချိန်ထိ ကြိုးစားပြီး သွင်းဂိုးရယူမှုကို ယာဂင်ကလော့ပ် လက်ထက် ၈ ကြိမ်တိုင် စွမ်းဆောင်ထားနိုင်ခဲ့တယ်။ အခုလို မိနစ် ၉၀ အနိုင်ဂိုး သွင်းယူမှုဟာ ဒီရာသီမှာတော့ ပထမဆုံးအကြိမ် လုပ်ပြနိုင်ခြင်းဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ရာသီတွေမှာ Mentality Monsters အဖြစ် ထင်ရှားခဲ့တဲ့ လီဗာပူးအသင်းသားတွေက သူတို့ရဲ့ စိတ်ဓါတ်မာကျောမှု ကျန်ရှိနေသေးတယ်ဆိုတာ မြင်တွေ့ခွင့်ရခဲ့တယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည် ကျဆင်းနေပြီး ပရီးမီးယားလိဂ်သမိုင်း အဆိုးရွားဆုံး ချန်ပီယံကာကွယ်သူအဖြစ်ပါ ဝေဖန်ခံနေရတာပါ။ ထရန့်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးဟာ ကုန်ခဲ့တဲ့ နှစ်တွေက စတီဗင်ဂျရတ်ရဲ့ အဝေးကစ်ချက်ကိုတောင် ပြန်အောက်မေ့စေခဲ့ပြီး ကလပ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဆက်လက် မျှော်လင့်ခွင့် ရှိစေခဲ့တယ်။

အက်စတွန်ဗီလာကို အောင်မြင်ခြင်းဟာ ရက်ပေါင်း ၁၁၅ ရက်အကြာမှာ ပထမဆုံး အကြိမ်အဖြစ် အန်ဖီးကွင်းမှာ နိုင်ပွဲ ပြန်ရခဲ့ခြင်းလည်းဖြစ်တယ်။ အဲ့သည်လောက်ထိ စွမ်းဆောင်ရည် ကျဆင်းမှုကပဲ ခရစ္စမတ်ကာလ လိဂ်ဦးဆောင်သူ လီဗာပူးကို ချန်ပီယံလိဂ်ဝင်ခွင့် ယိမ်းယိုင်သွားအောင် ထိခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးဖို့ ပွဲစဉ် ၇ ပွဲပဲ ကျန်ရှိတော့တာဖြစ်ပြီး လက်ကျန် ပွဲ အားလုံးကို အနိုင်ရရေးက မန်နေဂျာကလော့ပ်နဲ့ အသင်းသားတွေရဲ့ အဓိက ရည်မှန်းချက်လည်း ဖြစ်လာနေခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၁ အျဖစ္ လီဗာပူးက အန္ဖီးကြင္းမွာ အက္စတြန္ဗီလာကို ဧည့္ခံျပီး ေျခပဂိုး၊ ေနာက္က်ဂိုးေတြႏွင့္အတူ ၂-၁ ျဖင့္ အႏိုင္ရသြားခဲ့ပါတယ္။

ဒါဟာ ပရီးမီးယားလိဂ္သမိုင္းမွာ လီဗာပူးအသင္းရဲ႕ မိနစ္ ၉၀ ေနာက္ပိုင္း အႏုိင္ဂိုး သြင္းယူတဲ့ ၃၇ ၾကိမ္ေျမာက္ သြင္းဂိုးလည္း ျဖစ္လာခဲ့တယ္။ အဆိုပါ မွတ္တမ္းဟာ အနီးဆံုး ပရီးမီးယားလိဂ္ကလပ္ရဲ႕ မွတ္တမ္းထက္ေတာင္မွ ၁၂ ၾကိမ္ ပိုမ်ားေသးတာျဖစ္ပါတယ္။

ေနာက္ဆံုးအခ်ိန္ထိ ၾကိဳးစားျပီး သြင္းဂိုးရယူမႈကို ယာဂင္ကေလာ့ပ္ လက္ထက္ ၈ ၾကိမ္တိုင္ စြမ္းေဆာင္ထားႏုိင္ခဲ့တယ္။ အခုလို မိနစ္ ၉၀ အႏုိင္ဂိုး သြင္းယူမႈဟာ ဒီရာသီမွာေတာ့ ပထမဆံုးအၾကိမ္ လုပ္ျပႏုိင္ျခင္းျဖစ္ပါတယ္။ ကုန္ခဲ့တဲ့ရာသီေတြမွာ Mentality Monsters အျဖစ္ ထင္ရွားခဲ့တဲ့ လီဗာပူးအသင္းသားေတြက သူတို႔ရဲ႕ စိတ္ဓါတ္မာေက်ာမႈ က်န္ရွိေနေသးတယ္ဆိုတာ ျမင္ေတြ႔ခြင့္ရခဲ့တယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ က်ဆင္းေနျပီး ပရီးမီးယားလိဂ္သမိုင္း အဆိုးရြားဆံုး ခ်န္ပီယံကာကြယ္သူအျဖစ္ပါ ေဝဖန္ခံေနရတာပါ။ ထရန္႔ရဲ႕ ေနာက္ဆံုးမိနစ္ သြင္းဂိုးဟာ ကုန္ခဲ့တဲ့ ႏွစ္ေတြက စတီဗင္ဂ်ရတ္ရဲ႕ အေဝးကစ္ခ်က္ကိုေတာင္ ျပန္ေအာက္ေမ့ေစခဲ့ျပီး ကလပ္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ ဆက္လက္ ေမွ်ာ္လင့္ခြင့္ ရွိေစခဲ့တယ္။

အက္စတြန္ဗီလာကို ေအာင္ျမင္ျခင္းဟာ ရက္ေပါင္း ၁၁၅ ရက္အၾကာမွာ ပထမဆံုး အၾကိမ္အျဖစ္ အန္ဖီးကြင္းမွာ ႏုိင္ပြဲ ျပန္ရခဲ့ျခင္းလည္းျဖစ္တယ္။ အဲ့သည္ေလာက္ထိ စြမ္းေဆာင္ရည္ က်ဆင္းမႈကပဲ ခရစၥမတ္ကာလ လိဂ္ဦးေဆာင္သူ လီဗာပူးကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ယိမ္းယိုင္သြားေအာင္ ထိခိုက္ေစခဲ့တာပဲ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ေဘာလံုးရာသီ ျပီးဆံုးဖို႔ ပြဲစဥ္ ၇ ပြဲပဲ က်န္ရွိေတာ့တာျဖစ္ျပီး လက္က်န္ ပြဲ အားလံုးကို အႏုိင္ရေရးက မန္ေနဂ်ာကေလာ့ပ္နဲ႔ အသင္းသားေတြရဲ႕ အဓိက ရည္မွန္းခ်က္လည္း ျဖစ္လာေနခဲ့ပါတယ္။