လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ ကလပ်အသင်းမှာတော့ နာမည်အကြီးဆုံး တိုက်စစ်မှူး ဖြစ်နေဆဲပါ။ မနေ့ညက အက်စတွန်ဗီလာကို ၂-၁ နဲ့ နိုင်တဲ့ ပွဲမှာလည်း ဆာလက်က လီဗာပူးအတွက် ဂိုးသွင်းယူပေးခဲ့ပြန်ပါတယ်။

ဗီလာဘက် သွင်းတဲ့ ဂိုးဟာ ဆာလက် အတွက် နောက်ဆုံး သုံးပွဲ အတွင်း သုံးပွဲမြောက် ဂိုး ဖြစ်ပြီး ထို အချက်က လီဗာပူးအသင်း အတွက် ဆာလက် က တိုက်စစ်မှာ လွှမ်းမိုးမှု ကြီးနေဆဲ ဆိုတာ မြင်သာစေပါတယ်။

ဒါ့အပြင် အားလုံး ခြုံကြည့်မယ် ဆိုရင် ဒီရာသီ ဆာလက်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ ဂိုး ထိ ရှိထားပါတယ်။ အချက် အလက်တွေ အရ ဆိုရင် လီဗာပူးရဲ့ အခြား တိုက်စစ်မှူးတွေ ဖြစ်တဲ့ မာနေး၊ ဂျိုတာနဲ့ ဖာမီနို တို့ သွင်းဂိုး စုစုပေါင်းထက် ၂ ဂိုးသာ လျော့ထားပါတယ်။

မာနေးက ၁၂ ဂိုး၊ ဂျိုတာကလည်း ၁၂ ဂိုးနဲ့ ဖာမီနို တို့က ၆ ဂိုး သာ သွင်းယူထားခဲ့တာပါ။ ဒါကြောင့် လီဗာပူးက သွင်းဂိုးတွေ အတွက် ဆာလက်ကိုတော့ မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်စစ်မှူး ဆာလက်က အန်းဖီးလ်မှာပဲ ရေရှည် နေသွားမယ် ဆိုတဲ့ အာမခံမှုမျိုးတော့ မရှိသေးဘဲ အီဂျစ်သားဟာ စပိန်ဘက်သို့ ခြေဆန့်ဖို့ စိတ်ဝင်စားနေပြီး ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီကပါ စောင့်ကြည့်နေတယ်လို့ နောက်ဆုံး သတင်းများမှာ ဖော်ပြထားပါတယ်။

Zawgyi – လီဗာပူး တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ဟာ ကလပ္အသင္းမွာေတာ့ နာမည္အၾကီးဆံုး တိုက္စစ္မွဴး ျဖစ္ေနဆဲပါ။ မေန႔ညက အက္စတြန္ဗီလာကို ၂-၁ နဲ႕ နိုင္တဲ့ ပြဲမွာလည္း ဆာလက္က လီဗာပူးအတြက္ ဂိုးသြင္းယူေပးခဲ့ျပန္ပါတယ္။

ဗီလာဘက္ သြင္းတဲ့ ဂိုးဟာ ဆာလက္ အတြက္ ေနာက္ဆံုး သံုးပြဲ အတြင္း သံုးပြဲေျမာက္ ဂိုး ျဖစ္ျပီး ထို အခ်က္က လီဗာပူးအသင္း အတြက္ ဆာလက္ က တိုက္စစ္မွာ လႊမ္းမိုးမႈ ၾကီးေနဆဲ ဆိုတာ ျမင္သာေစပါတယ္။

ဒါ့အျပင္ အားလံုး ျခံဳၾကည့္မယ္ ဆိုရင္ ဒီရာသီ ဆာလက္ရဲ႕ ျပိဳင္ပြဲစံု သြင္းဂိုး ၂၈ ဂိုး ထိ ရွိထားပါတယ္။ အခ်က္ အလက္ေတြ အရ ဆိုရင္ လီဗာပူးရဲ႕ အျခား တိုက္စစ္မွဴးေတြ ျဖစ္တဲ့ မာေနး၊ ဂ်ိဳတာနဲ႕ ဖာမီနို တို႔ သြင္းဂိုး စုစုေပါင္းထက္ ၂ ဂိုးသာ ေလ်ာ့ထားပါတယ္။

မာေနးက ၁၂ ဂိုး၊ ဂ်ိဳတာကလည္း ၁၂ ဂိုးနဲ႕ ဖာမီနို တို႔က ၆ ဂိုး သာ သြင္းယူထားခဲ့တာပါ။ ဒါေၾကာင့္ လီဗာပူးက သြင္းဂုိးေတြ အတြက္ ဆာလက္ကိုေတာ့ မွီခိုေနရဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္ တိုက္စစ္မွဴး ဆာလက္က အန္းဖီးလ္မွာပဲ ေရရွည္ ေနသြားမယ္ ဆိုတဲ့ အာမခံမႈမ်ိဳးေတာ့ မရွိေသးဘဲ အီဂ်စ္သားဟာ စပိန္ဘက္သို႔ ေျခဆန္႔ဖို႔ စိတ္၀င္စားေနျပီး ျပင္သစ္ အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီကပါ ေစာင့္ၾကည့္ေနတယ္လို႔ ေနာက္ဆံုး သတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။