မန်ချက်စတာယူနိုက်တက်ဟာ အသင်းကနေ အလွတ်နဲ့ထွက်ခွာမယ့် ကွင်းလယ်လူ ဟာရဲရားရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ကို ခေါ်ယူလိုနေပါတယ်။

နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူဟာ ကစားသမားသစ် ၅ ဦးလောက်အထိ ခေါ်ယူဖို့ ရည်မှန်းထားပြီး ကွင်းလယ်လူတစ်ဦးကိုလည်း သေချာပေါက် ခေါ်ယူဖို့ ရှိနေပါတယ်။ အဲ့သည်နေရာအတွက် အတွေ့အကြုံရင့်ကွင်းလယ်လူ ရာကီတစ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိရေး ကြိုးစားရှာဖွေနေပါတယ်။

နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူထားပြီးဖြစ်တဲ့ ဘာစီလိုနာဟာ လာမယ့်ရာသီမှာ ရာကီတစ်ကို ပွဲထွက်ခွင့် အများကြီး ပေးနိုင်မှာ မဟုတ်ပါဘူး။။ ဒါကြောင့် ရာကီတစ်အတွက် ပြောင်းရွှေ့ကြေးကောင်းရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။

နည်းပြ ဆိုးရှားက ဟာရဲရား နေရာမှာ ကွင်းလယ်ကို ဦးဆောင်စေဖို့ အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့် ကွင်းလယ်ကစားသမားမျိုးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မန်ယူဟာ တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေ များပြားနေပါတယ်။

ရာကီတစ်ဟာ မနှစ်တုန်းကလည်း မန်ယူနဲ့ သတင်းတွေ ထွက်ခဲ့သေးပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။ ငယ်ရွယ်တဲ့ ကစားသမားတွေကို အဓိက ခေါ်ယူမှာ ဖြစ်ပေမယ်လည်း ကွင်းလယ်ကိုတော့ သမ္ဘာရှိ ကစားသမားတွေနဲ့ စုဖွဲ့ဖို့ ဆိုးရှားက ရည်ရွယ်နေတာ ဖြစ်ပါတယ်။