ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့ ကြိုးစားခဲ့တဲ့ လုပ်ရပ်အတွက် လီဗာပူးအသင်းကို ရောင်းချပြီး အသင်းကနေ ထွက်ခွာသွားဖို့ ဂျွန်ဟင်နရီကို တွန်းအားပေးမှုတွေ ရှိနေခဲ့တယ်။

လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီက အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် အမေရိကန်ပိုင်ရှင်ရဲ့ လောဘကြီးမှုအပေါ် ပရိသတ်တွေဘက်က လက်မခံနိုင်တဲ့ အမြင်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့်လို့ The Athletic သတင်းထောက် James Pearce က ဂျွန်ဟင်နရီဟာ လီဗာပူးကို စွန့်ခွာမှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ပီယော့ဇ်က အမေရိကန် ပိုင်ရှင်တွေဟာ အငြင်းပွားစရာ လုပ်ရပ်တွေကို လုပ်ဆောင်လေ့ ရှိပေမယ့်လည်း လီဗာပူးအသင်းကို ကာလတန်ကြေး ပေါင် ၃ ဘီလျ့ထိ မြင့်တက်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ကပ်ဘေး အပါအဝင် ကာလတိုအတွင်းမှာ လီဗာပူးကို အခုလို အဆင့်ကို ရောက်လာအောင် လုပ်ပေးနိုင်တဲ့ ပိုင်ရှင်မျိုးကလည်း ခပ်များများ မရှိနိုင်ပါဘူး။

ဟင်နရီရဲ့ ဆုံးဖြတ်ချက်ကို ကလော့ပ်က ပြင်းပြင်းထန်ထန် စိတ်ပျက်ခဲ့ပေမယ့် ဘုတ်အဖွဲ့နဲ့ အသင်းပရိသတ်တွေ၊ အသင်းသားတွေကြား ဆက်ဆံမှုပိုင်းအတွက် လီဗာပူးမှာပဲ ဆက်နေမယ်လို့ ပီယော့ဇ်က အလေးအနက် ယုံကြည်တယ်။

ကစားသမားတွေကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့ပဲ အာရုံစိုက်ထားဖို့ ယာဂင်က ဦးဆောင်ပေးမှာဖြစ်ပြီး လက်တလောမှာတော့ ဒီကိစ္စကပဲ အရေးအကြီးဆုံး ဖြစ်နေပါတယ်။ စူပါလိဂ်ကနေ နုတ်ထွက်ခဲ့တဲ့နောက် လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၂ မှတ်အကွာမှာ ဆက်ရှိနေပြီး လက်ကျန်ပွဲ ၆ ပွဲ ကစားဖို့ ကျန်ရှိမှာ ဖြစ်ပါတယ်။

ZAWGYI

ဥေရာပစူပါလိဂ္မွာ ပါဝင္ဖို႔ ၾကိဳးစားခဲ့တဲ့ လုပ္ရပ္အတြက္ လီဗာပူးအသင္းကို ေရာင္းခ်ျပီး အသင္းကေန ထြက္ခြာသြားဖို႔ ဂၽြန္ဟင္နရီကို တြန္းအားေပးမႈေတြ ရွိေနခဲ့တယ္။

လီဗာပူးပိုင္ရွင္ ဂၽြန္ဟင္နရီက အသင္းပရိသတ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္ အေမရိကန္ပိုင္ရွင္ရဲ႕ ေလာဘၾကီးမႈအေပၚ ပရိသတ္ေတြဘက္က လက္မခံႏုိင္တဲ့ အျမင္ေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္လို႔ The Athletic သတင္းေထာက္ James Pearce က ဂၽြန္ဟင္နရီဟာ လီဗာပူးကို စြန္႔ခြာမွာ မဟုတ္ပါဘူးလို႔ ေျပာပါတယ္။

ပီေယာ့ဇ္က အေမရိကန္ ပိုင္ရွင္ေတြဟာ အျငင္းပြားစရာ လုပ္ရပ္ေတြကို လုပ္ေဆာင္ေလ့ ရွိေပမယ့္လည္း လီဗာပူးအသင္းကို ကာလတန္ေၾကး ေပါင္ ၃ ဘီလ့်ထိ ျမင့္တက္ေအာင္ လုပ္ေပးႏုိင္ခဲ့တယ္။ ကပ္ေဘး အပါအဝင္ ကာလတိုအတြင္းမွာ လီဗာပူးကို အခုလို အဆင့္ကို ေရာက္လာေအာင္ လုပ္ေပးႏုိင္တဲ့ ပိုင္ရွင္မ်ိဳးကလည္း ခပ္မ်ားမ်ား မရွိႏုိင္ပါဘူး။

ဟင္နရီရဲ႕ ဆံုးျဖတ္ခ်က္ကို ကေလာ့ပ္က ျပင္းျပင္းထန္ထန္ စိတ္ပ်က္ခဲ့ေပမယ့္ ဘုတ္အဖြဲ႔နဲ႔ အသင္းပရိသတ္ေတြ၊ အသင္းသားေတြၾကား ဆက္ဆံမႈပိုင္းအတြက္ လီဗာပူးမွာပဲ ဆက္ေနမယ္လို႔ ပီေယာ့ဇ္က အေလးအနက္ ယံုၾကည္တယ္။

ကစားသမားေတြကို လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ဖို႔ပဲ အာရံုစိုက္ထားဖို႔ ယာဂင္က ဦးေဆာင္ေပးမွာျဖစ္ျပီး လက္တေလာမွာေတာ့ ဒီကိစၥကပဲ အေရးအၾကီးဆံုး ျဖစ္ေနပါတယ္။ စူပါလိဂ္ကေန ႏုတ္ထြက္ခဲ့တဲ့ေနာက္ လီဗာပူးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၂ မွတ္အကြာမွာ ဆက္ရွိေနျပီး လက္က်န္ပြဲ ၆ ပြဲ ကစားဖို႔ က်န္ရွိမွာ ျဖစ္ပါတယ္။