လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ကလပ်အသင်းကြီးတွေရဲ့ စူပါလိဂ် ပြိုင်ပွဲ ကြေငြာချက်ကို လက်မခံနိုင်တာကြောင့် ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေနဲ့ အရေးပေါ် အစည်းအဝေးလုပ်ဖို့ ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် မာဆေးဆိုဒ်ဒေသခံ ပြိုင်ဘက်ချင်း ဖြစ်ပေမယ့် အဲဗာတန်အသင်း ပရိသတ်တွေကပါ ဟန်ဒါဆန်ကို လေးစား ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အသင်း ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ဘောလုံးသုံးသပ်သူတွေက အစ ဝိုင်းဝန်းကန့်ကွက်ကြကာ ဝေဖန်မှုတွေနဲ့ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရဖို့ ရှိလာတာတွေကြောင့် အင်္ဂလန်ကလပ်အသင်း ၆ သင်း လုံးကတော့ စူပါလိဂ်ကနေ ထွက်ခွာပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ပါတယ်။
ထို စူပါလိဂ် ပြိုင်ပွဲကို အသင်းကြီးထဲ မပါဝင်တဲ့ ကလပ်အသင်းတွေကပါ ကန့်ကွက်ခဲ့ကြပြီး အဲဗာတန်ကလည်း ကြေငြာချက် တစ်စောင်ပါ ထုတ်ကာ ကန့်ကွက်ခဲ့ပါတယ်။ လီဗာပူးအသင်းမှဆိုရင် အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂျိမ်းစ် မေနာတို့က ပေါ်ပေါ်တင်တင်ပဲ ကန့်ကွက်စကား ဆိုကာ တုန့်ပြန်ခဲ့ပါတယ်။
ဟန်ဒါဆန်က ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ အသင်းခေါင်းဆောင်တွေကို စုစည်း အစည်းအဝေး ခေါ်ကာ လှုပ်ရှားခဲ့တဲ့ အပေါ် ချီးကျူးမှုတွေ ရှိနေပြီး အသင်းခေါင်းဆောင်တွေ ကိုလည်း ဘောလုံး ပရိသတ်တွေက အားပေးနေကြရာ လူမှုကွန်ယက်မှာ အခုလို ချီးကျူးမှုတွေ ရှိနေပါတယ်။
လီဗာပူးရဲ့ ပြိုင်ဘက် အဲဗာတန် အသင်း ပရိသတ်တွေ ဂျော်ဒန် ဟန်ဒါဆန် ဦးဆောင်တဲ့ လှုပ်ရှားမှုကို အခုလို ချီးကျူး ထောက်ခံခဲ့ပါတယ်။
အသင်းခေါင်းဆောင်တွေကသာ ဒီကိစ္စကြီးကို ရပ်တန့်ပေးနိုင်ရင် သူတို့ ရုပ်တုတွေ ကွင်းတွေရှေ့မှာ ထုပြီး ဂုဏ်ပြုလိုက်သင့်ပြီ။ – @HurnyEFC
ဒီတစ်ကြိမ် ဟန်ဒါဆန် လုပ်ပေးတာ အများကြီးပဲ။ – @JayWilson_97
ထပ်လုပ်လိုက်ပြီ။ ကျနော် ဂျော်ဒန် ဟန်ဒါဆန်ကို တော်တော် သဘောကျမိတယ်။ သူ လီဗာပူးအတွက် ကစားနေတာ ဆိုးတာပဲဗျာ။ – @Andre_Houghton
Zawgyi – လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ကလပ္အသင္းၾကီးေတြရဲ႕ စူပါလိဂ္ ျပိဳင္ပြဲ ေၾကျငာခ်က္ကို လက္မခံနုိင္တာေၾကာင့္ ပရီးမီးယားလိဂ္ အသင္းေခါင္းေဆာင္ေတြနဲ႕ အေရးေပၚ အစည္းအေ၀းလုပ္ဖုိ႕ ဦးေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ မာေဆးဆိုဒ္ေဒသခံ ျပိဳင္ဘက္ခ်င္း ျဖစ္ေပမယ့္ အဲဗာတန္အသင္း ပရိသတ္ေတြကပါ ဟန္ဒါဆန္ကို ေလးစား ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။
အသင္း ပရိသတ္ေတြ၊ ကစားသမားေတြနဲ႕ ေဘာလံုးသံုးသပ္သူေတြက အစ ၀ိုင္း၀န္းကန္႔ကြက္ၾကကာ ေ၀ဖန္မႈေတြနဲ႕ ျပိဳင္ပြဲ၀င္ခြင့္ ပိတ္ပင္ခံရဖို႔ ရွိလာတာေတြေၾကာင့္ အဂၤလန္ကလပ္အသင္း ၆ သင္း လံုးကေတာ့ စူပါလိဂ္ကေန ထြက္ခြာျပီ ျဖစ္ေၾကာင္း တရား၀င္ ေၾကျငာခ်က္ေတြ အသီးသီးထုတ္ျပန္ခဲ့ပါတယ္။
ထို စူပါလိဂ္ ျပိဳင္ပြဲကို အသင္းၾကီးထဲ မပါ၀င္တဲ့ ကလပ္အသင္းေတြကပါ ကန္႔ကြက္ခဲ့ၾကျပီး အဲဗာတန္ကလည္း ေၾကျငာခ်က္ တစ္ေစာင္ပါ ထုတ္ကာ ကန္႔ကြက္ခဲ့ပါတယ္။ လီဗာပူးအသင္းမွဆိုရင္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႕ ဂ်ိမ္းစ္ ေမနာတို႔က ေပၚေပၚတင္တင္ပဲ ကန္႔ကြက္စကား ဆိုကာ တုန္႔ျပန္ခဲ့ပါတယ္။
ဟန္ဒါဆန္က ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ အသင္းေခါင္းေဆာင္ေတြကို စုစည္း အစည္းအေ၀း ေခၚကာ လႈပ္ရွားခဲ့တဲ့ အေပၚ ခ်ီးက်ဴးမႈေတြ ရွိေနျပီး အသင္းေခါင္းေဆာင္ေတြ ကိုလည္း ေဘာလံုး ပရိသတ္ေတြက အားေပးေနၾကရာ လူမႈကြန္ယက္မွာ အခုလို ခ်ီးက်ဴးမႈေတြ ရွိေနပါတယ္။
လီဗာပူးရဲ႕ ျပိဳင္ဘက္ အဲဗာတန္ အသင္း ပရိသတ္ေတြ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ဦးေဆာင္တဲ့ လႈပ္ရွားမႈကို အခုလို ခ်ီးက်ဴး ေထာက္ခံခဲ့ပါတယ္။
အသင္းေခါင္းေဆာင္ေတြကသာ ဒီကိစၥၾကီးကို ရပ္တန္႔ေပးနုိင္ရင္ သူတို႔ ရုပ္တုေတြ ကြင္းေတြေရွ႕မွာ ထုျပီး ဂုဏ္ျပဳလိုက္သင့္ျပီ။ – @HurnyEFC
ဒီတစ္ၾကိမ္ ဟန္ဒါဆန္ လုပ္ေပးတာ အမ်ားၾကီးပဲ။ – @JayWilson_97
ထပ္လုပ္လိုက္ျပီ။ က်ေနာ္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေတာ္ေတာ္ သေဘာက်မိတယ္။ သူ လီဗာပူးအတြက္ ကစားေနတာ ဆိုးတာပဲဗ်ာ။ – @Andre_Houghton