အန်ဖီးမှာ ယှဉ်ပြိင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် သုံးသပ်ခန့်မှန်းမှုကို မိုက်ကယ်အိုဝင်က ပြုလုပ်သွားပါတယ်။ ပထမအကျော့မှာတော့ လီဗာပူးက ၃-၁ ဖြင့် အရေးနိမ့်ထားတာဖြစ်တယ်။
အိုဝင်ကတော့ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရဖို့ရာ လုံလောက်မှုနဲ့ ယုံကြည်ချက်တွေ ရှိနေမယ်လို့ မြင်တယ်။ ဒါပေမယ့်လို့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် လုံလောက်တဲ့ သွင်းဂိုး အရေအတွက်ကို ရသွားဖို့တော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ခဲ့တယ်။
အိုဝင်က ” အရင်အပတ်တုန်းက စပိန်မှာ လီဗာပူးက အနိမ့်ဆုံး အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့က အက်စတွန်ဗီလာကို ရင်ဆိုင်ရတဲ့ အန်ဖီးကွင်းက ပွဲမှာတော့ အနိုင်ရလဒ်ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးက အကောင်းဆုံး အနေအထားမှာ ရှိမနေပေမယ့် အဲ့နိုင်ပွဲက သူတို့ကို ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်တွေ ပေးပါလိမ့်မယ်။
အတိတ်မှာတုန်းက အန်ဖီးကွင်းမှာ မယုံနိုင်လောက်တဲ့ ဥရောပ comeback ပွဲတွေ မြင်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာလည်း လီဗာပူးက အနိုင်ရဖို့ လုံလောက်တယ်လို့ ထင်ပေမယ့် နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ဖို့တော့ လိုအပ်ချက် ရှိပါလိမ့်မယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းက ၂-၁ ဖြင့် အနိုင်ရသွားပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
အိုဝင်ကတော့ လီဗာပူးက ဂိုးပြတ်ရလဒ်ဖြင့် အနိုင်ရမှာ မဟုတ်ဘဲ နောက်တစ်ဆင့်ကို တက်ဖို့တော့ အခက်အခဲ ရှိပါလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
အန္ဖီးမွာ ယွဥ္ျပိင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲအတြက္ သံုးသပ္ခန္႔မွန္းမႈကို မိုက္ကယ္အိုဝင္က ျပဳလုပ္သြားပါတယ္။ ပထမအေက်ာ့မွာေတာ့ လီဗာပူးက ၃-၁ ျဖင့္ အေရးနိမ့္ထားတာျဖစ္တယ္။
အိုဝင္ကေတာ့ လီဗာပူးဟာ ရီးရဲလ္မက္ဒရစ္ကို အႏုိင္ရဖို႔ရာ လံုေလာက္မႈနဲ႔ ယံုၾကည္ခ်က္ေတြ ရွိေနမယ္လို႔ ျမင္တယ္။ ဒါေပမယ့္လို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔အတြက္ လံုေလာက္တဲ့ သြင္းဂိုး အေရအတြက္ကို ရသြားဖို႔ေတာ့ မျဖစ္ႏုိင္ဘူးလို႔ သံုးသပ္ခဲ့တယ္။
အိုဝင္က ” အရင္အပတ္တုန္းက စပိန္မွာ လီဗာပူးက အနိမ့္ဆံုး အေျခအေနကို ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ စေနေန႔က အက္စတြန္ဗီလာကို ရင္ဆိုင္ရတဲ့ အန္ဖီးကြင္းက ပြဲမွာေတာ့ အႏုိင္ရလဒ္ကို ျပန္လည္ ရယူႏုိင္ခဲ့ပါတယ္။
လီဗာပူးက အေကာင္းဆံုး အေနအထားမွာ ရွိမေနေပမယ့္ အဲ့ႏိုင္ပြဲက သူတို႔ကို ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ဖို႔ ယံုၾကည္ခ်က္ေတြ ေပးပါလိမ့္မယ္။
အတိတ္မွာတုန္းက အန္ဖီးကြင္းမွာ မယံုႏုိင္ေလာက္တဲ့ ဥေရာပ comeback ပြဲေတြ ျမင္ခဲ့ရတယ္။ ဒီတစ္ၾကိမ္မွာလည္း လီဗာပူးက အႏုိင္ရဖို႔ လံုေလာက္တယ္လို႔ ထင္ေပမယ့္ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏုိင္ဖို႔ေတာ့ လိုအပ္ခ်က္ ရွိပါလိမ့္မယ္။ ဒီပြဲမွာ အိမ္ရွင္အသင္းက ၂-၁ ျဖင့္ အႏုိင္ရသြားပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
အိုဝင္ကေတာ့ လီဗာပူးက ဂိုးျပတ္ရလဒ္ျဖင့္ အႏုိင္ရမွာ မဟုတ္ဘဲ ေနာက္တစ္ဆင့္ကို တက္ဖို႔ေတာ့ အခက္အခဲ ရွိပါလိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။