ဂျာမာန်သတင်းဌာနကြီးဖြစ်တဲ့ Der Spiegel က စူပါလိဂ်မှာ ပါဝင်ဖို့ လက်မှတ်ထိုးခဲ့တဲ့ ကလပ် ၁၂ သင်း ပြိုင်ပွဲကနေ နုတ်ထွက်ခြင်းအတွက် ပေးရမယ့် လျော်ကြေးကို ဖော်ထုတ်သွားခဲ့ပါတယ်။

အဆိုပါ ဖော်ထုတ်မှုအရ တစ်နှစ်ကို ယူရို သန်း ၂၀၀ ကနေ သန်း ၃၀၀ ထိ အကျိုးအမြတ်ရမှုတွေ ရှယ်ယာပိုင်းဆိုင်ရာ ခွဲဝေမှုတွေ ပါဝင် ရေးဆွဲထားတဲ့ စူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ခြင်းအတွက် လမ်းခွဲကြေးကလည်း မနည်းပါးလှပါဘူး။ ကလပ်တွေဟာ စူပါလိဂ်မှာ မပါဝင်ဖို့ ရွေးချယ်ခဲ့ရင်ယူရို သန်း ၁၅၀ ထိကို လျော်ကြေးအဖြစ် ပေးရမှာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ဟာ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ကိုလည်း စူပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အဆိုပါ ကလပ်တွေက ငြင်းဆန်ခဲ့ကြတယ်။ တည်ထောင်သူ ကလပ်တွေထဲက ကလပ် ၉ သင်းထိကလည်း နုတ်ထွက်ခဲ့ပြီဖြစ်ပေမယ့် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့ကတေ့ အခုချိန်ထိ တရားဝင် နုတ်ထွက်ခြင်း မရှိသေးဘူး။

အင်္ဂလန်ကြီး ၆ ကြီးတွေဟာ စူပါလိဂ်ရှယ်ယာ ၇.၇% စီကို ခွဲဝေရမယ်လို့ သဘောတူညီမှုမှာ ပါဝင်ခဲ့သေးတယ်။ လီဗာပူး အပါအဝင် ကလပ်တွေက စူပါလိဂ်ကနေ နုတ်ထွက်ခြင်းကြောင့် ပင်နယ်တီ လျော်ကြေး ပေးရမယ်ဆိုတာ သိထားရပေမယ့် ဘယ်လောက် အတိုင်းအတာထိ ပေးရမယ်ဆိုတာတော့ အခုချိန်ထိ မရှင်းလင်းသေးပါဘူး။

စူပါလိဂ် စတင်ဖို့ လိုအပ်တဲ့ ပေါင် ၃.၅ ဘီလျံ ကိုတာ့ အမေရိကန် အခြေစိုက် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဖြစ်တဲ့ JP Morgan က ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။

ZAWGYI

ဂ်ာမာန္သတင္းဌာနၾကီးျဖစ္တဲ့ Der Spiegel က စူပါလိဂ္မွာ ပါဝင္ဖို႔ လက္မွတ္ထိုးခဲ့တဲ့ ကလပ္ ၁၂ သင္း ျပိဳင္ပြဲကေန ႏုတ္ထြက္ျခင္းအတြက္ ေပးရမယ့္ ေလ်ာ္ေၾကးကို ေဖာ္ထုတ္သြားခဲ့ပါတယ္။

အဆိုပါ ေဖာ္ထုတ္မႈအရ တစ္ႏွစ္ကို ယူရို သန္း ၂၀၀ ကေန သန္း ၃၀၀ ထိ အက်ိဳးအျမတ္ရမႈေတြ ရွယ္ယာပိုင္းဆိုင္ရာ ခြဲေဝမႈေတြ ပါဝင္ ေရးဆြဲထားတဲ့ စူပါလိဂ္ျပိဳင္ပြဲကေန ႏုတ္ထြက္ျခင္းအတြက္ လမ္းခြဲေၾကးကလည္း မနည္းပါးလွပါဘူး။ ကလပ္ေတြဟာ စူပါလိဂ္မွာ မပါဝင္ဖို႔ ေရြးခ်ယ္ခဲ့ရင္ယူရို သန္း ၁၅၀ ထိကို ေလ်ာ္ေၾကးအျဖစ္ ေပးရမွာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္ဟာ ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီတို႔ကိုလည္း စူပါလိဂ္ျပိဳင္ပြဲမွာ ပါဝင္ဖို႔ ဖိတ္ေခၚခဲ့ေပမယ့္ အဆိုပါ ကလပ္ေတြက ျငင္းဆန္ခဲ့ၾကတယ္။ တည္ေထာင္သူ ကလပ္ေတြထဲက ကလပ္ ၉ သင္းထိကလည္း နုတ္ထြက္ခဲ့ျပီျဖစ္ေပမယ့္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္တို႔ကေတ့ အခုခ်ိန္ထိ တရားဝင္ ႏုတ္ထြက္ျခင္း မရွိေသးဘူး။

အဂၤလန္ၾကီး ၆ ၾကီးေတြဟာ စူပါလိဂ္ရွယ္ယာ ၇.၇% စီကို ခြဲေဝရမယ္လို႔ သေဘာတူညီမႈမွာ ပါဝင္ခဲ့ေသးတယ္။ လီဗာပူး အပါအဝင္ ကလပ္ေတြက စူပါလိဂ္ကေန ႏုတ္ထြက္ျခင္းေၾကာင့္ ပင္နယ္တီ ေလ်ာ္ေၾကး ေပးရမယ္ဆိုတာ သိထားရေပမယ့္ ဘယ္ေလာက္ အတိုင္းအတာထိ ေပးရမယ္ဆိုတာေတာ့ အခုခ်ိန္ထိ မရွင္းလင္းေသးပါဘူး။

စူပါလိဂ္ စတင္ဖို႔ လိုအပ္တဲ့ ေပါင္ ၃.၅ ဘီလ်ံ ကိုတာ့ အေမရိကန္ အေျခစိုက္ ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီျဖစ္တဲ့ JP Morgan က ေထာက္ပံ့ေပးျခင္းျဖစ္ပါတယ္။