လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ၎င်းတို့ ကစားသမား လူးကပ် ဗက်ကွက်စ်ဟာ ဂလက်စီကို ဒါဘီမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲကို ပါနိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုသွားပါတယ်။

ဗက်ကွက်စ်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်ကွက်စ်နဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ရာက ဒဏ်ရာ ရရှိခဲ့တာပါ။ ဒါကြောင့်လည်း ပထမပိုင်းမှာတင် လူစားလဲ ခံခဲ့ရတာဖြစ်ပါတယ်။ စပိန် လက်ရွေးစင်က ဘယ်လောက်ကြာကြာ အနားယူရမယ်ဆိုတာ မသိရသေးပေမယ့် ရာသီကုန်ထိ နီးပါးလောက် အနားယူရမယ်လို့ ယူဆရတယ်။

ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ကလပ် ဆေးအဖွဲ့ကနေပြီး ဒူးဒဏ်ရာကြောင့် ဗက်ကွက်စ် မကစားနိုင်ဘူးဆိုတာကို အတည်ပြုပါတယ်။ သူ့ရဲ့ တိုးတက်လာမှုတွေကို ဆက်လက် စစ်ဆေးသွားပါမယ်လို့ ထုတ်ဖော် ကြေညာခဲ့တယ်။ အခြားသော ဒဏ်ရာ ပြဿနာတွေတော့ မရှိဘဲ ဗယ်ဗာဒီ ပြန်ကစားနိုင်ပေမယ့် ဟာဇက်ကတော့ ကွင်းထဲ ပြန်ဝင်လာတာ မမြင်ရသေးပါဘူး။

ကစားသမား ကိုယ်တိုင်ကတော့ ချန်ပီယံလိဂ်နဲ့ လာလီဂါ အမှတ်ပေး ပြိုင်ပွဲတွေမှာ အကောင်းဆုံး ပါဝင် ယှဉ်ပြိုင်နေတဲ့ ကလပ်အတွက် ကူညီမှုတွေ မလုပ်ပေးနိုင်မှာကို ကိုယ်ဘာသာ အပြစ်ရှိတယ်လို့ ခံစားရပါကြောင်း ထုတ်ပြောခဲ့တယ်။

ရီးရဲလ်မက်ဒရစ် ခံစစ်မှူးတွေဖြစ်တဲ့ ရာမိုစ့်နဲ့ ဗာရိန်းတို့ကလည်း လီဗာပူးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲကို လွဲချော်သွားမှာဖြစ်တယ်။ ပထမအကျော့မှာ ၃-၁ ဖြင့် အရေးနိမ့်ထားတဲ့ လီဗာပူးဟာ အန်ဖီးမှာ ဧည့်ခံရာမှာ အနည်းဆုံး ၂ ဂိုးသွင်းနိုင်မှ နောက်အဆင့်ကို တက်မှာဖြစ်ပါတယ်။

ZAWGYI

လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ၄င္းတို႔ ကစားသမား လူးကပ္ ဗက္ကြက္စ္ဟာ ဂလက္စီကို ဒါဘီမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ပါႏုိင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳသြားပါတယ္။

ဗက္ကြက္စ္ဟာ ဘာစီလိုနာ ကြင္းလယ္လူ ဆာဂီ်ယို ဘက္ကြက္စ္နဲ႔ ထိပ္တိုက္ေတြ႔မႈ ျဖစ္ခဲ့ရာက ဒဏ္ရာ ရရွိခဲ့တာပါ။ ဒါေၾကာင့္လည္း ပထမပိုင္းမွာတင္ လူစားလဲ ခံခဲ့ရတာျဖစ္ပါတယ္။ စပိန္ လက္ေရြးစင္က ဘယ္ေလာက္ၾကာၾကာ အနားယူရမယ္ဆိုတာ မသိရေသးေပမယ့္ ရာသီကုန္ထိ နီးပါးေလာက္ အနားယူရမယ္လို႔ ယူဆရတယ္။

ရီးရဲလ္မက္ဒရစ္ဘက္ကေတာ့ ကလပ္ ေဆးအဖြဲ႔ကေနျပီး ဒူးဒဏ္ရာေၾကာင့္ ဗက္ကြက္စ္ မကစားႏုိင္ဘူးဆိုတာကို အတည္ျပဳပါတယ္။ သူ႔ရဲ႕ တိုးတက္လာမႈေတြကို ဆက္လက္ စစ္ေဆးသြားပါမယ္လို႔ ထုတ္ေဖာ္ ေၾကညာခဲ့တယ္။ အျခားေသာ ဒဏ္ရာ ျပႆနာေတြေတာ့ မရွိဘဲ ဗယ္ဗာဒီ ျပန္ကစားႏိုင္ေပမယ့္ ဟာဇက္ကေတာ့ ကြင္းထဲ ျပန္ဝင္လာတာ မျမင္ရေသးပါဘူး။

ကစားသမား ကိုယ္တိုင္ကေတာ့ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါ အမွတ္ေပး ျပိဳင္ပြဲေတြမွာ အေကာင္းဆံုး ပါဝင္ ယွဥ္ျပိဳင္ေနတဲ့ ကလပ္အတြက္ ကူညီမႈေတြ မလုပ္ေပးႏုိင္မွာကို ကိုယ္ဘာသာ အျပစ္ရွိတယ္လို႔ ခံစားရပါေၾကာင္း ထုတ္ေျပာခဲ့တယ္။

ရီးရဲလ္မက္ဒရစ္ ခံစစ္မွဴးေတြျဖစ္တဲ့ ရာမိုစ့္နဲ႔ ဗာရိန္းတို႔ကလည္း လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲကို လြဲေခ်ာ္သြားမွာျဖစ္တယ္။ ပထမအေက်ာ့မွာ ၃-၁ ျဖင့္ အေရးနိမ့္ထားတဲ့ လီဗာပူးဟာ အန္ဖီးမွာ ဧည့္ခံရာမွာ အနည္းဆံုး ၂ ဂိုးသြင္းႏုိင္မွ ေနာက္အဆင့္ကို တက္မွာျဖစ္ပါတယ္။