ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့အသင်း တိုက်စစ်သမား အမ်ဘတ်ပီကို လာမယ့် နွေဈေးကွက်မှာ လက်လွတ်ခဲ့ရရင် ပြန်လည်အစားထိုးဖို့ လီဗာပူးတိုက်စစ်သမား ဆာလာကို ဦးစားပေးအဖြစ် ပစ်မှတ်ထားလာကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၂၂ နှစ်အရွယ် ကမ္ဘာဖလား ချန်ပီယံဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးဖို့ အချိန်ဆွဲနေဆဲပါ။ ကစားသမားရဲ့ စာချုပ်က တစ်နှစ်ပဲ ကျန်ရှိတာဖြစ်လို့ ဒီနွေမှာ စာချုပ်သစ်ကိစ္စ မဖြစ်လာခဲ့ဘူးဆိုရင် အပြောင်းအရွှေ့ကိစ္စ ဖြစ်လာဖို့ ရှိနေတယ်။ အမ်ဘတ်ပီကို ခေါ်ယူရေးအတွက် ရီးရဲလ်က သတင်းကြီးနေပြီး လီဗာပူးဘက်ကလည်း စိတ်ဝင်စားမှု ရှိထားပါတယ်။

ပီအက်စ်ဂျီဘက်က ပြင်သစ်သားရဲ့ အချိန်ဆွဲနေမှုကို စိတ်မရှည်နိုင်ဖြစ်နေကာ သူ့ကို ရောင်းထုတ်ပြီး ဆာလာဖြင့် တိုက်ရိုက် အစားထိုးဖို့ကို စဉ်းစားလာခြင်းဖြစ်တယ်။ ဆာလာကလည်း လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိနေခြင်းဖြစ်ကာ သက်တမ်းတိုးဖို့ကိစ္စ မစတင်သေးခြင်းကြောင့် စပိန်မီဒီယာတွေဖြင့် ပြုလုပ်တဲ့ အင်တာဗျူးမှာ တွန်းအားပေးတဲ့ စကားတွေ ပြောဆိုထားတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဆာလာတို့ကို သက်တမ်းတိုးဖို့ ကိစ္စတွေအား စတင်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကလပ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆက်ထိန်းထားဖို့လည်း လိုအပ်နေပြီး အဆင့်လေးအတွင်း မဝင်ခဲ့ဘူးဆိုရင် ထိပ်သီးအသင်းသားတွေကို စာချုပ်သစ်ပေးဖို့က အခက်အခဲတွေ ရှိလာမှာဖြစ်တယ်။

FSG က ၎င်းတို့ရဲ့ အလုံးစုံ ရှယ်ယာရဲ့ ၁၀% ကို ရင်းနှီးမြုပ်နှံသူတွေထံ ရောင်းချထားခဲ့ကာ ကိုဗစ်ကာလအတွင်း ဘဏ္ဍာရေး အထိနာခဲ့မှုကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်။ မန်နေဂျာကလော့ပ်အတွက် အသုံးစရိတ်ချပေးမှု၊ အန်ဖီးကွင်းကို တိုးချဲ့မှု အစီအစဉ်တွေကိုလည်း အဆိုပါ ရင်းနှီးငွေတွေကနေ သုံးစွဲပေးဖို့ စီစဉ်ထားပါတယ်။

လီဗာပူးအသင်းဘက်ကတော့ အသက် ၂၈ နှစ်အရွယ် ဆာလာအတွက် ဝယ်လက်ရလာခဲ့မယ်ဆိုရင် ညိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ကာ သွေးသစ်တွေဖြင့် အင်အားဖြည့်ဖွယ်ရှိတယ်။ ဆာလာကို ဆက်ထိန်းရေး၊ တိုက်စစ်သမား အစားထိုး ခေါ်ယူရေးတွေက သေချာတဲ့ ဆုံးဖြတ်ချက်တွေ မရှိသေးဘဲ အခုချိန်ထိတော့ ကိစ္စအားလုံးအတွက် လမ်းပွင့်နေဆဲ အခြေအနေဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ၄င္းတို႔အသင္း တိုက္စစ္သမား အမ္ဘတ္ပီကို လာမယ့္ ေႏြေစ်းကြက္မွာ လက္လြတ္ခဲ့ရရင္ ျပန္လည္အစားထိုးဖို႔ လီဗာပူးတိုက္စစ္သမား ဆာလာကို ဦးစားေပးအျဖစ္ ပစ္မွတ္ထားလာေၾကာင္း ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကမၻာဖလား ခ်န္ပီယံဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးဖို႔ အခ်ိန္ဆြဲေနဆဲပါ။ ကစားသမားရဲ႕ စာခ်ဳပ္က တစ္ႏွစ္ပဲ က်န္ရွိတာျဖစ္လို႔ ဒီေႏြမွာ စာခ်ဳပ္သစ္ကိစၥ မျဖစ္လာခဲ့ဘူးဆိုရင္ အေျပာင္းအေရႊ႔ကိစၥ ျဖစ္လာဖို႔ ရွိေနတယ္။ အမ္ဘတ္ပီကို ေခၚယူေရးအတြက္ ရီးရဲလ္က သတင္းၾကီးေနျပီး လီဗာပူးဘက္ကလည္း စိတ္ဝင္စားမႈ ရွိထားပါတယ္။

ပီအက္စ္ဂ်ီဘက္က ျပင္သစ္သားရဲ႕ အခ်ိန္ဆြဲေနမႈကို စိတ္မရွည္ႏိုင္ျဖစ္ေနကာ သူ႔ကို ေရာင္းထုတ္ျပီး ဆာလာျဖင့္ တိုက္ရိုက္ အစားထိုးဖို႔ကို စဥ္းစားလာျခင္းျဖစ္တယ္။ ဆာလာကလည္း လီဗာပူးနဲ႔ ၂၀၂၃ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိေနျခင္းျဖစ္ကာ သက္တမ္းတိုးဖို႔ကိစၥ မစတင္ေသးျခင္းေၾကာင့္ စပိန္မီဒီယာေတြျဖင့္ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ တြန္းအားေပးတဲ့ စကားေတြ ေျပာဆိုထားတယ္။

လီဗာပူးအသင္းဟာ လာမယ့္ရာသီမွာ ဗန္ဒိုက္၊ ဖာဘင္ညိဳ၊ ဆာလာတို႔ကို သက္တမ္းတိုးဖို႔ ကိစၥေတြအား စတင္သြားဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ ကလပ္အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ဆက္ထိန္းထားဖို႔လည္း လိုအပ္ေနျပီး အဆင့္ေလးအတြင္း မဝင္ခဲ့ဘူးဆိုရင္ ထိပ္သီးအသင္းသားေတြကို စာခ်ဳပ္သစ္ေပးဖို႔က အခက္အခဲေတြ ရွိလာမွာျဖစ္တယ္။

FSG က ၄င္းတို႔ရဲ႕ အလံုးစံု ရွယ္ယာရဲ႕ ၁၀% ကို ရင္းႏွီးျမဳပ္ႏွံသူေတြထံ ေရာင္းခ်ထားခဲ့ကာ ကိုဗစ္ကာလအတြင္း ဘ႑ာေရး အထိနာခဲ့မႈကို ရုန္းထြက္ႏုိင္ဖို႔ ၾကိဳးစားေနတယ္။ မန္ေနဂ်ာကေလာ့ပ္အတြက္ အသံုးစရိတ္ခ်ေပးမႈ၊ အန္ဖီးကြင္းကို တိုးခ်ဲ႔မႈ အစီအစဥ္ေတြကိုလည္း အဆိုပါ ရင္းႏွီးေငြေတြကေန သံုးစြဲေပးဖို႔ စီစဥ္ထားပါတယ္။

လီဗာပူးအသင္းဘက္ကေတာ့ အသက္ ၂၈ ႏွစ္အရြယ္ ဆာလာအတြက္ ဝယ္လက္ရလာခဲ့မယ္ဆိုရင္ ညိႏိႈင္းေဆြးေႏြးမႈေတြ ျပဳလုပ္ကာ ေသြးသစ္ေတြျဖင့္ အင္အားျဖည့္ဖြယ္ရွိတယ္။ ဆာလာကို ဆက္ထိန္းေရး၊ တိုက္စစ္သမား အစားထိုး ေခၚယူေရးေတြက ေသခ်ာတဲ့ ဆံုးျဖတ္ခ်က္ေတြ မရွိေသးဘဲ အခုခ်ိန္ထိေတာ့ ကိစၥအားလံုးအတြက္ လမ္းပြင့္ေနဆဲ အေျခအေနျဖစ္ပါတယ္။