အန်ဖီးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ဧည့်ခံကစားရာမှာ ဝ-၀ ရလဒ်ပဲ ထွက်ပေါ်ခဲ့မှုနဲ့အတူ နှစ်ကျော့ပေါင်း ရလဒ် ၁-၃ ဖြင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ကို ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်တစ်နေရာအတွက် သီယာဂိုကို မထည့်ဘဲ မီလ်နာကို ထည့်သုံးခဲ့တာကလွဲရင် ၄-၃-၃ ကစားကွက်ကို လူအပြည့်ဖြင့် ခင်းကျင်းခဲ့တယ်။ ပွဲစကတည်းက ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကြားမှာ လီဗာပူးရဲ့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်စစ်ကစားဟန်ကို မြင်ခဲ့ရပါတယ်။

တစ်ပွဲလုံးမှာ ညာအစွန်လူ ထရန့်ရဲ့ ခြေစွမ်းက တောက်ပခဲ့ပြီး ရော်ဘတ်ဆန်၊ နက်ဖီးလစ်တို့ကလည်း ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့တယ်။ အယ်လီဆန်ထံက တစ်ဦးချင်း ကာကွယ်မှုကောင်းတွေလည်း ရှိခဲ့ကာ ဆာလာ၊ ဝိုက်နယ်ဒမ်တို့ အပိုင်အခွင့်အရေးတွေ အသုံးချနိုင်ခဲ့ရင် လီဗာပူးက သွင်းဂိုး ၂ ဂိုးလောက်ရဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။

ချန်ပီယံလိဂ် ရံှူးပွဲက ပရိသတ်တွေကို ဘဝင်မကျစေပေမယ့် ရီးရဲလ်မက်ဒရစ်လို အကောင်းဆုံး ပုံစံတွေရနေတဲ့ အသင်းကို အခွင့်အရေးကြီး ၄ ကြိမ်လောက် လုပ်ပြနိုင်တာက လက်ကျန် ပရီးမီးယားလိဂ် ၇ ပွဲမှာ နိုင်ပွဲတွေ ရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းဖို့မှာ အရေးပါလာမယ်လို့ တွေးဆပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဥရောပပြိုင်ပွဲက ထွက်ခဲ့ရပေမယ့် ထူးချွန်ပြီး ကျစ်လစ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တာကိုတော့ ပရိသတ်တွေဘက်က ဝန်ခံပြီး တိုက်စစ်ပိုင်း အဆုံးသတ်မှုတွေ ညံ့ဖျင်းခြင်းက အသင်းကို သက်ရောက်မှု ကြီးစေခဲ့တယ်လို့ မှတ်ချက်ပြုကြတယ်။ ဒီရာသီမှာ ခံစစ်ပိုင်းက အဓိက ပြဿနာဖြစ်နေခဲ့ကာ တိုက်စစ်ပိုင်း ဂိုးမသွင်းနိုင်မှုကလည်း ခေါင်းခဲနေရတဲ့ ကိစ္စဖြစ်ပါတယ်။

လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၇ ပွဲမှာ လီဗာပူးဟာ အသင်းကြီးထဲက ပြိုင်ဘက်အဖြစ် ယူနိုက်တက် တစ်သင်းတည်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ ကျန် ၆ ပွဲကတော့ လိဒ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဝက်စ်ဘရွန်း၊ ဘန်လေ၊ ပဲလေစ့်တို့ဖြစ်တယ်။

ကြံ့ခိုင်မှု ပြန်သက်သာလာတဲ့ လီဗာပူးအသင်းသားတွေ လာမယ့်ရာသီအတွက် အာရုံစူးစိုက်မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် ကြိုးစားနိုင်မှုသည်သာ ဒီရာသီ လီဗာပူးအသင်းအတွက် အမြင့်ဆုံး အောင်မြင်မှုဖြစ်လာပါလိမ့်မယ်။

ZAWGYI

အန္ဖီးကြင္းမွာ ရီးရဲလ္မက္ဒရစ္ကို ဧည့္ခံကစားရာမွာ ၀-၀ ရလဒ္ပဲ ထြက္ေပၚခဲ့မႈနဲ႔အတူ ႏွစ္ေက်ာ့ေပါင္း ရလဒ္ ၁-၃ ျဖင့္ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ကို ကြာတားဖိုင္နယ္အဆင့္ကေန လွည့္ျပန္ခဲ့ရျပီ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္တစ္ေနရာအတြက္ သီယာဂိုကို မထည့္ဘဲ မီလ္နာကို ထည့္သံုးခဲ့တာကလြဲရင္ ၄-၃-၃ ကစားကြက္ကို လူအျပည့္ျဖင့္ ခင္းက်င္းခဲ့တယ္။ ပြဲစကတည္းက ပထမပိုင္း ၄၅ မိနစ္ ျပီးဆံုးခ်ိန္ၾကားမွာ လီဗာပူးရဲ႕ စိတ္လႈပ္ရွားဖို႔ ေကာင္းတဲ့ တိုက္စစ္ကစားဟန္ကို ျမင္ခဲ့ရပါတယ္။

တစ္ပြဲလံုးမွာ ညာအစြန္လူ ထရန္႔ရဲ႕ ေျခစြမ္းက ေတာက္ပခဲ့ျပီး ေရာ္ဘတ္ဆန္၊ နက္ဖီးလစ္တို႔ကလည္း ေကာင္းမြန္တဲ့ ေျခစြမ္းေတြ ျပသခဲ့တယ္။ အယ္လီဆန္ထံက တစ္ဦးခ်င္း ကာကြယ္မႈေကာင္းေတြလည္း ရွိခဲ့ကာ ဆာလာ၊ ဝိုက္နယ္ဒမ္တို႔ အပိုင္အခြင့္အေရးေတြ အသံုးခ်ႏိုင္ခဲ့ရင္ လီဗာပူးက သြင္းဂိုး ၂ ဂိုးေလာက္ရဖို႔ အခြင့္အေရး ရွိခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ ရံွဴးပြဲက ပရိသတ္ေတြကို ဘဝင္မက်ေစေပမယ့္ ရီးရဲလ္မက္ဒရစ္လို အေကာင္းဆံုး ပံုစံေတြရေနတဲ့ အသင္းကို အခြင့္အေရးၾကီး ၄ ၾကိမ္ေလာက္ လုပ္ျပႏိုင္တာက လက္က်န္ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ႏုိင္ပြဲေတြ ရယူျပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၾကိဳးပမ္းဖို႔မွာ အေရးပါလာမယ္လို႔ ေတြးဆေျပာဆိုမႈေတြ ထြက္ေပၚခဲ့ပါတယ္။

ဥေရာပျပိဳင္ပြဲက ထြက္ခဲ့ရေပမယ့္ ထူးခၽြန္ျပီး က်စ္လစ္တ့ဲ စြမ္းေဆာင္ရည္ ျပသႏုိင္ခဲ့တာကိုေတာ့ ပရိသတ္ေတြဘက္က ဝန္ခံျပီး တိုက္စစ္ပိုင္း အဆံုးသတ္မႈေတြ ညံ့ဖ်င္းျခင္းက အသင္းကို သက္ေရာက္မႈ ၾကီးေစခဲ့တယ္လို႔ မွတ္ခ်က္ျပဳၾကတယ္။ ဒီရာသီမွာ ခံစစ္ပိုင္းက အဓိက ျပႆနာျဖစ္ေနခဲ့ကာ တိုက္စစ္ပိုင္း ဂိုးမသြင္းႏုိင္မႈကလည္း ေခါင္းခဲေနရတဲ့ ကိစၥျဖစ္ပါတယ္။

လက္က်န္ ပရီးမီးယားလိဂ္ပြဲ ၇ ပြဲမွာ လီဗာပူးဟာ အသင္းၾကီးထဲက ျပိဳင္ဘက္အျဖစ္ ယူႏိုက္တက္ တစ္သင္းတည္းနဲ႔ပဲ ယွဥ္ျပိဳင္ရမွာျဖစ္ကာ က်န္ ၆ ပြဲကေတာ့ လိဒ္၊ နယူးကာဆယ္၊ ေဆာက္သမ္တန္၊ ဝက္စ္ဘရြန္း၊ ဘန္ေလ၊ ပဲေလစ့္တို႔ျဖစ္တယ္။

ၾကံ႕ခိုင္မႈ ျပန္သက္သာလာတဲ့ လီဗာပူးအသင္းသားေတြ လာမယ့္ရာသီအတြက္ အာရံုစူးစိုက္မႈနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ ၾကိဳးစားႏုိင္မႈသည္သာ ဒီရာသီ လီဗာပူးအသင္းအတြက္ အျမင့္ဆံုး ေအာင္ျမင္မႈျဖစ္လာပါလိမ့္မယ္။