လီဗာပူးတိုက်စစ်သမားဟောင်း ဘိုရိုနီက အီတလီ သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ လီဗာပူးအသင်းနဲ့ ပက်သက်ပြီး ထည့်သွင်းပြောဆိုမှု လုပ်သွားပါတယ်။

တိုက်စစ်မှူး ဘိုရိုနီက လီဗာပူးအသင်းဟာ အခြားသော ပြိုင်ဘက်တွေဖြင့် လူစာရင်းအရ ယှဉ်ပြိင်ဖို့ကော ဆုဖလားတွေအတွက် ယှဉ်ပြိုင်ဖို့အတွက်ပါ တိုက်စစ်ပိုင်းကို အားဖြည့်ရမယ်လို့ ယံကြည်နေတယ်။ ဒီရာသီမှာ လီဗာပူးအသင်းက ဂျိုတာကို အင်အားဖြည့်ခဲ့သော်လည်း အဓိက တိုက်စစ်သမား သုံးဦးထဲက မာနေးနဲ့ ဖာမင်နိုတို့ ခြေစွမ်းကျဆင်းမှုကြောင့် သွင်းဂိုးတွေအတွက် အထိနာခဲ့ပါတယ်။

ဘိုရိုနီက “ လီဗာပူးက စိတ်ဓါတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာ အရပါ အနားယူဖို့ လိုနေပါတယ်။ ကုန်ခဲ့တဲ့ သုံးနှစ်ကျော် ကာလမှာ လီဗာပူးအသင်းက သူတို့ရဲ့ အကောင်းဆုံးတွေကို တွန်းအားပေး ကြိုးစားထားခဲ့တယ်။ ဒီရာသီမှာ ကံဆိုးစွာပဲ ဒဏ်ရာ ပြဿနာတွေ ရထားခဲ့တယ်။ သူတို့ရဲ့ လူစာရင်းက များစွာသော ပွဲတွေအတွက် မလုံလောက်ဘူးဆိုတာကို ပြသခဲ့ပါတယ်။ နှစ်တိုင်းမှာ လီဗာပူးက များစွာသော ပြိုင်ပွဲတွေကို ပါဝင် ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးရဲ့ ပြိုင်ဘက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သူတို့က တိုက်စစ်ပိုင်း နေရာတွေမှာ ပိုမို အားဖြည့်ခြင်းက အသင်းအတွက် ကောင်းမယ်လို့ ထင်ပါတယ်။ ဂျော်ဒန် ဆန်ချိုကတော့ ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုတစ်ခု ဖြစ်လာနိုင်ပြီး ယူနိုက်တက်ထံက သူ့ကို လုယူနိုင်မယ်ဆိုရင် ပျော်စရာကောင်းပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အမ်ဘတ်ပီ၊ ဟာလန်း၊ ဆန်ချိုတို့ သုံးဦးဖြင့် သတင်းထွက်နေသော်လည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အနည်းဆုံး သုံးရမယ့် သူတို့ထဲက တစ်ဦး ခေါ်ယူဖို့ ကြိုးစားခြင်းကို တရားဝင် လုပ်ဆောင်ပါ့မလား သံသယဝင်ခံနေရဆဲပါ။ ဆန်ချိုဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံမှာ ဂိုးသွင်းနိုင်စွမ်းတွေ ပြသနေပြီး အင်္ဂလန်ရဲ့ အနာဂတ်တွေထဲက တစ်ဦးအဖြစ် ချီးကျူးမှုတွေ ရရှိနေသူဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္း ဘိုရိုနီက အီတလီ သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ လီဗာပူးအသင္းနဲ႔ ပက္သက္ျပီး ထည့္သြင္းေျပာဆိုမႈ လုပ္သြားပါတယ္။

တိုက္စစ္မွဴး ဘိုရိုနီက လီဗာပူးအသင္းဟာ အျခားေသာ ျပိဳင္ဘက္ေတြျဖင့္ လူစာရင္းအရ ယွဥ္ျပိင္ဖို႔ေကာ ဆုဖလားေတြအတြက္ ယွဥ္ျပိဳင္ဖို႔အတြက္ပါ တိုက္စစ္ပိုင္းကို အားျဖည့္ရမယ္လို႔ ယံၾကည္ေနတယ္။ ဒီရာသီမွာ လီဗာပူးအသင္းက ဂ်ိဳတာကို အင္အားျဖည့္ခဲ့ေသာ္လည္း အဓိက တိုက္စစ္သမား သံုးဦးထဲက မာေနးနဲ႔ ဖာမင္ႏိုတို႔ ေျခစြမ္းက်ဆင္းမႈေၾကာင့္ သြင္းဂိုးေတြအတြက္ အထိနာခဲ့ပါတယ္။

ဘိုရိုနီက “ လီဗာပူးက စိတ္ဓါတ္ပိုင္းေကာ ရုပ္ပိုင္းဆိုင္ရာ အရပါ အနားယူဖို႔ လိုေနပါတယ္။ ကုန္ခဲ့တဲ့ သံုးႏွစ္ေက်ာ္ ကာလမွာ လီဗာပူးအသင္းက သူတို႔ရဲ႕ အေကာင္းဆံုးေတြကို တြန္းအားေပး ၾကိဳးစားထားခဲ့တယ္။ ဒီရာသီမွာ ကံဆိုးစြာပဲ ဒဏ္ရာ ျပႆနာေတြ ရထားခဲ့တယ္။ သူတို႔ရဲ႕ လူစာရင္းက မ်ားစြာေသာ ပြဲေတြအတြက္ မလံုေလာက္ဘူးဆိုတာကို ျပသခဲ့ပါတယ္။ ႏွစ္တိုင္းမွာ လီဗာပူးက မ်ားစြာေသာ ျပိဳင္ပြဲေတြကို ပါဝင္ ယွဥ္ျပိဳင္ရမွာပါ။

လီဗာပူးရဲ႕ ျပိဳင္ဘက္ေတြကို ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ သူတို႔က တိုက္စစ္ပိုင္း ေနရာေတြမွာ ပိုမို အားျဖည့္ျခင္းက အသင္းအတြက္ ေကာင္းမယ္လို႔ ထင္ပါတယ္။ ေဂ်ာ္ဒန္ ဆန္ခ်ိဳကေတာ့ ေကာင္းမြန္တဲ့ လက္မွတ္ထိုးမႈတစ္ခု ျဖစ္လာႏုိင္ျပီး ယူႏုိက္တက္ထံက သူ႔ကို လုယူႏုိင္မယ္ဆိုရင္ ေပ်ာ္စရာေကာင္းပါလိမ့္မယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အမ္ဘတ္ပီ၊ ဟာလန္း၊ ဆန္ခ်ိဳတို႔ သံုးဦးျဖင့္ သတင္းထြက္ေနေသာ္လည္း ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၀၀ အနည္းဆံုး သံုးရမယ့္ သူတို႔ထဲက တစ္ဦး ေခၚယူဖို႔ ၾကိဳးစားျခင္းကို တရားဝင္ လုပ္ေဆာင္ပါ့မလား သံသယဝင္ခံေနရဆဲပါ။ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံမွာ ဂိုးသြင္းႏုိင္စြမ္းေတြ ျပသေနျပီး အဂၤလန္ရဲ႕ အနာဂတ္ေတြထဲက တစ္ဦးအျဖစ္ ခ်ီးက်ဴးမႈေတြ ရရွိေနသူျဖစ္ပါတယ္။