လီဗာပူးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ နယူးကာဆယ်ကို သရေကျသွားတဲ့နောက် ထိုပွဲမှာ ဂိုးအခွင့်အရေး များစွာ ဖြုန်းတီးခဲ့ကြတဲ့ တိုက်စစ်သမားတွေဟာ ဝေဖန်စရာ ဖြစ်လာခဲ့ပြီး ဆာဒီယို မာနေးကို ပိုမို ပြောဆိုမှုတွေ ရှိနေပါတယ်။ လီဗာပူးရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ မျှော်လင့်ချက်က ထိုသရေပွဲ အပြီးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
နယူးကာဆယ် တောင်ပံတိုက်စစ်သမား အလန် စိန့် မက်ဆီမင်ကတော့ မာနေးကို နောက်ပွဲတွေ ချန်လှပ်ဖို့ ကလော့ပ်အား တောင်းဆိုနေကြတဲ့ လီဗာပူး ပရိသတ်တွေ အပေါ် ပြန်လည် တုန့်ပြန် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
ထိုပွဲမှာ လီဗာပူးက ဆာလက်ရဲ့ ပွဲချိန် အစပိုင်း သွင်းဂိုးနဲ့ မိနစ် ၉၀ လောက် ဦးဆောင်ထားခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ချေပဂိုး ပြန်ခွင့်ပြုခဲ့ရတာပါ။ လီဗာပူး တိုက်စစ်သမားတွေဟာ ဦးဆောင်ဂိုးတွေ ထပ်သွင်းဖို့ ဂိုးအခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။
ပွဲ အပြီးမှာ လီဗာပူး ပရီသတ် တစ်ဦးက လူမှုကွန်ယက်ကနေ မာနေး အပေါ် မကျေနပ်မှု ကို ပေါက်ကွဲခဲ့ပါတယ်။ ၎င်းက ပြိုင်ဘက် တောင်ပံတိုက်စစ်သမား စိန့် မက်ဆီမင်ကို သွားပြီး ” မင်း က လီဗာပူးကို လာကစားပြီး မာနေးကို တခြား သွားခိုင်းလိုက်လို့ ရမလား? ” လို့ တွစ်တာမှာ မေးမြန်းခဲ့ပါတယ်။
ဒါပေမယ့် နယူးကာဆယ် တောင်ပံသမားကတော့ လီဗာပူး တိုက်စစ်သမား မာနေးဘက်က ကာကွယ်ပြီး – ” ဒီလို လာပြောတာ အကောင်းပြောတာပဲ လို့ မင်းက တွေးနေမယ် ဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါကတော့ ဒါမျိုး မကြိုက်ဘူး။ သူ့ကို မင်းတို့ လေးစားမှု ရှိပါ။ မင်းက ကျေးဇူး ကန်းနေတာပဲ။ သူ လီဗာပူးအတွက် အများကြီး လုပ်ပေးခဲ့တာ။ ငါက သူ့ အဆင့် ရောက်ဖို့ ဆိုတာ အဝေးကြီး လိုသေးတယ်။ ” လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။
နယူးကာဆယ်ကို သရေကျလိုက်တဲ့ ပွဲဟာ လီဗာပူး အသင်းရဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ထိခိုက်စေခဲ့ပြီး ဖြစ်လာနိုင်ခြေ နည်းပါးသွားပြီ လို့ ကလော့ပ်ကလည်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။
Zawgyi – လီဗာပူးအသင္းဟာ မေန႔ညက ပရီးမီးယားလိဂ္ ပြဲမွာ နယူးကာဆယ္ကို သေရက်သြားတဲ့ေနာက္ ထိုပဲြမွာ ဂိုးအခြင့္အေရး မ်ားစြာ ျဖဳန္းတီးခဲ့ၾကတဲ့ တိုက္စစ္သမားေတြဟာ ေ၀ဖန္စရာ ျဖစ္လာခဲ့ျပီး ဆာဒီယို မာေနးကို ပိုမို ေျပာဆိုမႈေတြ ရွိေနပါတယ္။ လီဗာပူးရဲ႕ အဆင့္ ၄ အတြင္း ၀င္ဖို႔ ေမွ်ာ္လင့္ခ်က္က ထိုသေရပြဲ အျပီးမွာ ေပ်ာက္ကြယ္လုနီးပါး ျဖစ္သြားခဲ့ပါတယ္။
နယူးကာဆယ္ ေတာင္ပံတိုက္စစ္သမား အလန္ စိန္႔ မက္ဆီမင္ကေတာ့ မာေနးကို ေနာက္ပြဲေတြ ခ်န္လွပ္ဖို႔ ကေလာ့ပ္အား ေတာင္းဆိုေနၾကတဲ့ လီဗာပူး ပရိသတ္ေတြ အေပၚ ျပန္လည္ တုန္႔ျပန္ ေ၀ဖန္မႈ ျပဳလုပ္ခဲ့ပါတယ္။
ထိုပြဲမွာ လီဗာပူးက ဆာလက္ရဲ႕ ပြဲခ်ိန္ အစပိုင္း သြင္းဂိုးနဲ႕ မိနစ္ ၉၀ ေလာက္ ဦးေဆာင္ထားခဲ့ေပမယ့္ ပြဲျပီးခါနီး နာက်င္ အခ်ိန္ပိုမွာ ေခ်ပဂိုး ျပန္ခြင့္ျပဳခဲ့ရတာပါ။ လီဗာပူး တိုက္စစ္သမားေတြဟာ ဦးေဆာင္ဂိုးေတြ ထပ္သြင္းဖို႔ ဂိုးအခြင့္အေရး မ်ားစြာ ဖန္တီးနုိင္ခဲ့ေပမယ့္ ဂိုး အျဖစ္ မေျပာင္းလဲနုိင္ခဲ့တာေၾကာင့္ သေရတစ္မွတ္နဲ႕ ေက်နပ္လိုက္ရပါတယ္။
ပြဲ အျပီးမွာ လီဗာပူး ပရီသတ္ တစ္ဦးက လူမႈကြန္ယက္ကေန မာေနး အေပၚ မေက်နပ္မႈ ကို ေပါက္ကြဲခဲ့ပါတယ္။ ၄င္းက ျပိဳင္ဘက္ ေတာင္ပံတိုက္စစ္သမား စိန္႔ မက္ဆီမင္ကို သြားျပီး ” မင္း က လီဗာပူးကို လာကစားျပီး မာေနးကို တျခား သြားခိုင္းလိုက္လို႔ ရမလား? ” လို႔ တြစ္တာမွာ ေမးျမန္းခဲ့ပါတယ္။
ဒါေပမယ့္ နယူးကာဆယ္ ေတာင္ပံသမားကေတာ့ လီဗာပူး တိုက္စစ္သမား မာေနးဘက္က ကာကြယ္ျပီး – ” ဒီလို လာေျပာတာ အေကာင္းေျပာတာပဲ လို႔ မင္းက ေတြးေနမယ္ ဆိုတာ ငါသိတယ္၊ ဒါေပမယ့္ ငါကေတာ့ ဒါမ်ိဳး မၾကိဳက္ဘူး။ သူ႔ကို မင္းတို႔ ေလးစားမႈ ရွိပါ။ မင္းက ေက်းဇူး ကန္းေနတာပဲ။ သူ လီဗာပူးအတြက္ အမ်ားၾကီး လုပ္ေပးခဲ့တာ။ ငါက သူ႔ အဆင့္ ေရာက္ဖို႔ ဆိုတာ အေ၀းၾကီး လိုေသးတယ္။ ” လို႔ တုန္႔ျပန္ ေျဖၾကားခဲ့ပါတယ္။
နယူးကာဆယ္ကို သေရက်လိုက္တဲ့ ပြဲဟာ လီဗာပူး အသင္းရဲ႕ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ကို ထိခိုက္ေစခဲ့ျပီး ျဖစ္လာနိုင္ေျခ နည္းပါးသြားျပီ လို႔ ကေလာ့ပ္ကလည္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။