စကိုင်းစပေါ့မှ အားကစားသုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီးက ပရီးမီးယားလိဂ် ကြီး ၆ ကြီး ကလပ်တွေရဲ့ လားရာကို ဆွေးနွေးမှု ပြုလုပ်ရာမှာ လီဗာပူးအသင်းကိုလည်း မှတ်ချက်ပေးမှု လုပ်သွားပါတယ်။

နဗီးကတော့ လီဗာပူးက ထိပ်ဆုံး လေးသင်းထဲ ဝင်ခွင့်ရရင်တောင် ကျေနပ်နေမယ်လို့ နဗီးက ပြောဆိုခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်ကနေ ထွက်ခွာရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တယ်။ လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ထက် ချန်ပီယံလိဂ်ဝင်နိုင်ရေး လက်ကျန် ပွဲအားလုံးကို အနိုင်ရဖို့ ကြိုးစားမှာဖြစ်ကြောင်း နဗီးက ဆိုပါတယ်။

ဂယ်ရီနဗီးက ” အက်စတွန်ဗီလာကို အနိုင်ရခဲ့တာ လီဗာပူးအတွက် အရေးကြီးတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ သူတို့ လုံးဝကို အရေးနိမ့်လို့ မရပါဘူး။ အဲ့နိုင်ပွဲက လီဗာပူးအသင်း ထိပ်ဆုံး လေးသင်းထဲဝင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ မနှစ်တုန်းက သူတို့ဟာ ပရီးမီးယားလိဂ်ကို အနိုင်ရခဲ့သလို ကုန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ သိပ်ကို ထူးချွန်ခဲ့ပါတယ်။

အခုချိန်မှာ လီဗာပူးက ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်ဖို့ အခွင့်အရေး ရှိနေတယ်။ သူတို့ကတော့ ချန်ပီယံလိဂ်ထက် ထိပ်ဆုံးလေးသင်း ဝင်ဖို့ကို ဦးစားပေးနေတယ်လို့ ပြောမှာ မဟုတ်ဘူး ဒါပေပမယ့် လက်တွေမှာတော့ အဲ့လိုဖြစ်နေပါတယ်။ ကုန်ခဲ့တဲ့ လတွေတုန်းက လီဗာပူးက ခက်ခဲမှုတွေ အများကြီး ရင်ဆိုင်ထားရတယ်။ ရာသီအကုန်မှာ ထိပ်ဆုံးလေးသင်း ဝင်ခွင့်က လီဗာပူးအတွက် ရလဒ်ကောင်း ဖြစ်လာမှာပါ။

အက်စတွန်ဗီလာကို အနိုင်ယူခဲ့တာက သူတို့အတွက် အခိုက်အတန့်ကြီး ဖြစ်ခဲ့ပါတယ်။ ကြားရက်က ရီးရဲလ်မက်ဒရစ်ပွဲမှာ သူတို့က အတော်လေး ညံ့ဖျင်းခဲ့တယ်။ ပုံစံကောင်းတွေ မရထားတဲ့ အန်ဖီးကွင်းမျာ မက်ဒရစ်ကို တုန့်ပြန်နိုင်မလားဆိုတာ မသိပါဘူး။ အက်စတွန်ဗီလာလို အသင်းကိုတောင် သူတို့ နောက်ကျပြီးမှ အနိုင်ရခဲ့တာပါ။

ပရိသတ်တွေ ရှိနေရင်တော့ ခြားနားတဲ့ ဇာတ်လမ်းဖြစ်လာနိုင်ပေမယ့် လီဗာပူးက ချန်ပီယံလိဂ်ကနေ ထွက်ရမယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် မှားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုချိန်မှာ လီဗာပူးက ထိပ်ဆုံးလေးသင်း ဝင်ခွင့်ကိုပဲ အာရုံစိုက်နိုင်ပါတယ်။ ရာသီကုန်မှာ အဆင့်လေးအတွင်း ဝင်ရင်ကိုပဲ လီဗာပူးအတွက် ရည်မှန်းချက် တစ်ဝက် ပြည့်မြောက်တယ်လို့ ပြောလို့ ရပါလိမ့်မယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူျဖစ္တဲ့ ဂယ္ရီနဗီးက ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီး ကလပ္ေတြရဲ႕ လားရာကို ေဆြးေႏြးမႈ ျပဳလုပ္ရာမွာ လီဗာပူးအသင္းကိုလည္း မွတ္ခ်က္ေပးမႈ လုပ္သြားပါတယ္။

နဗီးကေတာ့ လီဗာပူးက ထိပ္ဆံုး ေလးသင္းထဲ ဝင္ခြင့္ရရင္ေတာင္ ေက်နပ္ေနမယ္လို႔ နဗီးက ေျပာဆိုခဲ့ျပီး ဒီရာသီ ခ်န္ပီယံလိဂ္ကေန ထြက္ခြာရလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္တယ္။ လီဗာပူးအသင္းဟာ အန္ဖီးကြင္းမွာ ရီးရဲလ္မက္ဒရစ္ကို အႏုိင္ယူဖို႔ထက္ ခ်န္ပီယံလိဂ္ဝင္ႏိုင္ေရး လက္က်န္ ပြဲအားလံုးကို အႏုိင္ရဖို႔ ၾကိဳးစားမွာျဖစ္ေၾကာင္း နဗီးက ဆိုပါတယ္။

ဂယ္ရီနဗီးက ” အက္စတြန္ဗီလာကို အႏုိင္ရခဲ့တာ လီဗာပူးအတြက္ အေရးၾကီးတဲ့ ရလဒ္ပဲျဖစ္ပါတယ္။ သူတို႔ လံုးဝကို အေရးနိမ့္လို႔ မရပါဘူး။ အဲ့ႏုိင္ပြဲက လီဗာပူးအသင္း ထိပ္ဆံုး ေလးသင္းထဲဝင္ဖို႔ အရမ္းကို အေရးၾကီးပါတယ္။ မႏွစ္တုန္းက သူတို႔ဟာ ပရီးမီးယားလိဂ္ကို အႏုိင္ရခဲ့သလို ကုန္ခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ သိပ္ကို ထူးခၽြန္ခဲ့ပါတယ္။

အခုခ်ိန္မွာ လီဗာပူးက ထိပ္ဆံုးေလးသင္းထဲ ဝင္ေရာက္ဖို႔ အခြင့္အေရး ရွိေနတယ္။ သူတို႔ကေတာ့ ခ်န္ပီယံလိဂ္ထက္ ထိပ္ဆံုးေလးသင္း ဝင္ဖို႔ကို ဦးစားေပးေနတယ္လို႔ ေျပာမွာ မဟုတ္ဘူး ဒါေပပမယ့္ လက္ေတြမွာေတာ့ အဲ့လိုျဖစ္ေနပါတယ္။ ကုန္ခဲ့တဲ့ လေတြတုန္းက လီဗာပူးက ခက္ခဲမႈေတြ အမ်ားၾကီး ရင္ဆိုင္ထားရတယ္။ ရာသီအကုန္မွာ ထိပ္ဆံုးေလးသင္း ဝင္ခြင့္က လီဗာပူးအတြက္ ရလဒ္ေကာင္း ျဖစ္လာမွာပါ။

အက္စတြန္ဗီလာကို အႏုိင္ယူခဲ့တာက သူတို႔အတြက္ အခိုက္အတန္႔ၾကီး ျဖစ္ခဲ့ပါတယ္။ ၾကားရက္က ရီးရဲလ္မက္ဒရစ္ပြဲမွာ သူတုိ႔က အေတာ္ေလး ညံ့ဖ်င္းခဲ့တယ္။ ပံုစံေကာင္းေတြ မရထားတဲ့ အန္ဖီးကြင္းမ်ာ မက္ဒရစ္ကို တုန္႔ျပန္ႏုိင္မလားဆိုတာ မသိပါဘူး။ အက္စတြန္ဗီလာလို အသင္းကိုေတာင္ သူတို႔ ေနာက္က်ျပီးမွ အႏုိင္ရခဲ့တာပါ။

ပရိသတ္ေတြ ရွိေနရင္ေတာ့ ျခားနားတဲ့ ဇာတ္လမး္ျဖစ္လာႏုိင္ေပမယ့္ လီဗာပူးက ခ်န္ပီယံလိဂ္ကေန ထြက္ရမယ္လို႔ က်ေနာ္ ထင္ပါတယ္။ က်ေနာ္ မွားတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္ေပမယ့္ အခုခ်ိန္မွာ လီဗာပူးက ထိပ္ဆံုးေလးသင္း ဝင္ခြင့္ကိုပဲ အာရံုစိုက္ႏုိင္ပါတယ္။ ရာသီကုန္မွာ အဆင့္ေလးအတြင္း ဝင္ရင္ကိုပဲ လီဗာပူးအတြက္ ရည္မွန္းခ်က္ တစ္ဝက္ ျပည့္ေျမာက္တယ္လို႔ ေျပာလို႔ ရပါလိမ့္မယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။