လီဗာပူးကစားသမားဘဝ ၄ ရာသီမြောက်ကို ကျော်ဖြတ်နေတဲ့ ဆာလာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပြီး သွင်းဂိုး ၂၈ ဂိုး သွင်းထားကာ လီဗာပူးဂျာစီ ဝတ်ဆင်တဲ့ ကာလတွေအတွင်း ဒုတိယမြောက် ဂိုးသွင်းအများဆုံး ဘောလုံးရာသီကို ကျော်ဖြတ်နေတယ်။

ဆာလာဟာ လီဗာပူးအသင်းသမိုင်းရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်သမားများ စာရင်းမှာ နံပါတ် ၁၃ နေရာက ရပ်တည်နေပြီး ရာသီအကုန်မှာ နံပါတ် ၁၀ ထဲ ဝင်ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။ အဲ့အတွက်ဆိုရင် လက်ကျန်ပွဲပေါင်း ၈ ပွဲမှာ သွင်းဂိုး ၉ ဂိုးထိ သွင်းယူဖို့ လိုအပ်မှာပဲဖြစ်တယ်။

ဆာလာဟာ အထောင်တိုက်စစ်သမား မဟုတ်ပေမယ့် တောင်ပံကို အားပြုပြီး အတွင်းကို ဝင်ကာ ဂိုးသွင်းနိုင်စွမ်းမှာ ထူးချွန်သူပါ။ ၂၀၁၇ မှာ လီဗာပူးကို ရောက်ရှိလာကာ ၂၀၁၈ မှာတော့ ကလပ်ဖြင့် ၅ နှစ် သက်တမ်းတိုး စာချုပ်သစ်ကို ချုပ်ဆိုခဲ့တယ်။ သူဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်ပြီး ထိုအချိန်မှာတော့ အသက် ၃၁ နှစ်အရွယ်ကို ရောက်ရှိနေပါမယ်။

လီဗာပူးနဲ့ ဆာလာကြား စာချုပ်ဟာ ၂ နှစ်ပဲ ကျန်ရှိတော့ချိန်မှာ လီဗာပူးဘက်က စာချုပ်သစ်ကိစ္စကို စကားစမလာသေးပါဘူး။ The Athletic သတင်းထောက် Simon Hughes က ပြောရာမှာ လီဗာပူးအသင်းဟာ နံပါတ် ၁၁ ကစားသမားနဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက်ကြီး ပြုလုပ်ရမယ့် အနေအထားကို ရင်ဆိုင်နေရတယ်လို့ ဆိုတယ်။

သူကပဲ ဆာလာဟာ လီဗာပူးကနေ အခြားသော ကလပ်ကို ပြောင်းရွှေ့ဖို့ တွန်းအားပေးမှုတွေ လုပ်လိုစိတ် မရှိပေမယ့် လီဗာပူးဘက်က အနာဂတ် မျှော်လင့်ချက်တွေအပေါ် ခြားနားစွာ မြင်လာမယ့်အပေါ် စိုးရိမ်နေတယ်လို့ ဖော်ပြခဲ့တယ်။

လီဗာပူးဘက်က ကိုဗစ် ကပ်ဘေးကြားမှာ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို မြင့်မားတဲ့ လုပ်ခတစ်ခု တိုးမြင့်ပေးပြီး စာချုပ်သစ်ပေးရမှာကို စိုးရိမ်နေတယ်။ ဆာလာကို သက်တမ်းတိုးခဲ့ရင် လာမယ့် ၅ နှစ်ကာလအထိ အီဂျစ်သားရဲ့ ကစားနိုင်စွမ်းကိုလည်း တွက်ချက်မှုတွေ လုပ်နေတာဖြစ်တယ်။

ဆာလာကတော့ သူဟာ မက်ဆီနဲ့ ရော်နယ်ဒိုလို အသက် ၃၅ နှစ်လောက်ထိ ဘောလုံးကို အကောင်းဆုံး ကစားနိုင်မယ် ယုံကြည်ထားတယ်။ ဒဏ်ရာပြဿနာ နည်းပါးတဲ့ ဆာလာက အချိန်တိုင်းမှာ တိုးတက်လာဖို့လည်း ကြိုးစားလိုစိတ် ပြင်းပြသူဖြစ်ပါတယ်။

လီဗာပူးဟာ ဆာလာနဲ့ စာချုပ်ကိစ္စ စတင်မယ်ဆိုရင် ကိုလံဘီယာ အေးဂျင့်ဖြစ်သူ Ramy Abbas Issa ဖြင့် ညိနှိုင်းမှု စတင်ရမှာဖြစ်ပြီး Abbas ဟာ ဆာလာအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို ပြုလုပ်ပေးဖို့ကို ပိုမို ဆန္ဒရှိသူလို့လည်း သတင်းကြီးထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားဘဝ ၄ ရာသီေျမာက္ကို ေက်ာ္ျဖတ္ေနတဲ့ ဆာလာဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၄၃ ပြဲ ကစားျပီး သြင္းဂိုး ၂၈ ဂိုး သြင္းထားကာ လီဗာပူးဂ်ာစီ ဝတ္ဆင္တဲ့ ကာလေတြအတြင္း ဒုတိယေျမာက္ ဂိုးသြင္းအမ်ားဆံုး ေဘာလံုးရာသီကို ေက်ာ္ျဖတ္ေနတယ္။

ဆာလာဟာ လီဗာပူးအသင္းသမိုင္းရဲ႕ ဂိုးသြင္းအမ်ားဆံုး တိုက္စစ္သမားမ်ား စာရင္းမွာ နံပါတ္ ၁၃ ေနရာက ရပ္တည္ေနျပီး ရာသီအကုန္မွာ နံပါတ္ ၁၀ ထဲ ဝင္ေရာက္လာႏုိင္ဖြယ္ ရွိေနပါတယ္။ အဲ့အတြက္ဆိုရင္ လက္က်န္ပြဲေပါင္း ၈ ပြဲမွာ သြင္းဂိုး ၉ ဂိုးထိ သြင္းယူဖို႔ လိုအပ္မွာပဲျဖစ္တယ္။

ဆာလာဟာ အေထာင္တိုက္စစ္သမား မဟုတ္ေပမယ့္ ေတာင္ပံကို အားျပဳျပီး အတြင္းကို ဝင္ကာ ဂိုးသြင္းႏုိင္စြမ္းမွာ ထူးခၽြန္သူပါ။ ၂၀၁၇ မွာ လီဗာပူးကို ေရာက္ရွိလာကာ ၂၀၁၈ မွာေတာ့ ကလပ္ျဖင့္ ၅ နွစ္ သက္တမ္းတိုး စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့တယ္။ သူဟာ ၂၀၂၃ ခုႏွစ္မွာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး ထိုအခ်ိန္မွာေတာ့ အသက္ ၃၁ ႏွစ္အရြယ္ကို ေရာက္ရွိေနပါမယ္။

လီဗာပူးနဲ႔ ဆာလာၾကား စာခ်ဳပ္ဟာ ၂ ႏွစ္ပဲ က်န္ရွိေတာ့ခ်ိန္မွာ လီဗာပူးဘက္က စာခ်ဳပ္သစ္ကိစၥကို စကားစမလာေသးပါဘူး။ The Athletic သတင္းေထာက္ Simon Hughes က ေျပာရာမွာ လီဗာပူးအသင္းဟာ နံပါတ္ ၁၁ ကစားသမားနဲ႔ ပက္သက္ျပီး ဆံုးျဖတ္ခ်က္ၾကီး ျပဳလုပ္ရမယ့္ အေနအထားကို ရင္ဆိုင္ေနရတယ္လို႔ ဆိုတယ္။

သူကပဲ ဆာလာဟာ လီဗာပူးကေန အျခားေသာ ကလပ္ကို ေျပာင္းေရႊ႔ဖို႔ တြန္းအားေပးမႈေတြ လုပ္လိုစိတ္ မရွိေပမယ့္ လီဗာပူးဘက္က အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြအေပၚ ျခားနားစြာ ျမင္လာမယ့္အေပၚ စိုးရိမ္ေနတယ္လို႔ ေဖာ္ျပခဲ့တယ္။

လီဗာပူးဘက္က ကိုဗစ္ ကပ္ေဘးၾကားမွာ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားကို ျမင့္မားတဲ့ လုပ္ခတစ္ခု တိုးျမင့္ေပးျပီး စာခ်ဳပ္သစ္ေပးရမွာကို စိုးရိမ္ေနတယ္။ ဆာလာကို သက္တမ္းတိုးခဲ့ရင္ လာမယ့္ ၅ ႏွစ္ကာလအထိ အီဂ်စ္သားရဲ႕ ကစားႏုိင္စြမ္းကိုလည္း တြက္ခ်က္မႈေတြ လုပ္ေနတာျဖစ္တယ္။

ဆာလာကေတာ့ သူဟာ မက္ဆီနဲ႔ ေရာ္နယ္ဒိုလို အသက္ ၃၅ ႏွစ္ေလာက္ထိ ေဘာလံုးကို အေကာင္းဆံုး ကစားႏုိင္မယ္ ယံုၾကည္ထားတယ္။ ဒဏ္ရာျပႆနာ နည္းပါးတဲ့ ဆာလာက အခ်ိန္တိုင္းမွာ တိုးတက္လာဖို႔လည္း ၾကိဳးစားလိုစိတ္ ျပင္းျပသူျဖစ္ပါတယ္။

လီဗာပူးဟာ ဆာလာနဲ႔ စာခ်ဳပ္ကိစၥ စတင္မယ္ဆိုရင္ ကိုလံဘီယာ ေအးဂ်င့္ျဖစ္သူ Ramy Abbas Issa ျဖင့္ ညိႏိႈင္းမႈ စတင္ရမွာျဖစ္ျပီး Abbas ဟာ ဆာလာအတြက္ အေကာင္းဆံုးျဖစ္မယ့္ ဆံုးျဖတ္ခ်က္ေတြကို ျပဳလုပ္ေပးဖို႔ကို ပိုမို ဆႏၵရွိသူလို႔လည္း သတင္းၾကီးထားတာ ျဖစ္ပါတယ္။