လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲအဖြစ် အန်ဖီးမှာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားသွားရဖို့ ရှိနေပါတယ်။

ပထမအကျော့မှာ လီဗာပူးက ၃-၁ ဖြင့် အရေးနိမ့်ထားလို့ ဒီတစ်ကြိမ် အိမ်ကွင်းမှာ ရီးရဲလ်ကို ဂိုးမပေးဘဲ ၂-၀ ဖြင့် အနိုင်ရမှ နောက်တစ်ဆင့်ကို တက်မှာဖြစ်တယ်။ ရီးရဲလ်ဘက်က ဂိုးသွင်းခဲ့မယ်ဆိုရင်တော့ လီဗာပူးက အနည်းဆုံး သွင်းဂိုး ၃ ဂိုးထိ ပြန်သွင်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

၄-၂-၃-၁ တိုက်စစ်အားသန် အခင်းအကျင်း

လီဗာပူးလူစာရင်းဟာ ဗဟိုခံစစ် နှစ်နေရာအတွက်ကလွဲရင် ကျန်တဲ့ နေရာတိုင်းမှာ အတွေ့အကြုံရှိ ကစားသမားတွေ ကြံ့ခိုင်မှုကောင်းနေဆဲဖြစ်တယ်။ ဒီကနေ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေမလား ထွက်ခွာရမလားဆိုတဲ့ အနေအထားအတွက် အဆုံးအဖြတ်ဖြစ်လို့ မန်နေဂျာကလော့ပ်က အားလုံးကို ပုံသုံးနိုင်မယ်လို့လည်း ယူဆနေကြတယ်။

ဂိုးသမား အယ်လီဆန်၊ အစွန်လူတွေဖြစ်တဲ့ ထရန့်၊ ရော်ဘတ်ဆန်တို့နဲ့အတူ ခံစစ်တန်းမှာတော့ ခါဘတ်နဲ့ ဖာဘင်ညိုကို တွဲဘက်ပေးမယ်ဆိုရင် လီဗာပူးရဲ့ ခံစစ်ကြောင်းက အတော်လေး တောင့်တင်းသွားနိုင်တယ်။ နက်ဖီးလစ်ဟာ ပရီးမီးယားလိဂ်မှာတော့ မဆိုးလှပေမယ့် ချန်ပီယံလိဂ်မှာတော့ ဥရောပအတွေ့အကြုံ နုနယ်လွန်းခဲ့ပါတယ်။

ကွင်းလယ်မှာ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်ကို တွဲဘက်ပေးပြီး တိုက်စစ်သမားလေးဦးဖြစ်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာတို့ကို အားလုံး ထုတ်သုံးမယ့် ၄-၂-၃-၁ ပုံစံဟာ ကလော့ပ် ရွေးချယ်နိုင်တဲ့ အကောင်းဆုံး လူစာရင်းဖြစ်ပါတယ်။

ပုံမှန် ၄-၃-၃ အခင်းအကျင်း

မိနစ် ၉၀ တစ်ပွဲလုံးအတွက် ရည်ရွယ်ပြီး ဟန်ချက်ညီတဲ့ လူစာရင်းကို သုံးမယ်ဆိုရင်တော့ ဒီနောက်ပိုင်းမှာ ဆက်တိုက် ပွဲထုတ်ထားတဲ့ အယ်လီဆန်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ခါဘတ်၊ နက်ဖီးလစ် ခံစစ်အတွဲက သင့်လျော်ပါတယ်။

ကွင်းလယ်ကတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဝိုက်နယ်ဒမ်တို့ဖြစ်ကာ တိုက်စစ်က ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ကို ထုတ်သုံးပြီး အရန်စာရင်းကနေ ဂျိုတာကို ပါဝင်စေခြင်းပဲဖြစ်ပါလိမ့်မယ်။

ဥရောပမှာ သမ္ဘာကြီးတဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ လက်တလော ရလဒ် အသာရထားတဲ့ အသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်တယ်။ သို့ပေမယ့် ဒါကို အပြောင်းအလဲဖြစ်စေမယ့် Comeback ပွဲ ကစားဖို့ကလည်း လီဗာပူးအသင်းသားတွေရဲ့ တာဝန်တစ်ရပ် ဖြစ်လာခဲ့ပါပြီ။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲအျဖစ္ အန္ဖီးမွာ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ကစားသြားရဖို႔ ရွိေနပါတယ္။

ပထမအေက်ာ့မွာ လီဗာပူးက ၃-၁ ျဖင့္ အေရးနိမ့္ထားလို႔ ဒီတစ္ၾကိမ္ အိမ္ကြင္းမွာ ရီးရဲလ္ကို ဂိုးမေပးဘဲ ၂-၀ ျဖင့္ အႏုိင္ရမွ ေနာက္တစ္ဆင့္ကို တက္မွာျဖစ္တယ္။ ရီးရဲလ္ဘက္က ဂိုးသြင္းခဲ့မယ္ဆိုရင္ေတာ့ လီဗာပူးက အနည္းဆံုး သြင္းဂိုး ၃ ဂိုးထိ ျပန္သြင္းႏုိင္ဖို႔ လိုအပ္ပါလိမ့္မယ္။

၄-၂-၃-၁ တိုက္စစ္အားသန္ အခင္းအက်င္း

လီဗာပူးလူစာရင္းဟာ ဗဟိုခံစစ္ ႏွစ္ေနရာအတြက္ကလြဲရင္ က်န္တဲ့ ေနရာတိုင္းမွာ အေတြ႔အၾကံဳရွိ ကစားသမားေတြ ၾကံ႕ခိုင္မႈေကာင္းေနဆဲျဖစ္တယ္။ ဒီကေန႔ ယွဥ္ျပိဳင္ရမယ့္ပြဲဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ဆက္ရွိေနမလား ထြက္ခြာရမလားဆိုတဲ့ အေနအထားအတြက္ အဆံုးအျဖတ္ျဖစ္လို႔ မန္ေနဂ်ာကေလာ့ပ္က အားလံုးကို ပံုသံုးႏုိင္မယ္လို႔လည္း ယူဆေနၾကတယ္။

ဂိုးသမား အယ္လီဆန္၊ အစြန္လူေတြျဖစ္တဲ့ ထရန္႔၊ ေရာ္ဘတ္ဆန္တို႔နဲ႔အတူ ခံစစ္တန္းမွာေတာ့ ခါဘတ္နဲ႔ ဖာဘင္ညိဳကို တြဲဘက္ေပးမယ္ဆိုရင္ လီဗာပူးရဲ႕ ခံစစ္ေၾကာင္းက အေတာ္ေလး ေတာင့္တင္းသြားႏုိင္တယ္။ နက္ဖီးလစ္ဟာ ပရီးမီးယားလိဂ္မွာေတာ့ မဆိုးလွေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ဥေရာပအေတြ႔အၾကံဳ ႏုနယ္လြန္းခဲ့ပါတယ္။

ကြင္းလယ္မွာ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္ကို တြဲဘက္ေပးျပီး တိုက္စစ္သမားေလးဦးျဖစ္တဲ့ ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔ကို အားလံုး ထုတ္သံုးမယ့္ ၄-၂-၃-၁ ပံုစံဟာ ကေလာ့ပ္ ေရြးခ်ယ္ႏုိင္တဲ့ အေကာင္းဆံုး လူစာရင္းျဖစ္ပါတယ္။

ပံုမွန္ ၄-၃-၃ အခင္းအက်င္း

မိနစ္ ၉၀ တစ္ပြဲလံုးအတြက္ ရည္ရြယ္ျပီး ဟန္ခ်က္ညီတဲ့ လူစာရင္းကို သံုးမယ္ဆိုရင္ေတာ့ ဒီေနာက္ပိုင္းမွာ ဆက္တိုက္ ပြဲထုတ္ထားတဲ့ အယ္လီဆန္၊ ထရန္႔၊ ေရာ္ဘတ္ဆန္၊ ခါဘတ္၊ နက္ဖီးလစ္ ခံစစ္အတြဲက သင့္ေလ်ာ္ပါတယ္။

ကြင္းလယ္ကေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဝိုက္နယ္ဒမ္တို႔ျဖစ္ကာ တိုက္စစ္က ဆာလာ၊ မာေနး၊ ဖာမင္ႏိုတုိ႔ကို ထုတ္သံုးျပီး အရန္စာရင္းကေန ဂ်ိဳတာကို ပါဝင္ေစျခင္းပဲျဖစ္ပါလိမ့္မယ္။

ဥေရာပမွာ သမၻာၾကီးတဲ့ ကလပ္ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာ လက္တေလာ ရလဒ္ အသာရထားတဲ့ အသင္းက ရီးရဲလ္မက္ဒရစ္ျဖစ္တယ္။ သို႔ေပမယ့္ ဒါကို အေျပာင္းအလဲျဖစ္ေစမယ့္ Comeback ပြဲ ကစားဖို႔ကလည္း လီဗာပူးအသင္းသားေတြရဲ႕ တာဝန္တစ္ရပ္ ျဖစ္လာခဲ့ပါျပီ။