ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ်သူ လော်ရိုးက ဒီအပတ် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ အတွက် ခန့်မှန်းမှု လုပ်သွားပါတယ်။

လီဗာပူးက အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရှိနေပြီး အဆင့် ၄ အသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။ နယူးကာဆယ်ကတော့ တန်းဆင်းဇုန် ရုန်းအားဖြင့် အနေအထားတစ်ခုကို ပြန်တက်လာနိုင်ခဲ့ပြီး သက်သောင့်သက်သာရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

လော်ရိုးက ” နယူးကာဆယ်က သူတို့ ရမှတ်တွေရဖို့ လိုအပ်လာတိုင်းမှာ ရမှတ်တွေ ရယူနိုင်စွမ်းရှိတယ်ဆိုတာကို ကုန်ခဲ့တဲ့ သီတင်းပတ်တွေမှာ အမြဲတမ်း ပြသထားနိုင်ပါတယ်။

နယူးကာဆယ်အသင်းဟာ သချာၤနည်းအရဆိုရင် အခုချိန်ထိ တန်းဆင်းရမယ့် အန္တရာယ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က တန်းဆင်းဇုန် သုံးသင်းထဲက ထိပ်ဆုံးက ဖူလ်ဟမ်နဲ့ ၈ မှတ်ထိ ကွာဟနေပါတယ်။ တန်းဆင်းဇုန်ကလပ်တွေက နယူးကာဆယ်နဲ့ ရမှတ် ကွာဟမှုကို လိုက်မှီဖို့ ခက်ခဲပါတယ်။

တနင်္လာနေ့က လိဒ်နဲ့ ကစားရာမှာ လီဗာပူးရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ လီဗာပူးက တစ်ဂိုးထက်လည်း ပိုသွင်းနိုင်ခဲ့သင့်တာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ ကစားပုံက မကောင်းခဲ့ဘဲ သူတို့ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုး တစ်ဂိုးထက်တောင် ပိုမို ခွင့်ပြုခံရသင့်တာဖြစ်တယ်။

လိဒ်က သိပ်ကောင်းခဲ့တယ်ဆိုရင်တောင် လီဗာပူးရဲ့ စွမ်းဆောင်ရည် မတည်ငြိမ်မှုက စိုးရိမ်စရာပါ။ သူတို့ဟာ နယူးကာဆယ်နဲ့ပွဲမှာ အနိုင် ၃ မှတ်ရဖို့ တည်ငြိမ်မှုတွေကို ပြသနိုင်သင့်တာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူး နဲ့ နယူးကာဆယ်ပွဲမှာတော့ အိမ်ရှင် လီဗာပူးက ၂-၀ ဖြင့် အနိုင်ရသွားမယ်လို့ လော်ရိုးက ခန့်မှန်းသွားခဲ့ပါတယ်။

ZAWGYI

ဘီဘီစီမွ ေဘာလံုးပြဲ သံုးသပ္သူ ေလာ္ရိုးက ဒီအပတ္ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးနဲ႔ နယူးကာဆယ္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၃ အတြက္ ခန္႔မွန္းမႈ လုပ္သြားပါတယ္။

လီဗာပူးက အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရွိေနျပီး အဆင့္ ၄ အသင္းနဲ႔ ၂ မွတ္ကြာဟေနတာပါ။ နယူးကာဆယ္ကေတာ့ တန္းဆင္းဇုန္ ရုန္းအားျဖင့္ အေနအထားတစ္ခုကို ျပန္တက္လာႏုိင္ခဲ့ျပီး သက္ေသာင့္သက္သာရွိေနတဲ့ အေျခအေနျဖစ္ပါတယ္။

ေလာ္ရိုးက ” နယူးကာဆယ္က သူတို႔ ရမွတ္ေတြရဖို႔ လိုအပ္လာတိုင္းမွာ ရမွတ္ေတြ ရယူႏုိင္စြမ္းရွိတယ္ဆိုတာကို ကုန္ခဲ့တဲ့ သီတင္းပတ္ေတြမွာ အျမဲတမ္း ျပသထားႏုိင္ပါတယ္။

နယူးကာဆယ္အသင္းဟာ သခ်ာၤနည္းအရဆိုရင္ အခုခ်ိန္ထိ တန္းဆင္းရမယ့္ အႏၱရာယ္မွာ ရွိေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔က တန္းဆင္းဇုန္ သံုးသင္းထဲက ထိပ္ဆံုးက ဖူလ္ဟမ္နဲ႔ ၈ မွတ္ထိ ကြာဟေနပါတယ္။ တန္းဆင္းဇုန္ကလပ္ေတြက နယူးကာဆယ္နဲ႔ ရမွတ္ ကြာဟမႈကို လိုက္မွီဖို႔ ခက္ခဲပါတယ္။

တနလၤာေန႔က လိဒ္နဲ႔ ကစားရာမွာ လီဗာပူးရဲ႕ ကစားပံုက ေကာင္းမြန္ခဲ့ပါတယ္။ လီဗာပူးက တစ္ဂိုးထက္လည္း ပိုသြင္းႏုိင္ခဲ့သင့္တာပါ။ ဒုတိယပိုင္းမွာေတာ့ လီဗာပူးရဲ႕ ကစားပံုက မေကာင္းခဲ့ဘဲ သူတို႔ ခြင့္ျပဳခဲ့ရတဲ့ ေပးဂိုး တစ္ဂိုးထက္ေတာင္ ပိုမို ခြင့္ျပဳခံရသင့္တာျဖစ္တယ္။

လိဒ္က သိပ္ေကာင္းခဲ့တယ္ဆိုရင္ေတာင္ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္ မတည္ျငိမ္မႈက စိုးရိမ္စရာပါ။ သူတို႔ဟာ နယူးကာဆယ္နဲ႔ပြဲမွာ အႏုိင္ ၃ မွတ္ရဖို႔ တည္ျငိမ္မႈေတြကို ျပသႏုိင္သင့္တာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူး နဲ႔ နယူးကာဆယ္ပြဲမွာေတာ့ အိမ္ရွင္ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရသြားမယ္လို႔ ေလာ္ရိုးက ခန္႔မွန္းသြားခဲ့ပါတယ္။