ဥရောပနဲ့ အင်္ဂလန်ချန်ပီယံတွေအဖြစ် အောင်မြင်မှုတွေ အများကြီး ရရှိထားတဲ့ လီဗာပူးအသင်းဟာ ဒီဘက်နှစ်တွေမှာတော့ ဆိုးသွမ်းပရိသတ်တွေကြောင့် အသင်းပုံရိပ် ကျဆင်းမှုတွေကို ရင်ဆိုင်နေရပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ပွဲမှာ မာနေး၊ ကိတ်တာ၊ ထရန့်တို့ကို အသင်းပရိသတ်တွေ ကိုယ်တိုင်က လူမျိုးရေးခွဲခြားမှုဖြင့် လှောင်ပြောင်ခဲ့ကြတယ်။ ရီးရဲလ်မက်ဒရစ် အသင်းသား အချို့ကိုလည်း လူမျိုးရေး ခွဲခြားခဲ့သေးတယ်လို့ သိရပြီး ဒီကိစ္စတွေကြောင့်ပဲ ကလပ်ဘက်က အသင်းပရိသတ်တွေရဲ့ မလျော်ကန်သော အပြုအမှုအပေါ် တရားဝင် ဝေဖန်ချက် ထုတ်ပြန်ခဲ့ရပါတယ်။

ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်က လီဗာပူးအသင်းထံ လာရောက်ရာမှာ ပရိသတ် အချို့က ရီးရဲလ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေ စီးနှင်းလာတဲ့ ဘက်စ်ကားကို ခဲလုံးတွေ၊ ပုလင်းတွေဖြင့် ပစ်ပေါက်မှုတွေ လုပ်ခဲ့ကြပြန်တာပါ။ မာဆေးဆိုဒ် ရဲအဖွဲ့ကတော့ အဆိုပါ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပါမယ်လို့ ကြေညာခဲ့တယ်။

လီဗာပူးဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ရီးရဲလ်မက်ဒရစ် အသင်းဘက်စ်ကားကို အန်ဖီးကွင်းပြင်ပမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အပေါ် တိကျတဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ ဆိုတယ်။ အခုလို ပရိသတ်အချို့ရဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်ပြီး အရှက်ရစရာ လုပ်ရပ်အဖြစ်လည်း ဝေဖန် ရှုတ်ချသွားခဲ့ပါတယ်။

လီဗာပူးအသင်းက ဧည့်သည် ရီးရဲလ်မက်ဒရစ်ကို ရိုးသားစွာ တောင်းပန်ကြောင်းနဲ့ မာဆေးဆိုဒ် ရဲအဖွဲ့ဖြင့် ပူးပေါင်းပြီး လုပ်ဆောင်သူတွေကို ဖော်ထုတ်နိုင်ဖို့ တာဝန်ယူသွားမယ်လို့ ကြေညာခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ အသင်းအပေါ် စိတ်နှစ်မြုပ်ပြီး အားပေးတတ်တဲ့ ပရိသတ်တွေနဲ့အတူ နာမည်ကြီးပေမယ့်လည်း ဒီဘက်နှစ်တွေမှာတော့ အခြားသော ထိပ်တန်းကလပ်တွေလို ဆိုးသွမ်းပရိသတ်တွေရဲ့ ပြဿနာရှာမှုတွေကို ပြင်ပမှာကော လူမှုကွန်ယက်တွေမှာပါ ရင်ဆိုင်လာနေရတာဖြစ်ပါတယ်။

ZAWGYI

ဥေရာပနဲ႔ အဂၤလန္ခ်န္ပီယံေတြအျဖစ္ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရရွိထားတဲ့ လီဗာပူးအသင္းဟာ ဒီဘက္ႏွစ္ေတြမွာေတာ့ ဆိုးသြမ္းပရိသတ္ေတြေၾကာင့္ အသင္းပံုရိပ္ က်ဆင္းမႈေတြကို ရင္ဆိုင္ေနရပါတယ္။

ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္တဲ့ပြဲမွာ မာေနး၊ ကိတ္တာ၊ ထရန္႔တို႔ကို အသင္းပရိသတ္ေတြ ကိုယ္တိုင္က လူမ်ိဳးေရးခြဲျခားမႈျဖင့္ ေလွာင္ေျပာင္ခဲ့ၾကတယ္။ ရီးရဲလ္မက္ဒရစ္ အသင္းသား အခ်ိဳ႔ကိုလည္း လူမ်ိဳးေရး ခြဲျခားခဲ့ေသးတယ္လို႔ သိရျပီး ဒီကိစၥေတြေၾကာင့္ပဲ ကလပ္ဘက္က အသင္းပရိသတ္ေတြရဲ႕ မေလ်ာ္ကန္ေသာ အျပဳအမႈအေပၚ တရားဝင္ ေဝဖန္ခ်က္ ထုတ္ျပန္ခဲ့ရပါတယ္။

ဒုတိယအေက်ာ့အျဖစ္ ရီးရဲလ္မက္ဒရစ္က လီဗာပူးအသင္းထံ လာေရာက္ရာမွာ ပရိသတ္ အခ်ိဳ႔က ရီးရဲလ္ကစားသမားေတြနဲ႔ ဝန္ထမ္းေတြ စီးႏွင္းလာတဲ့ ဘက္စ္ကားကို ခဲလံုးေတြ၊ ပုလင္းေတြျဖင့္ ပစ္ေပါက္မႈေတြ လုပ္ခဲ့ၾကျပန္တာပါ။ မာေဆးဆိုဒ္ ရဲအဖြဲ႔ကေတာ့ အဆိုပါ ကိစၥအတြက္ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ပါမယ္လို႔ ေၾကညာခဲ့တယ္။

လီဗာပူးဘက္က ေျပာေရးဆိုခြင့္ရွိသူကေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းဘက္စ္ကားကို အန္ဖီးကြင္းျပင္ပမွာ တိုက္ခိုက္မႈ ျဖစ္ခဲ့တဲ့အေပၚ တိက်တဲ့ အေရးယူမႈေတြ ျပဳလုပ္မယ္လို႔ ဆိုတယ္။ အခုလို ပရိသတ္အခ်ိဳ႔ရဲ႕ လုပ္ရပ္ဟာ လက္မခံႏုိင္စရာျဖစ္ျပီး အရွက္ရစရာ လုပ္ရပ္အျဖစ္လည္း ေဝဖန္ ရႈတ္ခ်သြားခဲ့ပါတယ္။

လီဗာပူးအသင္းက ဧည့္သည္ ရီးရဲလ္မက္ဒရစ္ကို ရိုးသားစြာ ေတာင္းပန္ေၾကာင္းနဲ႔ မာေဆးဆိုဒ္ ရဲအဖြဲ႔ျဖင့္ ပူးေပါင္းျပီး လုပ္ေဆာင္သူေတြကို ေဖာ္ထုတ္ႏုိင္ဖို႔ တာဝန္ယူသြားမယ္လို႔ ေၾကညာခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ အသင္းအေပၚ စိတ္ႏွစ္ျမဳပ္ျပီး အားေပးတတ္တဲ့ ပရိသတ္ေတြနဲ႔အတူ နာမည္ၾကီးေပမယ့္လည္း ဒီဘက္ႏွစ္ေတြမွာေတာ့ အျခားေသာ ထိပ္တန္းကလပ္ေတြလို ဆိုးသြမ္းပရိသတ္ေတြရဲ႕ ျပႆနာရွာမႈေတြကို ျပင္ပမွာေကာ လူမႈကြန္ယက္ေတြမွာပါ ရင္ဆိုင္လာေနရတာျဖစ္ပါတယ္။