ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် မန်နေဂျာကလော့ပ်က ပွဲကြို စကားပြောဆိုခဲ့ပါတယ်။

ကလော့ပ်ကတော့ အသင်းဟာ ဆုံးရံှူးစရာတွေ အများကြီး မကျန်တော့တာကြောင့် ဒီတစ်ကြိမ်မှာလည်း ထပ်ပြီး ကြိုးစားကြည့်ပါမယ်လို့ ဆိုပါတယ်။ ပထမအကျော့ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ဒုတိယအကျော့မှာ ပြန်လာဖို့ ခက်ခဲသွားပြီဆိုတဲ့ ခန့်မှန်းချက်တွေနဲ့အတူ ရေပန်းစားစာရင်းမှာလည်း အတော်လေး ကျဆင်းသွားပါပြီ။

ကလောပ့်က ” မင်းက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးချိန်မှာ ပြိုင်ပွဲက ထုတ်ပယ်ခံခဲ့ရပြီးဖြစ်ပါတယ်။ ဆိုလိုတာကတော့ အများကြီး ထပ်ပြီး ဆုံးရံှူးစရာလည်း မရှိတော့ပါဘူး။

ကျနေ်ာတို့ ကြိုးစားမှု လုပ်ကြည့်ပါမယ်။ အဲ့တာကပဲ ကျနေ်ာတို့ လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ကျနေ်ာတို့ လုပ်ဆောင်သွားမယ့် ကိစ္စလည်းဖြစ်ပါတယ်။ မက်ဒရစ်မှာ ကျနေ်ာတို့ လုပ်ပြခဲ့တာထက် ပိုပြီး ဖန်တီးနိုင်မယ်ဆိုရင် ကျနေ်ာတို့ မရခဲ့တာတွေကို ရနိုင်စရာအကြောင်း ရှိလာပါလိမ့်မယ်။ ကြည့်ကြတာပေါ့။

ကျနေ်ာတို့ ပြန်လာနိုင်မယ်လို့လည်း သေချာပေါက် မပြောနိုင်ပါဘူး။ အထူးသဖြင့် ပရိသတ်တွေ မပါဘဲပေါ့။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် အငွေ့အသက်ကောင်းကို ထပ်ပြီး ဖန်တီးရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ မရှိတာက အပိုပြဿနာ တစ်ခုလောက်တင် ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။

ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်မှာတော့ လီဗာပူး V ရီးရဲလ်မက်ဒရစ်အတွဲက တက်လာတဲ့ အသင်းဟာ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းဖြင့် တွေ့ဆုံ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ည ယွဥ္ျပိဳင္ကစားရမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲအတြက္ မန္ေနဂ်ာကေလာ့ပ္က ပြဲၾကိဳ စကားေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ကေတာ့ အသင္းဟာ ဆံုးရံွဴးစရာေတြ အမ်ားၾကီး မက်န္ေတာ့တာေၾကာင့္ ဒီတစ္ၾကိမ္မွာလည္း ထပ္ျပီး ၾကိဳးစားၾကည့္ပါမယ္လို႔ ဆိုပါတယ္။ ပထမအေက်ာ့ကို ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ လီဗာပူးဟာ ဒုတိယအေက်ာ့မွာ ျပန္လာဖို႔ ခက္ခဲသြားျပီဆိုတဲ့ ခန္႔မွန္းခ်က္ေတြနဲ႔အတူ ေရပန္းစားစာရင္းမွာလည္း အေတာ္ေလး က်ဆင္းသြားပါျပီ။

ကေလာပ့္က ” မင္းက ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ျပီးခ်ိန္မွာ ျပိဳင္ပြဲက ထုတ္ပယ္ခံခဲ့ရျပီးျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ အမ်ားၾကီး ထပ္ျပီး ဆံုးရံွဴးစရာလည္း မရွိေတာ့ပါဘူး။

က်ေန္ာတို႔ ၾကိဳးစားမႈ လုပ္ၾကည့္ပါမယ္။ အဲ့တာကပဲ က်ေန္ာတို႔ လုပ္ရမယ့္ အလုပ္ျဖစ္ပါတယ္။ က်ေန္ာတို႔ လုပ္ေဆာင္သြားမယ့္ ကိစၥလည္းျဖစ္ပါတယ္။ မက္ဒရစ္မွာ က်ေန္ာတို႔ လုပ္ျပခဲ့တာထက္ ပိုျပီး ဖန္တီးႏုိုင္မယ္ဆိုရင္ က်ေန္ာတို႔ မရခဲ့တာေတြကို ရႏုိင္စရာအေၾကာင္း ရွိလာပါလိမ့္မယ္။ ၾကည့္ၾကတာေပါ့။

က်ေန္ာတို႔ ျပန္လာႏုိင္မယ္လို႔လည္း ေသခ်ာေပါက္ မေျပာႏုိင္ပါဘူး။ အထူးသျဖင့္ ပရိသတ္ေတြ မပါဘဲေပါ့။ က်ေန္ာတို႔ရဲ႕ ကိုယ္ပိုင္ အေငြ႔အသက္ေကာင္းကို ထပ္ျပီး ဖန္တီးရမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြ မရွိတာက အပိုျပႆနာ တစ္ခုေလာက္တင္ ျဖစ္ပါတယ္ ” ဆိုျပီး ေျပာဆိုသြားပါတယ္။

ခ်န္ပီယံလိဂ္ ဆီးမီးဖုိင္နယ္မွာေတာ့ လီဗာပူး V ရီးရဲလ္မက္ဒရစ္အတြဲက တက္လာတဲ့ အသင္းဟာ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးအသင္းျဖင့္ ေတြ႔ဆံု ယွဥ္ျပိဳင္ရမွာပဲ ျဖစ္ပါတယ္။