လီဗာပူးအသင်းရဲ့ ဥရောပပြိုင်ပွဲသစ် European Super League မှာ ပါဝင်မယ်ဆိုတဲ့ ကြေညာချက်ကို အသင်း ပရိသတ်တွေက စတင်ကာ ဆန္ဒပြ ကန့်ကွက်နေကြပြီ ဖြစ်ပါတယ်။
ကလပ်ရဲ့ အင်အားကြီး ပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ Spion Kop 1906 က အန်ဖီးကွင်းထိပ်က the Kop ပွဲကြည့်စဉ်မှာ ချိတ်ဆွဲထားတဲ့ ၎င်းတို့အဖွဲ့ပိုင် အလံတွေနဲ့ ဆောင်ပုဒ်တွေ အားလုံးကို ဖြုတ်သိမ်းနေပြီဖြစ်တယ်။ အဆိုပါ ပွဲကြည့်စဉ်မှာ လီဗာပူးအသင်းရဲ့ ဂန္တဝင်ကစားသမားတွေ၊ မန်နေဂျာတွေနဲ့ ဆုဖလားအောင်မြင်မှုတွေကို ဂုဏ်ပြုမှုတွေ ချိတ်ဆွဲထားတာဖြစ်တယ်။
လာမယ့် စနေနေ နယူးကာဆယ်ပွဲ မတိုင်ခင်မှာ ဖြုတ်သိမ်းမှုတွေ အားလုံး ပြီးစီးအောင် လုပ်ဆောင်သွားပါမယ်။
A Spion Kop 1906 အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ “ ကျနော်တို့က ဒီနေ့ထိ ကလပ်နဲ့ အဆက်အသွယ်ရှိပြီး ဖြစ်နိုင်သလောက် အမြန်ဆုံးအားဖြင့် အလံနဲ့ ဆောင်ပုဒ်တွေကို ဖြုတ်သိမ်းသွားမှာဖြစ်တယ်။ အခုချိန်ကစပြီး အသင်းအပေါ် ထောက်ပံ့ပေးမှုတွေကို ရုတ်သိမ်းသွားပါမယ်။
ကစားပွဲတွေမှာ ထားရမယ့် ဂုဏ်သိက္ခာထက် ငွေကြေးပိုင်းကို ဦးစားပေးလာတဲ့ ကလပ်ကို
အားပေးထောက်ပံ့မှုတွေ မလုပ်နိုင်တော့ဘူးလို့ ကျနေ်ာတို့ ပရိသတ်တွေဘက်က ခံစားရတယ်။ ဒါက လက်မခံနိုင်စရာ ကိစ္စတစ်ခုကို အသင်းပိုင်ရှင်တွေက လုပ်ခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေကို တိုင်ပင်ခြင်း မရှိပါဘဲ ဒီလို ဆုံးဖြတ်ချက်ကို သူတို့ ဘာလို့ လုပ်နိုင်ခဲ့လဲဆိုတာကိုလည်း မသိတော့ပါဘူး။ သူတို့က ကျနေ်ာတို့ရဲ့ စိတ်ဝိဉာဉ်တွေကို ရောင်းချလိုက်တာပါ။
လီဗာပူးဖန်း တစ်ဦးကမှ စူပါလိဂ်ကို လက်ခံကြမှာ မဟုတ်ပါဘူး။ မန်နေဂျာနဲ့ ကစားသမားတွေက ပရိသတ်တွေရဲ့ သဘောဆန္ဒကို လက်ခံစကားတွေ ထုတ်ပြောလာကြမယ်ဆိုရင် သိပ်ကောင်းမှာပါ ” လို့ ထုတ်ပြောခဲ့တယ်။
လီဗာပူးအသင်း ပရိသတ်တွေက အန်ဖီးကွင်းပြင်ပကို သွားရောက်ပြီး သိပ်ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေကြတယ်။ ၎င်းတို့ကတော့ အဆိုပါ စာသားတွေကို အနက်ရောင် အလံတွေမှာ ရေးထိုးပြီး သွားရောက် ချိတ်ဆွဲနေကြတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းရဲ႕ ဥေရာပျပိဳင္ပြဲသစ္ European Super League မွာ ပါဝင္မယ္ဆိုတဲ့ ေၾကညာခ်က္ကို အသင္း ပရိသတ္ေတြက စတင္ကာ ဆႏၵျပ ကန္႔ကြက္ေနၾကျပီ ျဖစ္ပါတယ္။
ကလပ္ရဲ႕ အင္အားၾကီး ပရိသတ္အဖြဲ႔တစ္ခုျဖစ္တဲ့ Spion Kop 1906 က အန္ဖီးကြင္းထိပ္က the Kop ပြဲၾကည့္စဥ္မွာ ခ်ိတ္ဆြဲထားတဲ့ ၄င္းတို႔အဖြဲ႔ပိုင္ အလံေတြနဲ႔ ေဆာင္ပုဒ္ေတြ အားလံုးကို ျဖဳတ္သိမ္းေနျပီျဖစ္တယ္။ အဆိုပါ ပြဲၾကည့္စဥ္မွာ လီဗာပူးအသင္းရဲ႕ ဂႏၱဝင္ကစားသမားေတြ၊ မန္ေနဂ်ာေတြနဲ႔ ဆုဖလားေအာင္ျမင္မႈေတြကို ဂုဏ္ျပဳမႈေတြ ခ်ိတ္ဆြဲထားတာျဖစ္တယ္။
လာမယ့္ စေနေန နယူးကာဆယ္ပြဲ မတိုင္ခင္မွာ ျဖဳတ္သိမ္းမႈေတြ အားလံုး ျပီးစီးေအာင္ လုပ္ေဆာင္သြားပါမယ္။
A Spion Kop 1906 အဖြဲ႔ရဲ႕ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေတာ့ “ က်ေနာ္တို႔က ဒီေန႔ထိ ကလပ္နဲ႔ အဆက္အသြယ္ရွိျပီး ျဖစ္ႏိုင္သေလာက္ အျမန္ဆံုးအားျဖင့္ အလံနဲ႔ ေဆာင္ပုဒ္ေတြကို ျဖဳတ္သိမ္းသြားမွာျဖစ္တယ္။ အခုခ်ိန္ကစျပီး အသင္းအေပၚ ေထာက္ပံ့ေပးမႈေတြကို ရုတ္သိမ္းသြားပါမယ္။
ကစားပြဲေတြမွာ ထားရမယ့္ ဂုဏ္သိကၡာထက္ ေငြေၾကးပိုင္းကို ဦးစားေပးလာတဲ့ ကလပ္ကို
အားေပးေထာက္ပံ့မႈေတြ မလုပ္ႏိုင္ေတာ့ဘူးလို႔ က်ေန္ာတို႔ ပရိသတ္ေတြဘက္က ခံစားရတယ္။ ဒါက လက္မခံႏုိင္စရာ ကိစၥတစ္ခုကို အသင္းပိုင္ရွင္ေတြက လုပ္ခဲ့တာ ျဖစ္ပါတယ္။
ပရိသတ္ေတြကို တိုင္ပင္ျခင္း မရွိပါဘဲ ဒီလို ဆံုးျဖတ္ခ်က္ကို သူတို႔ ဘာလို႔ လုပ္ႏုိင္ခဲ့လဲဆိုတာကိုလည္း မသိေတာ့ပါဘူး။ သူတို႔က က်ေန္ာတို႔ရဲ႕ စိတ္ဝိဥာဥ္ေတြကို ေရာင္းခ်လိုက္တာပါ။
လီဗာပူးဖန္း တစ္ဦးကမွ စူပါလိဂ္ကို လက္ခံၾကမွာ မဟုတ္ပါဘူး။ မန္ေနဂ်ာနဲ႔ ကစားသမားေတြက ပရိသတ္ေတြရဲ႕ သေဘာဆႏၵကို လက္ခံစကားေတြ ထုတ္ေျပာလာၾကမယ္ဆိုရင္ သိပ္ေကာင္းမွာပါ ” လို႔ ထုတ္ေျပာခဲ့တယ္။
လီဗာပူးအသင္း ပရိသတ္ေတြက အန္ဖီးကြင္းျပင္ပကို သြားေရာက္ျပီး သိပ္ရွက္စရာေကာင္းတဲ့ လုပ္ရပ္ျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္ေနၾကတယ္။ ၄င္းတို႔ကေတာ့ အဆိုပါ စာသားေတြကို အနက္ေရာင္ အလံေတြမွာ ေရးထိုးျပီး သြားေရာက္ ခ်ိတ္ဆြဲေနၾကတာျဖစ္ပါတယ္။