တယ်လီဂရပ်ရဲ့ လီဗာပူးသတင်းထောက် Chris Bascombe က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရစဉ် ကလော့ပ် အသုံးပြုခဲ့တဲ့ လူစာရင်းဟာ ၂၀၁၉ ချန်ပီယံလိဂ်ဖလား အနိုင်ရ အသင်းသား အများစု ပါဝင်ခဲ့တဲ့ အသင်းဖြစ်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့တယ်။

ပွဲထွက်လူစာရင်းမှာ သီယာဂိုနဲ့ ဂျိုတာတို့ကို ချန်လှပ်ခဲ့မှုအပေါ်လည်း Chris Bascombe က မေးခွန်းထုတ်ခဲ့ပြီး သူတို့လို အလားအလာနဲ့ အရည်အချင်းရှိ ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်ဖို့ ရည်ရွယ်ချက်မရှိရင် လာမယ့်ရာသီမှာ မန်နေဂျာကလော့ပ်က ပိုကောင်းတဲ့ အားဖြည့်မှုတွေကို ပြုလုပ်ဖို့ စီစဉ်ရမယ်လို့ အကြံပြုခဲ့တယ်။

Chris Bascombe က ” ကုန်ခဲ့တဲ့ သုံးနှစ်က ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီးနောက်မှာ အက်လီဆန်နဲ့ ဖာဘင်ညိုတို့က မရှိမဖြစ် ကစားသမားတွေအဖြစ် တောက်ပလာပြီး ကစားပွဲကို ပြောင်းလဲဖို့ အင်အားဖြည့်တင်းမှုတွေ ဖြစ်လာခဲ့တယ်။

ကုန်ခဲ့တဲ့ နွေအပြောင်းအရွှေ့ကလည်း သီယာဂိုနဲ့ ဂျိုတာတို့ကို လက်မှတ်ထိုး ခေါ်ယူခဲ့တယ်။ သူတို့ဟာ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ဂျိုတာရဲ့ အလားအလာက မေးခွန်းထုတ်စရာ မလိုပါဘူး။ သီယာဂိုနဲ့ ဂျိုတာတို့လို အရည်အချင်းနဲ့ သူတို့ကို ပွဲကစားခွင့်တွေအတွက် မစဉ်းစားဘူး၊ ကလပ်က ပွဲတွေအတွက် သူတို့ကို အာမခံချက် မပေးဘူးဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့အတွက် လီဗာပူးက ကစားသမား ရှာဖွေမှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ လိုနေပါပြီ။

ကလော့ပ်မှာ ရွေးချယ်စရာတွေရှိပေမယ့် တူညီတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး သွားနိုင်မလား မေးခွန်းထုတ်စရာ ရှိပါတယ်။ အဓိက ခံစစ်မှူး နှစ်ဦးနဲ့ ဟန်ဒါဆန် မပါတာကလွဲရင် ရီးရဲလ်မက်ဒရစ်ကို အနိုင်မရခဲ့တဲ့ လူစာရင်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ လူစာရင်းပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

တယ္လီဂရပ္ရဲ႕ လီဗာပူးသတင္းေထာက္ Chris Bascombe က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့ရစဥ္ ကေလာ့ပ္ အသံုးျပဳခဲ့တဲ့ လူစာရင္းဟာ ၂၀၁၉ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရ အသင္းသား အမ်ားစု ပါဝင္ခဲ့တဲ့ အသင္းျဖစ္ေၾကာင္း သတိေပးမႈ ျပဳလုပ္ခဲ့တယ္။

ပြဲထြက္လူစာရင္းမွာ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို ခ်န္လွပ္ခဲ့မႈအေပၚလည္း Chris Bascombe က ေမးခြန္းထုတ္ခဲ့ျပီး သူတို႔လို အလားအလာနဲ႔ အရည္အခ်င္းရွိ ကစားသမားေတြကို ပြဲထြက္လူစာရင္းထဲ ထည့္ဖို႔ ရည္ရြယ္ခ်က္မရွိရင္ လာမယ့္ရာသီမွာ မန္ေနဂ်ာကေလာ့ပ္က ပိုေကာင္းတဲ့ အားျဖည့္မႈေတြကို ျပဳလုပ္ဖို႔ စီစဥ္ရမယ္လို႔ အၾကံျပဳခဲ့တယ္။

Chris Bascombe က ” ကုန္ခဲ့တဲ့ သံုးႏွစ္က ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ျပီးေနာက္မွာ အက္လီဆန္နဲ႔ ဖာဘင္ညိဳတို႔က မရွိမျဖစ္ ကစားသမားေတြအျဖစ္ ေတာက္ပလာျပီး ကစားပြဲကို ေျပာင္းလဲဖို႔ အင္အားျဖည့္တင္းမႈေတြ ျဖစ္လာခဲ့တယ္။

ကုန္ခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔ကလည္း သီယာဂိုနဲ႔ ဂ်ိဳတာတို႔ကို လက္မွတ္ထိုး ေခၚယူခဲ့တယ္။ သူတို႔ဟာ ပြဲထြက္လူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရပါတယ္။ ဂ်ိဳတာရဲ႕ အလားအလာက ေမးခြန္းထုတ္စရာ မလိုပါဘူး။ သီယာဂိုနဲ႔ ဂ်ိဳတာတို႔လို အရည္အခ်င္းနဲ႔ သူတို႔ကို ပြဲကစားခြင့္ေတြအတြက္ မစဥ္းစားဘူး၊ ကလပ္က ပြဲေတြအတြက္ သူတို႔ကို အာမခံခ်က္ မေပးဘူးဆိုရင္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔အတြက္ လီဗာပူးက ကစားသမား ရွာေဖြမႈေတြကို ဆက္လက္ လုပ္ေဆာင္ဖို႔ လိုေနပါျပီ။

ကေလာ့ပ္မွာ ေရြးခ်ယ္စရာေတြရွိေပမယ့္ တူညီတဲ့ ကစားသမားေတြနဲ႔ အေကာင္းဆံုး သြားႏုိင္မလား ေမးခြန္းထုတ္စရာ ရွိပါတယ္။ အဓိက ခံစစ္မွဴး ႏွစ္ဦးနဲ႔ ဟန္ဒါဆန္ မပါတာကလြဲရင္ ရီးရဲလ္မက္ဒရစ္ကို အႏုိင္မရခဲ့တဲ့ လူစာရင္းဟာ လြန္ခဲ့တဲ့ နွစ္ႏွစ္က ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ လူစာရင္းပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။