လီဗာပူးနဲ့ လိဒ်တို့ဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရာသီအစောပိုင်းပွဲမှာ လီဗာပူးက အနိုင်ရခဲ့တယ် ဆိုပေမယ့် လိဒ်ကလည်း အတော်လေး ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်ခဲ့တာပါ။ လိဒ်ဟာ တိုက်စစ်ကို ဦးစားပေးပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားပုံရှိတဲ့အသင်းဖြစ်တယ်။ လိဒ်မန်နေဂျာ ဘီရယ်ဆာက လီဗာပူးအသင်းနဲ့ ပက်သက်လို့ အခုလို မြင်ပါတယ်။

ဘီရယ်ဆာက “ လီဗာပူးကစားတာကို ကျနော် ကြိုက်ပါတယ်။ သူတို့က သူတို့ပုံစံအတိုင်းပဲ ကစားပါတယ်။ ကျနော်အတွက်တော့ အသင်းတစ်သင်းအနေနဲ့ အဲ့လို လုပ်နိုင်တာဟာ ကျေနပ်စရာပါပဲ။

ဘောလုံးလက်ခံရယူဖို့ ပြင်ဆင်ထားခြင်း မရှိတဲ့ ကစားသမား တစ်ဦးမှ သူတို့အသင်းမှာ မရှိပါဘူး။ ကွင်းရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ ဘောလုံးအပေါ် သူတို့ စီမံနိုင်စွမ်းရှိပါတယ်။

သူတို့မှာ သိပ်ကောင်းတဲ့ တိုက်စစ်စွမ်းအင်တွေ ရှိပါတယ်။ သူတို့ရဲ့ အစွန်သမားတွေက တောင်ပသမားတွေလိုကစားတယ်၊ တောင်ပံသမားတွေက အထောင်တိုက်စစ်သမားတွေလို ကစားကြပါတယ်။

သူတို့က ဘောလုံးကို အဆက်မပြတ် ကစားနိုင်ဖို့ ကြိုးစားနေတဲ့ အသင်းလို့ ကျနော် ထင်တယ်။ သူတို့ကို ခန့်မှန်းလို့ မရဘူး။ သူတို့က အမြဲတမ်း တိုက်စစ်ဆင်နေပြီး ခံစစ်ကို ကာကွယ်ဖို့ထက် တိုက်စစ်ပိုင်းမှာ အချိန် အများအပြား ကုန်ဆုံးနေကြပါတယ်။

သူတို့ ခံစစ် ကာကွယ်ဖို့လိုချိန်မှာ အကောင်းဆုံး ခုခံကြတယ်။ တိုက်စစ်အတွက် သူတို့ သုံးရတဲ့ စွမ်းအားနဲ့ တူညီစွာကို ထည့်သွင်း ကာကွယ်ကြတယ်။ အသင်းတိုင်းလိုပဲ လီဗာပူးက တက်လိုက် ဆင်းလိုက် ကစားနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ လိဒ္တို႔ဟာ ဒီအပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ အျဖစ္ ထိပ္တိုက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ရာသီအေစာပိုင္းပြဲမွာ လီဗာပူးက အႏုိင္ရခဲ့တယ္ ဆိုေပမယ့္ လိဒ္ကလည္း အေတာ္ေလး ေကာင္းေကာင္းမြန္မြန္ တုန္႔ျပန္ႏုိင္ခဲ့တာပါ။ လိဒ္ဟာ တိုက္စစ္ကို ဦးစားေပးျပီး ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ကစားပံုရွိတဲ့အသင္းျဖစ္တယ္။ လိဒ္မန္ေနဂ်ာ ဘီရယ္ဆာက လီဗာပူးအသင္းနဲ႔ ပက္သက္လို႔ အခုလို ျမင္ပါတယ္။

ဘီရယ္ဆာက “ လီဗာပူးကစားတာကို က်ေနာ္ ၾကိဳက္ပါတယ္။ သူတို႔က သူတို႔ပံုစံအတိုင္းပဲ ကစားပါတယ္။ က်ေနာ္အတြက္ေတာ့ အသင္းတစ္သင္းအေနနဲ႔ အဲ့လို လုပ္ႏုိင္တာဟာ ေက်နပ္စရာပါပဲ။

ေဘာလံုးလက္ခံရယူဖို႔ ျပင္ဆင္ထားျခင္း မရွိတဲ့ ကစားသမား တစ္ဦးမွ သူတို႔အသင္းမွာ မရွိပါဘူး။ ကြင္းရဲ႕ ဘယ္ေနရာမွာပဲ ရွိေနပါေစ ေဘာလံုးအေပၚ သူတို႔ စီမံႏုိင္စြမ္းရွိပါတယ္။

သူတို႔မွာ သိပ္ေကာင္းတဲ့ တုိက္စစ္စြမ္းအင္ေတြ ရွိပါတယ္။ သူတို႔ရဲ႕ အစြန္သမားေတြက ေတာင္ပသမားေတြလိုကစားတယ္၊ ေတာင္ပံသမားေတြက အေထာင္တိုက္စစ္သမားေတြလို ကစားၾကပါတယ္။

သူတို႔က ေဘာလံုးကို အဆက္မျပတ္ ကစားႏုိင္ဖို႔ ၾကိဳးစားေနတဲ့ အသင္းလို႔ က်ေနာ္ ထင္တယ္။ သူတို႔ကို ခန္႔မွန္းလို႔ မရဘူး။ သူတို႔က အျမဲတမ္း တိုက္စစ္ဆင္ေနျပီး ခံစစ္ကို ကာကြယ္ဖို႔ထက္ တိုက္စစ္ပိုင္းမွာ အခ်ိန္ အမ်ားအျပား ကုန္ဆံုးေနၾကပါတယ္။

သူတို႔ ခံစစ္ ကာကြယ္ဖို႔လိုခ်ိန္မွာ အေကာင္းဆံုး ခုခံၾကတယ္။ တိုက္စစ္အတြက္ သူတို႔ သံုးရတဲ့ စြမ္းအားနဲ႔ တူညီစြာကို ထည့္သြင္း ကာကြယ္ၾကတယ္။ အသင္းတိုင္းလိုပဲ လီဗာပူးက တက္လိုက္ ဆင္းလိုက္ ကစားႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။