လီဗာပူး ကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်ကတော့ ကွင်းလယ် ကစားသမား ဝိုက်နယ်ဒန်သာ ရာသီကုန်မှာ ထွက်ခွာဖြစ်ရင် အသင့် အစားထိုးဖို့ ပရီးမီးယားလိဂ်မှာ ကစားနေပြီးသား ဘရိုက်တန် ကွင်းလယ်ကစားသမား ဘစ်ဆိုမာ ကို ခေါ်ယူဖို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

ရာသီကုန်မှာ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဝိုက်နယ်ဒန်ရဲ့ အနာဂတ်က အခုထိ မဆုံးဖြတ်ရသေးဘဲ နယ်သာလန် လက်ရွေးစင် ကစားသမားကို ဘာစီလိုနာကလည်း အလေးအနက် ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။ ၎င်း အနေအထား မသေချာတော့တာကြောင့် လီဗာပူးဟာ ကွင်းလယ်မှာ အင်အားဖြည့် ခေါ်ယူဖို့ ကစားသမား ရှာဖွေရတော့မှာ ဖြစ်ပြီး ဘန်းစ်က ဘစ်ဆိုမာ ကို ခေါ်ဖို့ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမား ဘစ်ဆိုမာဟာ ဘရိုက်တန် ကွင်းလယ်မှာ ဒီရာသီ တောက်ပနေသူ ဖြစ်ပြီး လာမယ့် နွေမှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဘန်းစ်ကတော့ ဘစ်ဆိုမာဟာ လီဗာပူး ကွင်းလယ်မှာ တခါတည်း အံဝင်နိုင်မယ့်သူ ဖြစ်တယ်လို့ ယူဆနေပါတယ်။

” ဘစ်ဆိုမာက လီဗာပူးလို အသင်း တစ်သင်းမှာ ဝင် ကစားနိုင်တဲ့ အရည်အသွေး ရှိထားသူပါ။ ယာဂင်ကလော့ပ် အလိုရှိနေတဲ့ ကွင်းလယ် သုံးယောက်တန်းမှာ ဝင်ဖြည့်နိုင်တဲ့သူ ဖြစ်တယ်။ ခံစစ် ကစားရာမှာလည်း သူက သန်မာသလို အလုပ်ကြိုးစားတယ်။ ဘောလုံးနဲ့ အတူ လျင်လျင်မြန်မြန် ရွေ့လျားနိုင်တယ်။

အခုရော နောက်ကျရင်ပါ သူက လိုရင် လိုသလို ဘောလုံး ဖြတ်ယူတာတွေ လုပ်နိုင်တယ်။ ဘရိုက်တန် က ပုံစံ အကြောင်း မပြောရင်တောင် အရင်တုန်းက သူ ကစားနိုင်ခဲ့တာ ကို သိကြပါတယ်။

အင်္ဂလန်မှာ ကစားနေတဲ့ ကစားသမားတွေထဲမှာ လီဗာပူးရဲ့ ကွင်းလယ် သုံးယောက်တန်းပုံစံနဲ့ အံဝင်နိုင်တဲ့ သူ တစ်ဦး ဖြစ်တယ်။ သူက ဝိုက်နယ်ဒန်နဲ့ တူတယ်။ သူ့ တိုက်စစ်က ဂျီနီ (ဝိုက်နယ်ဒန်) လို မဟုတ်နေပေမယ့် ဒါကလည်း ဘရိုက်တန် ဘောလုံး ကစားတဲ့ ပုံစံကြောင့်ပါ။

ဘစ်ဆိုမာသာ အလိုရှိရင် သူက လုပ်ပြနိုင်ပါတယ်။ အခုမှ ၂၄ နှစ်ပဲ ရှိသေးတဲ့ ငယ်ရွယ်တဲ့ ကစားသမားပါ။ သူသာဆို လီဗာပူးနဲ့ အကိုက်ပါပဲ။ ” လို့ ဂျွန် ဘန်းစ်က သုံးသပ် အကြံပြု ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူး ကစားသမားေဟာင္းၾကီး ဂၽြန္ဘန္းစ္ကေတာ့ ကြင္းလယ္ ကစားသမား ၀ိုက္နယ္ဒန္သာ ရာသီကုန္မွာ ထြက္ခြာျဖစ္ရင္ အသင့္ အစားထိုးဖို႔ ပရီးမီးယားလိဂ္မွာ ကစားေနျပီးသား ဘရိုက္တန္ ကြင္းလယ္ကစားသမား ဘစ္ဆိုမာ ကို ေခၚယူဖို႔ အၾကံျပဳ တိုက္တြန္းသြားခဲ့ပါတယ္။

ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ေပမယ့္ ၀ိုက္နယ္ဒန္ရဲ႕ အနာဂတ္က အခုထိ မဆံုးျဖတ္ရေသးဘဲ နယ္သာလန္ လက္ေရြးစင္ ကစားသမားကို ဘာစီလိုနာကလည္း အေလးအနက္ ခ်ိတ္ဆက္ေနျပီ ျဖစ္ပါတယ္။ ၄င္း အေနအထား မေသခ်ာေတာ့တာေၾကာင့္ လီဗာပူးဟာ ကြင္းလယ္မွာ အင္အားျဖည့္ ေခၚယူဖို႔ ကစားသမား ရွာေဖြရေတာ့မွာ ျဖစ္ျပီး ဘန္းစ္က ဘစ္ဆိုမာ ကို ေခၚဖို႔ တိုက္တြနး္လာခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမား ဘစ္ဆိုမာဟာ ဘရိုက္တန္ ကြင္းလယ္မွာ ဒီရာသီ ေတာက္ပေနသူ ျဖစ္ျပီး လာမယ့္ ေႏြမွာ ပရီးမီးယားလိဂ္ အသင္းၾကီး တစ္သင္းသင္းထံ ေျပာင္းေရႊ႕ဖြယ္ ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။ ဘန္းစ္ကေတာ့ ဘစ္ဆိုမာဟာ လီဗာပူး ကြင္းလယ္မွာ တခါတည္း အံ၀င္နုိင္မယ့္သူ ျဖစ္တယ္လို႔ ယူဆေနပါတယ္။

” ဘစ္ဆိုမာက လီဗာပူးလို အသင္း တစ္သင္းမွာ ၀င္ ကစားနုိင္တဲ့ အရည္အေသြး ရွိထားသူပါ။ ယာဂင္ကေလာ့ပ္ အလိုရွိေနတဲ့ ကြင္းလယ္ သံုးေယာက္တန္းမွာ ၀င္ျဖည့္နိုင္တဲ့သူ ျဖစ္တယ္။ ခံစစ္ ကစားရာမွာလည္း သူက သန္မာသလို အလုပ္ၾကိဳးစားတယ္။ ေဘာလံုးနဲ႕ အတူ လ်င္လ်င္ျမန္ျမန္ ေရြ႕လ်ားနုိင္တယ္။

အခုေရာ ေနာက္က်ရင္ပါ သူက လိုရင္ လိုသလို ေဘာလံုး ျဖတ္ယူတာေတြ လုပ္နုိင္တယ္။ ဘရိုက္တန္ က ပံုစံ အေၾကာင္း မေျပာရင္ေတာင္ အရင္တုန္းက သူ ကစားနုိင္ခဲ့တာ ကို သိၾကပါတယ္။

အဂၤလန္မွာ ကစားေနတဲ့ ကစားသမားေတြထဲမွာ လီဗာပူးရဲ႕ ကြင္းလယ္ သံုးေယာက္တန္းပံုစံနဲ႕ အံ၀င္နိုင္တဲ့ သူ တစ္ဦး ျဖစ္တယ္။ သူက ၀ိုက္နယ္ဒန္နဲ႕ တူတယ္။ သူ႔ တိုက္စစ္က ဂ်ီနီ (၀ိုက္နယ္ဒန္) လို မဟုတ္ေနေပမယ့္ ဒါကလည္း ဘရိုက္တန္ ေဘာလံုး ကစားတဲ့ ပံုစံေၾကာင့္ပါ။

ဘစ္ဆိုမာသာ အလိုရွိရင္ သူက လုပ္ျပနိုင္ပါတယ္။ အခုမွ ၂၄ နွစ္ပဲ ရွိေသးတဲ့ ငယ္ရြယ္တဲ့ ကစားသမားပါ။ သူသာဆို လီဗာပူးနဲ႕ အကိုက္ပါပဲ။ ” လို႔ ဂၽြန္ ဘန္းစ္က သံုးသပ္ အၾကံျပဳ ေျပာဆိုခဲ့ပါတယ္။