ဥရောပစူပါလိဂ်ကို မထောက်ခံဘဲ ပေါ်တင် ကန့်ကွက်မှုကြီးတွေ လုပ်ခဲ့တဲ့ မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအသင်းသားတွေကို ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က သဘောမတွေ့ဟန် ရှိနေပါတယ်။

ဒီရက်တွေထဲ စကားတွေ အများကြီး ပြောနေရတဲ့ ပီရက်ဇ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ လီဗာပူးနဲ့ ပက်သက်ပြီး မှတ်ချက်စကားတွေ ထပ်ပြောခဲ့တယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ အရန်ကွင်းအတွင်း ပွဲကြီးကစားခဲ့ရမှုအပေါ် သဘောမကျကြောင်း လီဗာပူးမန်နေဂျာကလော့ပ်က ထုတ်ပြောခဲ့တယ်။ ဘာနေဗျူးကွင်း ပြန်လည် တည်ဆောက်နေမှုကြောင့် အရန်ကွင်းကို ပြောင်းလဲကစားခဲ့ရခြင်းဖြစ်ပြီး ကလော့ပ်ကတော့ အနည်းဆုံး ပိုမို ခန့်ထည်တဲ့ ကြားကွင်းမှာ ကစားခွင့်ရရင် ပိုကောင်းမယ်လို့ မျှော်လင့်ခဲ့တာဖြစ်တယ်။

ပီရက်ဇ်က ” ကလော့ပ်က ဘာလို့များ အဲ့လိုကစားရတာကို မနှစ်သက်ရလဲဆိုတာကို ကျနော် နားမလည်နိုင်အောင်ပါပဲ ” ဆိုပြီး လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ပွဲ ပထမအကျော့ကို အရန်ကွင်းဖြင်တဲ့ Alfredo Di Stefano Stadium မှာ ကစားစေတဲ့ အပေါ် ကလော့ပ်ရဲ့ ဝေဖန်မှုကို တုန့်ပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌကပဲ ” ကျနော် သိတာကတော့ ကိဗ်မှာပဲဖြစ်ဖြစ် ဒီကွင်းမှာပဲဖြစ်ဖြစ် ဂိုးရလဒ်က အတူတူပါပဲ ၃-၁ ရလဒ်ပဲ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပီရက်ဇ်ဟာ ဒီတစ်လောမှာ စူပါလိဂ် မဖြစ်မြောက်ခြင်းအတွက် အင်္ဂလန်ကလပ်တွေကို တုန့်ပြန်ဝေဖန်မှုတွေ ပြုလုပ်နေတာပါ။ စူပါလိဂ်ကနေ တရားဝင် နုတ်ထွက်ကြောင်းကို ရီးရဲလ်မက်ဒရစ်ဘက်က ထုတ်ပြန်ခြင်း မရှိသေးဘဲ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရတဲ့ အရေးကို ရင်ဆိုင်ရဖွယ် ရှိနေသေးတာဖြစ်ပါတယ်။

ZAWGYI

ဥေရာပစူပါလိဂ္ကို မေထာက္ခံဘဲ ေပၚတင္ ကန႔္ကြက္မႈႀကီးေတြ လုပ္ခဲ့တဲ့ မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအသင္းသားေတြကို ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္က သေဘာမေတြ႔ဟန္ ရွိေနပါတယ္။

ဒီရက္ေတြထဲ စကားေတြ အမ်ားႀကီး ေျပာေနရတဲ့ ပီရက္ဇ္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ အႏိုင္ရခဲ့တဲ့ လီဗာပူးနဲ႔ ပက္သက္ၿပီး မွတ္ခ်က္စကားေတြ ထပ္ေျပာခဲ့တယ္။

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့မွာ အရန္ကြင္းအတြင္း ပြဲၾကီးကစားခဲ့ရမႈအေပၚ သေဘာမက်ေၾကာင္း လီဗာပူးမန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာခဲ့တယ္။ ဘာေနဗ်ဴးကြင္း ျပန္လည္ တည္ေဆာက္ေနမႈေၾကာင့္ အရန္ကြင္းကို ေျပာင္းလဲကစားခဲ့ရျခင္းျဖစ္ျပီး ကေလာ့ပ္ကေတာ့ အနည္းဆုံး ပိုမို ခန႔္ထည္တဲ့ ၾကားကြင္းမွာ ကစားခြင့္ရရင္ ပိုေကာင္းမယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္တယ္။

ပီရက္ဇ္က ” ကေလာ့ပ္က ဘာလို႔မ်ား အဲ့လိုကစားရတာကို မႏွစ္သက္ရလဲဆိုတာကို က်ေနာ္ နားမလည္ႏိုင္ေအာင္ပါပဲ ” ဆိုၿပီး လီဗာပူးနဲ႔ ရီးရဲလ္မက္ဒရစ္ပြဲ ပထမအေက်ာ့ကို အရန္ကြင္းျဖင္တဲ့ Alfredo Di Stefano Stadium မွာ ကစားေစတဲ့ အေပၚ ကေလာ့ပ္ရဲ႕ ေဝဖန္မႈကို တုန႔္ျပန္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ဥကၠဌကပဲ ” က်ေနာ္ သိတာကေတာ့ ကိဗ္မွာပဲျဖစ္ျဖစ္ ဒီကြင္းမွာပဲျဖစ္ျဖစ္ ဂိုးရလဒ္က အတူတူပါပဲ ၃-၁ ရလဒ္ပဲ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပီရက္ဇ္ဟာ ဒီတစ္ေလာမွာ စူပါလိဂ္ မျဖစ္ေျမာက္ျခင္းအတြက္ အဂၤလန္ကလပ္ေတြကို တုန႔္ျပန္ေဝဖန္မႈေတြ ျပဳလုပ္ေနတာပါ။ စူပါလိဂ္ကေန တရားဝင္ ႏုတ္ထြက္ေၾကာင္းကို ရီးရဲလ္မက္ဒရစ္ဘက္က ထုတ္ျပန္ျခင္း မရွိေသးဘဲ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရတဲ့ အေရးကို ရင္ဆိုင္ရဖြယ္ ရွိေနေသးတာျဖစ္ပါတယ္။