မန်ယူအသင်း ဟာ ဆွမ်ဆီးလူငယ်ကစားသမား ဒန်နီရယ် ဂျိမ်းစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့ပြီလို့ နာမည်ကြီး အားကစားသတင်းဌာနများမှာ ဖော်ပြလာကြပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ထိပ်တန်းရောက်နိုင်တဲ့ အရည်အချင်းတွေ ရှိသူဖြစ်ပေမယ့် ဂါရတ်ဘေးနဲ့ နှိုင်းယှဉ်ပြောဆိုနေကြတာက ဂျိမ်းစ်အတွက် မမျှတဘူးလို့ ဝေးစ် ကစားသမားဟောင်း ဂျွန်ဟတ်ဆန်က ဆိုပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ နိုင်ငံအသင်း ပြင်သစ်ရဲ့ လာမယ့် ယူရို ခြေစစ်ပွဲ တူရကီ၊ အန်ဒိုရာတို့နဲ့ ပွဲစဉ်များ၊ ဘိုလီဘီးယားနဲ့ ခြေစမ်းပွဲစဉ်များမှာ ပါဝင်ကစားဖို့ ရွေးချယ်ခြင်း ခံရပါတယ်။

အက်ဝုဒ်ဝက်ဒ်ဟာ တိုက်စစ်မှူး လူကာကူရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဒီတစ်ပတ်အတွင်းမှာ အင်တာမီလန်အသင်းရဲ့ အမှုဆောင်ချုပ်များ မာရော့တာ၊ အော်စီလီယိုတို့ နဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ မန်ယူက လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၆) သန်း အလိုရှိနေပြီး အင်တာမီလန်အသင်းကတော့ ပြောင်းရွှေ့ကြေး + ကစားသမား အနေနဲ့သာ ကမ်းလှမ်းရန် ဆန္ဒရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ အသင်းခေါင်းဆောင် ဗလင်စီယာ ထွက်ခွာတော့မှာဖြစ်လို့ ယန်းနဲ့ ပေါ့ဘာတို့ကို နောက် အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ရန် ကြံရွယ်နေပါတယ်။ ယန်းက နောက်ရာသီ ညာခြမ်းခံစစ်မှူးအသစ်ရောက်လာရင် ပွဲကစားခွင့် လျော့ဖွယ် ရှိလို့ ပေါ့ဘာကတော့ ပို အလေးသာနေပါတယ်။

မန်ယူအသင်းဟာ လက်ရှိ စွမ်းဆောင်ရည် ကျဆင်းနေတဲ့ ကစားသမားတွေကို နောက်ထပ် အဆင့်တစ်ဆင့် ထိ တိုးတက်လာအောင် တွန်းအားပေးဖို့ အသင့်ရှိနေကြောင်း ဆိုးရှားရဲ့နည်းပြ အဖွဲ့ဝင် Kieran McKenna က ပြောကြားခဲ့ပါတယ်။

မန်ယူနဲ့ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား သောမတ် ပါတေးက ဒီအပြောင်းအရွှေ့မှာ ကမ်းလှမ်းလာတဲ့ အသင်းများရှိရင် ထွက်ခွာဖွယ် ရှိကြောင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ ပါတေး လက်ရှိစာချုပ်မှာ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ လို့ ပါဝင်ပါတယ်။