လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ ကြီး အသင်းတွေဟာ ဥရောပ စူပါလိဂ် အိပ်မက် ပျက်သုဉ်းသွားပြီးတဲ့နောက် လက်မလျှော့သေးဘဲ စကော့တလန် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိမ်းဂျားစ် အသင်းတို့ကို ပရီးမီးယားလိဂ်ထံ ခေါ်ယူ ထည့်သွင်းဖို့ ကြံရွယ်နေပါတယ်။

စူပါလိဂ် ပြိုင်ပွဲထဲ ပါဝင်ဖို့ စီစဉ်ခဲ့တဲ့ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ အကြံအစည်တွေကတော့ ၄၈ နာရီ အတွင်း ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပြီး ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ ဝေဖန် ပြစ်တင်မှုတွေ ပြင်းပြင်းထန်ထန် ခံယူခဲ့ရပါတယ်။

ကလပ်အသင်းတွေက ကိုယ်စီ သတင်းထုတ်ပြန်ချက်တွေနဲ့ တောင်းပန်လွှာတွေ ထုတ်ပြန်ပြီး စူပါလိဂ်ကို အဆုံးသတ်ခဲ့ရ ပြီးတဲ့နောက် ပြည်တွင်း ပရီးမီးယားလိဂ်ကို စကော့တလန် အသင်း နှစ်သင်း ပါဝင်စေဖို့ စီစဉ်နေကြပါတယ်။

အင်္ဂလန်အသင်းတွေ အဆိုအရတော့ ဗြိတိန်လိဂ် အသစ် ပုံစံမျိုး ဖန်တီးလိုနေကြတာ ဖြစ်ပြီး စကော့တလန် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိမ်းဂျားစ်ကို ထည့်သွင်းဖို့ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်နေကြကြောင်း သိရပါတယ်။

ဂလပ်စကော အခြေစိုက် နှစ်သင်းဟာ စကော့တလန်လိဂ်မှာ ဗိုလ်စွဲနေကျ ပြိုင်ဘက်နှစ်သင်း ဖြစ်ပြီး လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်ဟာ လောလောဆယ် ရိမ်းဂျားစ် အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲက တာဝန်ရှိသူ တစ်ဦးဟာ စူပါလိဂ် ဖြစ်လာဖို့က မသေချာပေမယ့် ပရီးမီးယားလိဂ် ကို ပြောင်းလဲဖို့ တိုးတက်အောင် အသွင်ပြောင်းဖို့ လိုလားနေကြကြောင်း ဖွင့်ဟထားပါတယ်။

ဒါ့အပြင် ကြီး ၆ ကြီး အသင်းတေ်ွက ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းကို အသင်း ၂၀ ကနေ ၁၈ သင်းထံ ပြန်လျှော့ချလိုနေကြပါတယ်။

Zawgyi – လီဗာပူး အပါအ၀င္ ပရီးမီးယားလိဂ္ရဲ႕ ၾကီး ၆ ၾကီး အသင္းေတြဟာ ဥေရာပ စူပါလိဂ္ အိပ္မက္ ပ်က္သုဥ္းသြားျပီးတဲ့ေနာက္ လက္မေလွ်ာ့ေသးဘဲ စေကာ့တလန္ ထိပ္သီး နွစ္သင္း ျဖစ္တဲ့ ဆဲလ္တစ္နဲ႕ ရိမ္းဂ်ားစ္ အသင္းတို႔ကို ပရီးမီးယားလိဂ္ထံ ေခၚယူ ထည့္သြင္းဖို႔ ၾကံရြယ္ေနပါတယ္။

စူပါလိဂ္ ျပိဳင္ပြဲထဲ ပါ၀င္ဖို႔ စီစဥ္ခဲ့တဲ့ အာဆင္နယ္၊ ခ်ယ္ဆီး၊ လီဗာပူး၊ မန္စီးတီး၊ မန္ယူနိုက္တက္နဲ႕ စပါးအသင္းတို႔ အၾကံအစည္ေတြကေတာ့ ၄၈ နာရီ အတြင္း ပ်က္ျပယ္သြားခဲ့ရတာ ျဖစ္ျပီး ပရိသတ္ေတြနဲ႕ ကစားသမားေတြရဲ႕ ေ၀ဖန္ ျပစ္တင္မႈေတြ ျပင္းျပင္းထန္ထန္ ခံယူခဲ့ရပါတယ္။

ကလပ္အသင္းေတြက ကိုယ္စီ သတင္းထုတ္ျပန္ခ်က္ေတြနဲ႕ ေတာင္းပန္လႊာေတြ ထုတ္ျပန္ျပီး စူပါလိဂ္ကို အဆံုးသတ္္ခဲ့ရ ျပီးတဲ့ေနာက္ ျပည္တြင္း ပရီးမီးယားလိဂ္ကို စေကာ့တလန္ အသင္း နွစ္သင္း ပါ၀င္ေစဖို႔ စီစဥ္ေနၾကပါတယ္။

အဂၤလန္အသင္းေတြ အဆိုအရေတာ့ ျဗိတိန္လိဂ္ အသစ္ ပံုစံမ်ိဳး ဖန္တီးလိုေနၾကတာ ျဖစ္ျပီး စေကာ့တလန္ ထိပ္သီး နွစ္သင္း ျဖစ္တဲ့ ဆဲလ္တစ္နဲ႕ ရိမ္းဂ်ားစ္ကို ထည့္သြင္းဖို႔ ေဆြးေႏြး ေျပာဆိုမႈေတြ ျပဳလုပ္ေနၾကေၾကာင္း သိရပါတယ္။

ဂလပ္စေကာ အေျခစိုက္ နွစ္သင္းဟာ စေကာ့တလန္လိဂ္မွာ ဗိုလ္စြဲေနက် ျပိဳင္ဘက္နွစ္သင္း ျဖစ္ျပီး လီဗာပူး ဂႏၱ၀င္ စတီဗင္ ဂ်ရတ္ဟာ ေလာေလာဆယ္ ရိမ္းဂ်ားစ္ အသင္းကို နည္းျပ အျဖစ္ ကိုင္တြယ္ေနပါတယ္။

ပရီးမီးယားလိဂ္ ကလပ္အသင္းေတြထဲက တာ၀န္ရွိသူ တစ္ဦးဟာ စူပါလိဂ္ ျဖစ္လာဖို႔က မေသခ်ာေပမယ့္ ပရီးမီးယားလိဂ္ ကို ေျပာင္းလဲဖို႔ တိုးတက္ေအာင္ အသြင္ေျပာင္းဖို႔ လိုလားေနၾကေၾကာင္း ဖြင့္ဟထားပါတယ္။

ဒါ့အျပင္ ၾကီး ၆ ၾကီး အသင္းေတ္ြက ပရီးမီးယားလိဂ္ ျပိဳင္ပြဲ၀င္ အသင္းကို အသင္း ၂၀ ကေန ၁၈ သင္းထံ ျပန္ေလွ်ာ့ခ်လိုေနၾကပါတယ္။