လီဗာပူးအသင်းက ချန်ပီယံလိဂ် ပထမအကျော့အဖြစ် မက်ဒရစ်အခြေစိုက် ရီးရဲလ်မက်ဒရစ်ကို သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒီကြားရက်မှာ ဒုတိယအကျော့အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ၂-၀ ဆိုတဲ့ ရလဒ်ကို ဖော်ဆောင်နိုင်ရင် မာဆေးဆိုဒ်ကလပ်က ဆီမီးအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာတော့ လီဗာပူးအသင်းဟာ အိမ်ကွင်းအန်ဖီးမှာ ၂ ဂိုးပြတ် အနိုင်ရတဲ့ ပွဲဆိုလို့ လိုက်ဇစ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ တစ်ပွဲတည်း ရှိထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးအသင်းကို အနိုင်ယူရာမှာ ကြုံသလို ကစားခဲ့ခြင်း မဟုတ်ဘဲ ဥရောပ အတွေ့အကြုံ ရင့်ကျက်တဲ့ သူတို့ ကစားသမားတွေဖြင့် လီဗာပူးအသင်း အားနည်းချက်ကို အဓိက ဖြိုခွင်းနိုင်မယ့် နည်းစနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးဟာကွက်လို့ ဆိုရမယ့် ခံစစ်လိုင်းမြင့်မှုကနေ ပေါ်ထွက်လာတဲ့ နေရာလွတ်တွေကို ကာကွယ်အားနိုင်စွမ်း အားနည်းမှုအပေါ် အသုံးချခဲ့တာဖြစ်တယ်။ ၎င်းတို့ဟာ ခံစစ်ပိုင်း ကာကွယ်မှု နည်းပါးတဲ့ ထရန့်နဲ့ ဥရောပ အတွေ့အကြုံနည်းပြီး မြန်ဆန်မှုပိုင်း လိုအပ်ချက်ရှိတဲ့ နက်ဖီးလစ်တို့ရဲ့ ကြားကို အဓိက ဖိကစားခဲ့ကြတယ်။

နည်းစနစ်ပိုင်း တွဲလုံးတွေထဲမှာတော့ ရီးရဲလ်ရဲ့ မြင်သားတဲ့ နည်းစနစ်ကတော့ ကွင်းလယ် သုံးယောက်တန်းမှာ ခံစစ်အားပြုရတဲ့ ကက်စမဲရိုးကို တိုက်စစ်လိုက်ချိန်မှာ တွဲဘက် ကွင်းလယ်လူတွေဖြစ်တဲ့ ခရုစ်နဲ့ မိုဒရစ်ထက်တောင် ရှေ့ကို ပိုတက်ကစားစေခဲ့တာပါ။ မက်ဒရစ်ရဲ့ ကွင်းလယ်မှာ ခရုစ်က ခံစစ်ကို ပိုမိုအားပြုရတဲ့ အတွင်းလူနေရာက ကစားကွက် ခင်းခဲ့သူဖြစ်တယ်။

ခရုစ်ဟာ အဝေးဘောဖြစ် မက်ဒရစ် ကစားကွက်ကို အဓိက ထိန်းကျောင်းပေးခဲ့ပြီး လီဗာပူးခံစစ်သမားတွေကြောင့် ထွက်ပေါ်လာတဲ့ နေရာလွတ်တွေထံ လမ်းကြောင်းချပေးခဲ့တယ်။ ဒီနည်းစနစ်ဟာ မက်ဒရစ်တို့ အဓိက အားပြုခဲ့တဲ့ ပုံစံဖြစ်ပြီး ဗက်ကွက်စ်၊ အဆန်စီယိုတို့တွေကလည်း ဘယ်ခြမ်းကနေ ထရန့်ရှိတဲ့ ညာခြမ်းကို အဝေးဘောတွေ ဖိပေးပြီး ကစားခဲ့ကြတယ်။

ပွဲချိန် ၃၅ မိနစ်အထိ မက်ဒရစ်ရဲ့ ကစားပုံဟာ တိုနီခရုစ်ကနေ အဝေးဘောဖြင့် ပွဲကို ထိန်းချုပ်ခြင်းဖြစ်ပြီး လီဗာပူးအသင်းဟာ အဆိုပါ ကစားကွက်အားမှာ လုံးလုံးလျာလျာ ကျရံှူးသွားခဲ့တာကို မြင်ခဲ့ရပါတယ်။

ပွဲအပြီးမှာ အဆန်စီယိုက “ လီဗာပူးရဲ့ အစွန်လူတွေနောက်က နေရာလွတ်တွေကို အဓိကထား တိုက်ခိုက်ဖို့လိုတာကို ကျနေ်ာတို့ နားလည်ခဲ့တယ်။ ဒီပွဲပလန်အတိုင်း ကစားခဲ့ရာမှာ အလုပ်ဖြစ်ပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ပထမအကျော့ပွဲကတော့ ပွဲပလန် စီစဉ်သူ ဇီဒန်းရဲ့ နည်းစနစ်တွေဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ အန်ဖီး ဒုတိယအကျော့မှာတေ့ ယာဂင်ကလော့ပ်ဟာ နာမည်ကျော် အန်ဖီး Comeback တွေကို ထပ်လုပ်ပြနိုင်ဖို့က အသင်းပရိသတ်တွေ မျှော်လင့်နေတဲ့ ကိစ္စပဲ ဖြစ်လာပါလိမ့်မယ်။

ZAWGYI

လီဗာပူးအသင္းက ခ်န္ပီယံလိဂ္ ပထမအေက်ာ့အျဖစ္ မက္ဒရစ္အေျခစိုက္ ရီးရဲလ္မက္ဒရစ္ကို သြားေရာက္ ယွဥ္ျပိဳင္ရာမွာ ၃-၁ ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။

ဒီၾကားရက္မွာ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးမွာ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ၂-၀ ဆိုတဲ့ ရလဒ္ကို ေဖာ္ေဆာင္ႏုိင္ရင္ မာေဆးဆိုဒ္ကလပ္က ဆီမီးအဆင့္ကို တက္လွမ္းႏုိင္မွာျဖစ္တယ္။ ၂၀၂၁ ခုႏွစ္မွာေတာ့ လီဗာပူးအသင္းဟာ အိမ္ကြင္းအန္ဖီးမွာ ၂ ဂိုးျပတ္ အႏုိင္ရတဲ့ ပြဲဆိုလို႔ လိုက္ဇစ္ကို ၂-၀ ျဖင့္ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲ တစ္ပြဲတည္း ရွိထားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးအသင္းကို အႏုိင္ယူရာမွာ ၾကံဳသလို ကစားခဲ့ျခင္း မဟုတ္ဘဲ ဥေရာပ အေတြ႔အၾကံဳ ရင့္က်က္တဲ့ သူတို႔ ကစားသမားေတြျဖင့္ လီဗာပူးအသင္း အားနည္းခ်က္ကို အဓိက ျဖိဳခြင္းႏုိင္မယ့္ နည္းစနစ္ကို အသံုးျပဳခဲ့ျခင္းျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ဟာ လီဗာပူးဟာကြက္လို႔ ဆိုရမယ့္ ခံစစ္လိုင္းျမင့္မႈကေန ေပၚထြက္လာတဲ့ ေနရာလြတ္ေတြကို ကာကြယ္အားႏုိင္စြမ္း အားနည္းမႈအေပၚ အသံုးခ်ခဲ့တာျဖစ္တယ္။ ၄င္းတို႔ဟာ ခံစစ္ပိုင္း ကာကြယ္မႈ နည္းပါးတဲ့ ထရန္႔နဲ႔ ဥေရာပ အေတြ႔အၾကံဳနည္းျပီး ျမန္ဆန္မႈပိုင္း လိုအပ္ခ်က္ရွိတဲ့ နက္ဖီးလစ္တို႔ရဲ႔ ၾကားကို အဓိက ဖိကစားခဲ့ၾကတယ္။

နည္းစနစ္ပိုင္း တြဲလံုးေတြထဲမွာေတာ့ ရီးရဲလ္ရဲ႕ ျမင္သားတဲ့ နည္းစနစ္ကေတာ့ ကြင္းလယ္ သံုးေယာက္တန္းမွာ ခံစစ္အားျပဳရတဲ့ ကက္စမဲရိုးကို တိုက္စစ္လိုက္ခ်ိန္မွာ တြဲဘက္ ကြင္းလယ္လူေတြျဖစ္တဲ့ ခရုစ္နဲ႔ မိုဒရစ္ထက္ေတာင္ ေရွ႔ကို ပိုတက္ကစားေစခဲ့တာပါ။ မက္ဒရစ္ရဲ႕ ကြင္းလယ္မွာ ခရုစ္က ခံစစ္ကို ပိုမိုအားျပဳရတဲ့ အတြင္းလူေနရာက ကစားကြက္ ခင္းခဲ့သူျဖစ္တယ္။

ခရုစ္ဟာ အေဝးေဘာျဖစ္ မက္ဒရစ္ ကစားကြက္ကို အဓိက ထိန္းေက်ာင္းေပးခဲ့ျပီး လီဗာပူးခံစစ္သမားေတြေၾကာင့္ ထြက္ေပၚလာတဲ့ ေနရာလြတ္ေတြထံ လမ္းေၾကာင္းခ်ေပးခဲ့တယ္။ ဒီနည္းစနစ္ဟာ မက္ဒရစ္တို႔ အဓိက အားျပဳခဲ့တဲ့ ပံုစံျဖစ္ျပီး ဗက္ကြက္စ္၊ အဆန္စီယိုတို႔ေတြကလည္း ဘယ္ျခမ္းကေန ထရန္႔ရွိတဲ့ ညာျခမ္းကို အေဝးေဘာေတြ ဖိေပးျပီး ကစားခဲ့ၾကတယ္။

ပြဲခ်ိန္ ၃၅ မိနစ္အထိ မက္ဒရစ္ရဲ႕ ကစားပံုဟာ တိုနီခရုစ္ကေန အေဝးေဘာျဖင့္ ပြဲကို ထိန္းခ်ဳပ္ျခင္းျဖစ္ျပီး လီဗာပူးအသင္းဟာ အဆိုပါ ကစားကြက္အားမွာ လံုးလံုးလ်ာလ်ာ က်ရံွဴးသြားခဲ့တာကို ျမင္ခဲ့ရပါတယ္။

ပြဲအျပီးမွာ အဆန္စီယိုက “ လီဗာပူးရဲ႕ အစြန္လူေတြေနာက္က ေနရာလြတ္ေတြကို အဓိကထား တိုက္ခိုက္ဖို႔လိုတာကို က်ေန္ာတို႔ နားလည္ခဲ့တယ္။ ဒီပြဲပလန္အတိုင္း ကစားခဲ့ရာမွာ အလုပ္ျဖစ္ပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

ပထမအေက်ာ့ပြဲကေတာ့ ပြဲပလန္ စီစဥ္သူ ဇီဒန္းရဲ႕ နည္းစနစ္ေတြဟာ အလုပ္ျဖစ္ခဲ့ပါတယ္။ အန္ဖီး ဒုတိယအေက်ာ့မွာေတ့ ယာဂင္ကေလာ့ပ္ဟာ နာမည္ေက်ာ္ အန္ဖီး Comeback ေတြကို ထပ္လုပ္ျပႏုိင္ဖို႔က အသင္းပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ ကိစၥပဲ ျဖစ္လာပါလိမ့္မယ္။