လီဗာပူးအသင်းဟာ ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ကောင်းစွာ ယှဉ်ပြိုင် ခြေစွမ်းကောင်းခဲ့ပေမယ့် ဂိုးမရှိ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ်အရ ချန်ပီယံလိဂ်ကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ရာသီကုန်ထိ လီဗာပူးဟာ ပြည်တွင်း ပရီးမီးယားလိဂ်ပွဲတွေကိုသာ အာရုံစိုက် ကစားရတော့မှာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ နောက်ရာသီ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲဝင်ခွင့် ရဖို့ သူ့အနေနဲ့ အလိုလို ယုံကြည်မှု ရှိပေမယ့် အသင်းသားတွေ အနေနဲ့ကတော့ သေချာပေါက် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ အာမခံချက် ဘာမှ မရှိထားကြောင်း သိဖို့ လိုမယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ လီဗာပူးက အဆင့် ၆ နေရာမှာသာ ရှိနေသေးပြီး အဆင့် ၄ က ဝက်စ်ဟမ်းနဲ့တော့ ၃မှတ်သာ ကွာဟနေပါတယ်။ အဆင့် ၃ နေရာက လက်စတာကလည်း ဝက်စ်ဟမ်းထက် တစ်မှတ်သာ ထားပြီး အဆင့် ၅ နေရာက ချယ်ဆီးကလည်း ဝက်စ်ဟမ်းနဲ့ တစ်မှတ်သာ ကွာပါတယ်။

ထိပ်သီးလေးသင်း ပြိုင်ပွဲဟာ နှစ်နေရာစာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေဆဲ ဖြစ်ပေမယ့် ယာဂင်ကလော့ပ်ကတော့ သူ့အသင်းဟာ အဆင့် ၄ အတွင်း ဝင်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

ရီးရဲလ်နဲ့ ပွဲအပြီးမှာ နောက်ရာသီ လီဗာပူး ချန်ပီယံလိဂ်မှာ ကစားရဖို့ ယုံကြည်မှု ဘယ်လောက် ရှိလဲ မေးခွန်းကို ကလော့ပ်က ” ဒါက ယုံကြည်မှုနဲ့ချည်း မဆိုက်ပါဘူး။ ကျနော့် အနေနဲ့တော့ အလိုလို ယုံကြည်မှု ရှိနေတယ် ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီလိုပြောလို့ အဆင့် ၄ အတွင်း ဝင်ပြီ ပြောမရဘူးလေ။

ကျနော်တို့ အမှတ်ပေးဇယား ကို ကြည့်လို့ရတယ်။ အမှတ် ဘယ်လောက်၊ အခြေအနေက ဘယ်လို စသဖြင့်ပေါ့။ ဘယ်သူတွေနဲ့ ကစားရမယ် ဆိုတာ သိထားတယ်။ ဒါပေမယ့် အများကြီး ပြောနေစရာ မလိုပါဘူး။ ကျနော်တို့ အဆင့် လေး အတွင်း ဝင်ချင်တယ်၊ ဝင်မှ ရမယ်။ အဲဒီလို ဖြစ်ဖို့ အတွက်ဆို ကောင်းကောင်း ကစားရမယ်။

ဒီညမှာ ကျနော်တို့ ကစားခဲ့သလိုဆို ကောင်းပါတယ်။ ဒါပေမယ့် အဆုံးသတ်တွေ ပိုကောင်းခဲ့သင့်ပြီး အဲဒါမှ ထိပ်ဆုံးနားမှာ ရှိနိုင်မှာပါ။ ခုလောလောဆယ် လီဗာပူး ခြေစွမ်းက ဆိုးတယ်လို့ ကျနော် မထင်ပါဘူး။ အက်စတွန်ဗီလာကို နောက်ကျမှ အနိုင်ဂိုး သွင်းခဲ့တယ် ဆိုပေမယ့် ကောင်းခဲ့သလို အာဆင်နယ်နဲ့ ပွဲမှာလည်း ကစားတာ ကောင်းခဲ့တယ်။

ရီးရဲလ်နဲ့ ပွဲကတော့ ပထမအကျော့က သိပ်မကောင်းခဲ့ဘူး ဒါပေမယ့် ဒီတလော တခြားပွဲတွေ မဆိုးလှဘူး။ ဒီညဆို ပွဲကောင်း ကစားခဲ့တယ်။ ဒီတော့ ကျနော်တို့ ဒီအတိုင်း ဆက်ကြိုးစားသွားရမှာပါ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ညက ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့မွာ ရီးရဲလ္မက္ဒရစ္ကို ေကာင္းစြာ ယွဥ္ျပိဳင္ ေျခစြမ္းေကာင္းခဲ့ေပမယ့္ ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ နွစ္ေက်ာ့ေပါင္း ရလဒ္အရ ခ်န္ပီယံလိဂ္ကေန ႏႈတ္ဆက္ ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။ ရာသီကုန္ထိ လီဗာပူးဟာ ျပည္တြင္း ပရီးမီးယားလိဂ္ပြဲေတြကိုသာ အာရံုစိုက္ ကစားရေတာ့မွာပါ။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ေနာက္ရာသီ ခ်န္ပီယံလိဂ္မွာ ျပိဳင္ပြဲ၀င္ခြင့္ ရဖို႔ သူ႔အေနနဲ႕ အလိုလို ယံုၾကည္မႈ ရွိေပမယ့္ အသင္းသားေတြ အေနနဲ႕ကေတာ့ ေသခ်ာေပါက္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရမယ္လို႔ အာမခံခ်က္ ဘာမွ မရွိထားေၾကာင္း သိဖို႔ လိုမယ္လို႔ သတိေပးစကား ဆိုလိုက္ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ လီဗာပူးက အဆင့္ ၆ ေနရာမွာသာ ရွိေနေသးျပီး အဆင့္ ၄ က ၀က္စ္ဟမ္းနဲ႕ေတာ့ ၃မွတ္သာ ကြာဟေနပါတယ္။ အဆင့္ ၃ ေနရာက လက္စတာကလည္း ၀က္စ္ဟမ္းထက္ တစ္မွတ္သာ ထားျပီး အဆင့္ ၅ ေနရာက ခ်ယ္ဆီးကလည္း ၀က္စ္ဟမ္းနဲ႕ တစ္မွတ္သာ ကြာပါတယ္။

ထိပ္သီးေလးသင္း ျပိဳင္ပြဲဟာ နွစ္ေနရာစာအတြက္ ျပိဳင္ဆိုင္မႈ ျပင္းထန္ေနဆဲ ျဖစ္ေပမယ့္ ယာဂင္ကေလာ့ပ္ကေတာ့ သူ႔အသင္းဟာ အဆင့္ ၄ အတြင္း ၀င္နုိင္ေသးတယ္လို႕ ယံုၾကည္ေနပါတယ္။

ရီးရဲလ္နဲ႕ ပြဲအျပီးမွာ ေနာက္ရာသီ လီဗာပူး ခ်န္ပီယံလိဂ္မွာ ကစားရဖို႔ ယံုၾကည္မႈ ဘယ္ေလာက္ ရွိလဲ ေမးခြန္းကို ကေလာ့ပ္က ” ဒါက ယံုၾကည္မႈနဲ႕ခ်ည္း မဆိုက္ပါဘူး။ က်ေနာ့္ အေနနဲ႕ေတာ့ အလိုလို ယံုၾကည္မႈ ရွိေနတယ္ ေျပာလို႔ ရပါတယ္။ ဒါေပမယ့္ ဒီလိုေျပာလို႔ အဆင့္ ၄ အတြင္း ၀င္ျပီ ေျပာမရဘူးေလ။

က်ေနာ္တို႔ အမွတ္ေပးဇယား ကို ၾကည့္လို႔ရတယ္။ အမွတ္ ဘယ္ေလာက္၊ အေျခအေနက ဘယ္လို စသျဖင့္ေပါ့။ ဘယ္သူေတြနဲ႕ ကစားရမယ္ ဆိုတာ သိထားတယ္။ ဒါေပမယ့္ အမ်ားၾကီး ေျပာေနစရာ မလိုပါဘူး။ က်ေနာ္တို႔ အဆင့္ ေလး အတြင္း ၀င္ခ်င္တယ္၊ ၀င္မွ ရမယ္။ အဲဒီလို ျဖစ္ဖို႔ အတြက္ဆို ေကာင္းေကာင္း ကစားရမယ္။

ဒီညမွာ က်ေနာ္တို႔ ကစားခဲ့သလိုဆို ေကာင္းပါတယ္။ ဒါေပမယ့္ အဆံုးသတ္ေတြ ပိုေကာင္းခဲ့သင့္ျပီး အဲဒါမွ ထိပ္ဆံုးနားမွာ ရွိနိုင္မွာပါ။ ခုေလာေလာဆယ္ လီဗာပူး ေျခစြမ္းက ဆိုးတယ္လို႔ က်ေနာ္ မထင္ပါဘူး။ အက္စတြန္ဗီလာကို ေနာက္က်မွ အနုိင္ဂိုး သြင္းခဲ့တယ္ ဆိုေပမယ့္ ေကာင္းခဲ့သလို အာဆင္နယ္နဲ႕ ပြဲမွာလည္း ကစားတာ ေကာင္းခဲ့တယ္။

ရီးရဲလ္နဲ႕ ပြဲကေတာ့ ပထမအေက်ာ့က သိပ္မေကာင္းခဲ့ဘူး ဒါေပမယ့္ ဒီတေလာ တျခားပြဲေတြ မဆိုးလွဘူး။ ဒီညဆို ပြဲေကာင္း ကစားခဲ့တယ္။ ဒီေတာ့ က်ေနာ္တို႔ ဒီအတိုင္း ဆက္ၾကိဳးစားသြားရမွာပါ။ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။