လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကစားသမားအချို့နဲ့ ပက်သက်ပြီး စကားဝိုင်းထိုင်မှုတွေကို ပြုလုပ်နေတဲ့ အခြေအနေဖြစ်ကြောင်း သတင်းထောက်တွေဘက်က ဆိုပါတယ်။

ဒီရာသီ အစောပိုင်းမှာ နေရာပေးခြင်း မခံရတဲ့ ကွင်းလယ်လူ ဂရုဂျစ်ဟာ ပေါ်တိုမှာ စတင် အခြေကျလာနေတယ်။ ဒါကြောင့်လည်း ပေါ်တူဂီကလပ်က အသက် ၂၅ နှစ်အရွယ် ဆားဘီးယားသားကို ဒီနွေမှာ အပြီးသတ် ခေါ်ယူခွင့်အတွက် လီဗာပူးအသင်းနှင့် ညိနှိုင်းမှုတွေ ပြုလုပ်သွားမယ့် အလားအလာ ရှိလာနေပါတယ်။

သို့ပေမယ့်လို့ ပေါ်တိုဘက်က ဂရုဂျစ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၂၃ သန်းထက် ပိုနည်းတဲ့ ပမာဏဖြင့်ပဲ စကားပြောလိုနေတယ်။ ကလပ်နှစ်သင်းနဲ့ ကစားသမားတို့ဟာ ဆွေးနွေးညိနှိုင်းမှုတွေကနေ အဖြေရှာမှာဖြစ်ပြီး လီဗာပူးဘက်ကတော့ ကစားသမားကို နောက်ထပ် ဆက်ထိန်းမှုကို မလုပ်တော့ဘဲ အပြီးသတ် ရောင်းထုတ်လိုက်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။

ချန်ပီယံရှစ်ကလပ် ပရီစတန်ကို အငှားထွက်နေပြီး ညာအစွန်လူနေရာက ကစားနေတယ် နယ်သာလန်သား လူငယ်လေး ဗန်ဒန်ဘတ်ကလည်း လာမယ့်ရာသီကို ပရီစတန်ကိုပဲ အငှားဆက်ထွက်ဖို့ ဆန္ဒရှိနေတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဗန်ဒန်ဘတ်ကို လီဗာပူးဘက်က အများကြီး မျှော်လင့်ထားခဲ့ပေမယ့် စီနီယာအဆင့်ကို တိုးတက်မလာသေးပါဘူး။

နောက်ဆုံးအားဖြင့် လီဗာပူးသတင်းထောက်ဖြစ်သူ David Lynch က ဖော်ပြရာမှာ မန်နေဂျာကလော့ပ်က ဝိုက်နယ်ဒမ်ကို အသင်းမှာ ဆက်ရှိနေရင်လည်း သဘောကျတဲ့ ဘက်ကရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့်လို့ နယ်သာလန်သားရဲ့ ကိုယ်စားလှယ်ဘက်က တောင်းဆိုတဲ့ မြင့်မားတဲ့ စာချုပ်ဆိုင်ရာ အချက်အလက်တွေကို အားကစားဒါရိုက်တာ အတ်ဝပ်နှင့်အဖွဲ့က သဘောမကျခြင်းကြောင့် စာချုပ်သစ်ပေးသွားဖို့က ခက်ခဲလွန်းလှတယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ ကစားသမားအခ်ိဳ႔နဲ႔ ပက္သက္ျပီး စကားဝိုင္းထိုင္မႈေတြကို ျပဳလုပ္ေနတဲ့ အေျခအေနျဖစ္ေၾကာင္း သတင္းေထာက္ေတြဘက္က ဆိုပါတယ္။

ဒီရာသီ အေစာပိုင္းမွာ ေနရာေပးျခင္း မခံရတဲ့ ကြင္းလယ္လူ ဂရုဂ်စ္ဟာ ေပၚတိုမွာ စတင္ အေျခက်လာေနတယ္။ ဒါေၾကာင့္လည္း ေပၚတူဂီကလပ္က အသက္ ၂၅ ႏွစ္အရြယ္ ဆားဘီးယားသားကို ဒီေႏြမွာ အျပီးသတ္ ေခၚယူခြင့္အတြက္ လီဗာပူးအသင္းႏွင့္ ညိႏိႈင္းမႈေတြ ျပဳလုပ္သြားမယ့္ အလားအလာ ရွိလာေနပါတယ္။

သို႔ေပမယ့္လို႔ ေပၚတိုဘက္က ဂရုဂ်စ္အတြက္ ေျပာင္းေရႊ႔ေၾကးကို ယူရို ၂၃ သန္းထက္ ပိုနည္းတဲ့ ပမာဏျဖင့္ပဲ စကားေျပာလိုေနတယ္။ ကလပ္ႏွစ္သင္းနဲ႔ ကစားသမားတို႔ဟာ ေဆြးေႏြးညိႏိႈင္းမႈေတြကေန အေျဖရွာမွာျဖစ္ျပီး လီဗာပူးဘက္ကေတာ့ ကစားသမားကို ေနာက္ထပ္ ဆက္ထိန္းမႈကို မလုပ္ေတာ့ဘဲ အျပီးသတ္ ေရာင္းထုတ္လိုက္ဖို႔ပဲ ဆံုးျဖတ္ထားပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ပရီစတန္ကို အငွားထြက္ေနျပီး ညာအစြန္လူေနရာက ကစားေနတယ္ နယ္သာလန္သား လူငယ္ေလး ဗန္ဒန္ဘတ္ကလည္း လာမယ့္ရာသီကို ပရီစတန္ကိုပဲ အငွားဆက္ထြက္ဖို႔ ဆႏၵရွိေနတယ္။ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ဗန္ဒန္ဘတ္ကို လီဗာပူးဘက္က အမ်ားၾကီး ေမွ်ာ္လင့္ထားခဲ့ေပမယ့္ စီနီယာအဆင့္ကို တိုးတက္မလာေသးပါဘူး။

ေနာက္ဆံုးအားျဖင့္ လီဗာပူးသတင္းေထာက္ျဖစ္သူ David Lynch က ေဖာ္ျပရာမွာ မန္ေနဂ်ာကေလာ့ပ္က ဝိုက္နယ္ဒမ္ကို အသင္းမွာ ဆက္ရွိေနရင္လည္း သေဘာက်တဲ့ ဘက္ကရွိတယ္လို႔ ဆိုတယ္။ ဒါေပမယ့္လို႔ နယ္သာလန္သားရဲ႕ ကိုယ္စားလွယ္ဘက္က ေတာင္းဆိုတဲ့ ျမင့္မားတဲ့ စာခ်ဳပ္ဆိုင္ရာ အခ်က္အလက္ေတြကို အားကစားဒါရိုက္တာ အတ္ဝပ္ႏွင့္အဖြဲ႔က သေဘာမက်ျခင္းေၾကာင့္ စာခ်ဳပ္သစ္ေပးသြားဖို႔က ခက္ခဲလြန္းလွတယ္လို႔ ျဖစ္ပါတယ္။