လီဗာပူး ကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်သာ ရာသီကုန်မှာ ထွက်ခွာဖြစ်ရင် အသင့် အစားထိုးဖို့ ပရီးမီးယားလိဂ်မှာ ကစားနေပြီးသား ဘရိုက်တန် ကွင်းလယ်ကစားသမား ဘစ်ဆိုမာ ကို ခေါ်ယူဖို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

ရာသီကုန်မှာ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဝိုက်နယ်ဒန်ရဲ့ အနာဂတ်က အခုထိ မဆုံးဖြတ်ရသေးဘဲ နယ်သာလန် လက်ရွေးစင် ကစားသမားကို ဘာစီလိုနာကလည်း အလေးအနက် ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။ ၎င်း အနေအထား မသေချာတော့တာကြောင့် လီဗာပူးဟာ ကွင်းလယ်မှာ အင်အားဖြည့် ခေါ်ယူဖို့ ကစားသမား ရှာဖွေရတော့မှာ ဖြစ်ပြီး ဘန်းစ်က ဘစ်ဆိုမာ ကို ခေါ်ဖို့ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမား ဘစ်ဆိုမာဟာ ဘရိုက်တန် ကွင်းလယ်မှာ ဒီရာသီ တောက်ပနေသူ ဖြစ်ပြီး လာမယ့် နွေမှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဘန်းစ်ကတော့ ဘစ်ဆိုမာဟာ လီဗာပူး ကွင်းလယ်မှာ တခါတည်း အံဝင်နိုင်မယ့်သူ ဖြစ်တယ်လို့ ယူဆနေပါတယ်။

” ဘစ်ဆိုမာက လီဗာပူးလို အသင်း တစ်သင်းမှာ ဝင် ကစားနိုင်တဲ့ အရည်အသွေး ရှိထားသူပါ။ ယာဂင်ကလော့ပ် အလိုရှိနေတဲ့ ကွင်းလယ် သုံးယောက်တန်းမှာ ဝင်ဖြည့်နိုင်တဲ့သူ ဖြစ်တယ်။ ခံစစ် ကစားရာမှာလည်း သူက သန်မာသလို အလုပ်ကြိုးစားတယ်။ ဘောလုံးနဲ့ အတူ လျင်လျင်မြန်မြန် ရွေ့လျားနိုင်တယ်။

အခုရော နောက်ကျရင်ပါ သူက လိုရင် လိုသလို ဘောလုံး ဖြတ်ယူတာတွေ လုပ်နိုင်တယ်။ ဘရိုက်တန် က ပုံစံ အကြောင်း မပြောရင်တောင် အရင်တုန်းက သူ ကစားနိုင်ခဲ့တာ ကို သိကြပါတယ်။

အင်္ဂလန်မှာ ကစားနေတဲ့ ကစားသမားတွေထဲမှာ လီဗာပူးရဲ့ ကွင်းလယ် သုံးယောက်တန်းပုံစံနဲ့ အံဝင်နိုင်တဲ့ သူ တစ်ဦး ဖြစ်တယ်။ သူက ဝိုက်နယ်ဒန်နဲ့ တူတယ်။ သူ့ တိုက်စစ်က ဂျီနီ (ဝိုက်နယ်ဒန်) လို မဟုတ်နေပေမယ့် ဒါကလည်း ဘရိုက်တန် ဘောလုံး ကစားတဲ့ ပုံစံကြောင့်ပါ။