ဒီအပတ်မှာတော့ အက်ဖ်အေပွဲကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် လိဒ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လိဒ်ဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ အသင်းဖြစ်ပြီး လီဗာပူးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ပြန်လည် ရုန်းကန်လာတဲ့အသင်းဖြစ်လို့ ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာမယ်လို့ ခန့်မှန်းခံနေရတယ်။ နှစ်သင်းအနက် လီဗာပူးကတော့ ရလဒ်တွေ လိုအပ်နေတဲ့ အသင်းဖြစ်ပါတယ်။

အိုဝင်က ပြောရာမှာ ” အရင်ပွဲက ကြာတော့ကြာခဲ့ပါပြီ သို့ပေမယ့် လီဗာပူးကို ၄-၃ ဖြင့် အရေးနိမ့်ပြီးနောက်မှာ လိဒ်ဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီရအောင် အကောင်းဆုံး ကြိုးစားနိုင်ခဲ့တယ်။

အီးသီးဟတ်မှာ လတ်လတ်ဆတ်ဆတ် နိုင်ပွဲရထားတဲ့ လိဒ်တို့က အိမ်ကွင်းမှာ စိတ်ဓါတ်ပိုင်း အမြင့်ဆုံးကို ရောက်နေမှာဖြစ်တယ်။ လိဒ်အတွက် အကောင်းမြင်စရာ တစ်ခုကတော့ ကြားရက်တုန်းက လီဗာပူးက ဥရောပပွဲကို ကစားထားခြင်းဖြစ်ပြီး စီးတီးကို အနိုင်ရခဲ့တဲ့ လိဒ်က အားသာချက်တွေ ရှိနေပါတယ်။

လီဗာပူးရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေမှာ တိုးတက်မှုတွေကို မြင်နေရတယ်။ အထူးသဖြင့် ပြည်တွင်းပွဲတွေကို အဝေးကွင်းတွေထံ သွားရောက် ယှဉ်ပြိုင်ရာမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီပွဲမှာ လီဗာပူးက ကျဉ်းမြောင်းတဲ့ ရလဒ်ဖြင့် အနိုင်ရသွားနိုင်ပါတယ် ” လို့ သုံးသပ်သွားခဲ့တယ်။

လိဒ်ယူနိုက်တက်နဲ့ လီဗာပူးပွဲအတွက် အိုဝင်ရဲ့ ရလဒ်ခန့်မှန်းကတော့ လီဗာပူးက ၂-၁ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ အက္ဖ္ေအပြဲကေန ထြက္ခြာခဲ့ျပီျဖစ္တဲ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲအျဖစ္ လိဒ္ယူႏုိက္တက္ႏွင့္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လိဒ္ဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနတဲ့ အသင္းျဖစ္ျပီး လီဗာပူးကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ျပန္လည္ ရုန္းကန္လာတဲ့အသင္းျဖစ္လို႔ ၾကည့္ေကာင္းတဲ့ပြဲ ျဖစ္လာမယ္လို႔ ခန္႔မွန္းခံေနရတယ္။ ႏွစ္သင္းအနက္ လီဗာပူးကေတာ့ ရလဒ္ေတြ လိုအပ္ေနတဲ့ အသင္းျဖစ္ပါတယ္။

အိုဝင္က ေျပာရာမွာ ” အရင္ပြဲက ၾကာေတာ့ၾကာခဲ့ပါျပီ သို႔ေပမယ့္ လီဗာပူးကို ၄-၃ ျဖင့္ အေရးနိမ့္ျပီးေနာက္မွာ လိဒ္ဟာ ေကာင္းမြန္တဲ့ ေဘာလံုးရာသီရေအာင္ အေကာင္းဆံုး ၾကိဳးစားႏိုင္ခ့ဲတယ္။

အီးသီးဟတ္မွာ လတ္လတ္ဆတ္ဆတ္ ႏိုင္ပြဲရထားတဲ့ လိဒ္တို႔က အိမ္ကြင္းမွာ စိတ္ဓါတ္ပိုင္း အျမင့္ဆံုးကို ေရာက္ေနမွာျဖစ္တယ္။ လိဒ္အတြက္ အေကာင္းျမင္စရာ တစ္ခုကေတာ့ ၾကားရက္တုန္းက လီဗာပူးက ဥေရာပပြဲကို ကစားထားျခင္းျဖစ္ျပီး စီးတီးကို အႏိုင္ရခဲ့တဲ့ လိဒ္က အားသာခ်က္ေတြ ရွိေနပါတယ္။

လီဗာပူးရဲ႕ လက္ရွိ စြမ္းေဆာင္ရည္ေတြမွာ တိုးတက္မႈေတြကို ျမင္ေနရတယ္။ အထူးသျဖင့္ ျပည္တြင္းပြဲေတြကို အေဝးကြင္းေတြထံ သြားေရာက္ ယွဥ္ျပိဳင္ရာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီပြဲမွာ လီဗာပူးက က်ဥ္းေျမာင္းတဲ့ ရလဒ္ျဖင့္ အႏုိင္ရသြားႏုိင္ပါတယ္ ” လို႔ သံုးသပ္သြားခဲ့တယ္။

လိဒ္ယူႏုိက္တက္နဲ႔ လီဗာပူးပြဲအတြက္ အိုဝင္ရဲ႕ ရလဒ္ခန္႔မွန္းကေတာ့ လီဗာပူးက ၂-၁ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။