လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က ချက်ကလပ် Slavia Prague ကို အနိုင်ရပြီး ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်း အာဆင်နယ်ကို ချီးကျူးစကား ထုတ်ပြောသွားပါတယ်။

နှစ်ကျော့ပေါင်း ၅-၁ ဖြင့် အနိုင်ရခဲ့ရာမှာ အာဆင်နယ်ရဲ့ ပွဲချဉ်းကပ်ပုံ၊ စွမ်းဆောင်ရည်တွေအပေါ် ဂျရတ်က သဘောကျနေတာပါ။ စတီဗင်ဂျရတ် ကိုယ်တွယ်နေတဲ့ ရိန်းဂျားအသင်းဟာ အဆိုပါ ချက်ကလပ်ကို အရေးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ် အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ဂျရတ်က “ ပွဲကို ကြည့်ရတာ ကျနော် နှစ်သက်မိတယ်။ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို ကျနော် သဘောကျတယ်။ သူတို့ ပွဲကို ကစားသွားတဲ့ ပုံစံကိုလည်း ကျနော် သဘောကျတယ်။ ပွဲမတိုင်ခင် သူတို့ရဲ့ ချဉ်းကပ်ပုံ၊ ပွဲကာလအတွင်းနဲ့ ပွဲပြီးပုံစံတွေကိုလည်း အထင်ကြီးပါတယ်။

အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရတာ ဂုဏ်ယူမိတယ်။ အားလုံးကိုပါပဲ။ သူတို့ရဲ့ ပွဲကြို ပြင်ဆင်မှု၊ မန်နေဂျာရဲ့ စကားပြောပုံတွေ၊ သူတို့ကစားသမားတွေ အားလုံးကို စုပေါင်းပြီး စွမ်းဆောင်ရည်ကောင်း ပြသခဲ့တာတွေကိုပေါ့။

ကျနော် သူတို့ပွဲကို ပျော်ရွှင်စွာ ထိုင်ကြည့်နေခဲ့တာပါ။ တကယ်ကို စိတ်လှုပ်ရှားလောက်တဲ့ စွမ်းဆောင်ရည်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

စတီဗင်ဟာ အနာဂတ်မှာ လီဗာပူးမန်နေဂျာဖြစ်လာမယ် သတင်းကြီးထားသူပါ။ သူဟာ လာမယ့်ရာသီမှာတော့ မန်နေဂျာဘဝ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကနေ ကြိုးစားခွင့်ရမှာဖြစ်တယ်။ ရိန်းဂျားအသင်းမှာ သူသင်ယူနေမှုတွေက အနာဂတ်မှာ လီဗာပူးနဲ့အတူ စိတ်ခေါ်မှုကြီးတွေကို ရင်ဆိုင်နိုင်ဖို့ အကျိုးဖြစ်စေမယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က ခ်က္ကလပ္ Slavia Prague ကို အႏုိင္ရျပီး ယူရိုပါလိဂ္ ဆီးမီးဖုိင္နယ္ကို တက္ေရာက္သြားတဲ့ ပရီးမီးယားလိဂ္ျပိဳင္ဘက္ေဟာင္း အာဆင္နယ္ကို ခ်ီးက်ဴးစကား ထုတ္ေျပာသြားပါတယ္။

ႏွစ္ေက်ာ့ေပါင္း ၅-၁ ျဖင့္ အႏုိင္ရခဲ့ရာမွာ အာဆင္နယ္ရဲ႕ ပြဲခ်ဥ္းကပ္ပံု၊ စြမ္းေဆာင္ရည္ေတြအေပၚ ဂ်ရတ္က သေဘာက်ေနတာပါ။ စတီဗင္ဂ်ရတ္ ကိုယ္တြယ္ေနတဲ့ ရိန္းဂ်ားအသင္းဟာ အဆိုပါ ခ်က္ကလပ္ကို အေရးနိမ့္ခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္ အဆင့္ကေနပဲ လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။

ဂ်ရတ္က “ ပြဲကို ၾကည့္ရတာ က်ေနာ္ ႏွစ္သက္မိတယ္။ အာဆင္နယ္ရဲ႕ စြမ္းေဆာင္ရည္ကို က်ေနာ္ သေဘာက်တယ္။ သူတို႔ ပြဲကို ကစားသြားတဲ့ ပံုစံကိုလည္း က်ေနာ္ သေဘာက်တယ္။ ပြဲမတိုင္ခင္ သူတို႔ရဲ႕ ခ်ဥ္းကပ္ပံု၊ ပြဲကာလအတြင္းနဲ႔ ပြဲျပီးပံုစံေတြကိုလည္း အထင္ၾကီးပါတယ္။

အာဆင္နယ္အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္ရတာ ဂုဏ္ယူမိတယ္။ အားလံုးကိုပါပဲ။ သူတို႔ရဲ႕ ပြဲၾကိဳ ျပင္ဆင္မႈ၊ မန္ေနဂ်ာရဲ႕ စကားေျပာပံုေတြ၊ သူတို႔ကစားသမားေတြ အားလံုးကို စုေပါင္းျပီး စြမ္းေဆာင္ရည္ေကာင္း ျပသခဲ့တာေတြကိုေပါ့။

က်ေနာ္ သူတို႔ပြဲကို ေပ်ာ္ရႊင္စြာ ထိုင္ၾကည့္ေနခဲ့တာပါ။ တကယ္ကို စိတ္လႈပ္ရွားေလာက္တဲ့ စြမ္းေဆာင္ရည္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

စတီဗင္ဟာ အနာဂတ္မွာ လီဗာပူးမန္ေနဂ်ာျဖစ္လာမယ္ သတင္းၾကီးထားသူပါ။ သူဟာ လာမယ့္ရာသီမွာေတာ့ မန္ေနဂ်ာဘဝ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံလိဂ္ကို ေျခစစ္ပြဲကေန ၾကိဳးစားခြင့္ရမွာျဖစ္တယ္။ ရိန္းဂ်ားအသင္းမွာ သူသင္ယူေနမႈေတြက အနာဂတ္မွာ လီဗာပူးနဲ႔အတူ စိတ္ေခၚမႈၾကီးေတြကို ရင္ဆိုင္ႏုိင္ဖို႔ အက်ိဳးျဖစ္ေစမယ္လို႔ ပရိသတ္ေတြက ယံုၾကည္ေနၾကတာ ျဖစ္ပါတယ္။