လီဗာပူးအသင်းဟာ ၂၀၂၁ ထဲမှာ ကွင်းလယ်ကစားသမား ဖာဘင်ညို တစ်ယောက် ဗဟို ခံစစ် ဆင်းကစားရရင် နိုင်ပွဲ တစ်ပွဲမှ မရသေးတဲ့ မှတ်တမ်း ရှိနေကြောင်း လီဗာပူး ပရိသတ် တစ်ဦးက ထောက်ပြသွားခဲ့ပါတယ်။

ဘရာဇီးသား ခံစစ် ဝင်ကစားရတိုင်းလည်း လီဗာပူးဟာ သုံးဂိုးနီးပါး ပေးဂိုးတွေ ရှိပြီး ဂိုးပေးပါ ကြမ်းနေခဲ့တာပါ။ ဒါပေမယ့် ဖာဘင်ညို ကွင်းလယ်မှာ ဝင်ကစားရင်တော့ လီဗာပူးက ဂိုးတွေတောင် ပိုသွင်းနိုင်ပြီး နိုင်ပွဲတွေပါ များနေခဲ့ပါတယ်။

တွစ်တာမှာ လီဗာပူး ပရိသတ် JCuzzy1 က ဖာဘင်ညိုဟာ ကွင်းလယ်မှာ လီဗာပူးအတွက် ပို အထောက်အပံ့ ဖြစ်နိုင်ပြီး ဗဟိုခံစစ် မှာ ကစားတာက အသင်းအတွက် အဆင်မပြေကြောင်း ထောက်ပြခဲ့ပါတယ်။

ဖာဘင်ညိုဟာ ၂၀၂၁ ထဲမှာ လီဗာပူးအတွက် ၁၃ ပွဲ ကစားထာပြီး ၇ ပွဲက ခံစစ်မှာ ကစားကာ ၆ ပွဲက ကွင်းလယ်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ် ကစားတဲ့ ပွဲတွေမှာ လီဗာပူးက ၄ ပွဲနိုင် ၁ ပွဲရှုံးထားပြီး ဖာဘင်ညို ဗဟိုခံစစ်မှာ ကစားခဲ့တဲ့ ပွဲတွေထဲမှာတော့ တစ်ပွဲမှာ မနိုင်ဘဲ လေးပွဲ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ခံစစ် ကစားတဲ့ ၇ ပွဲမှာ ပေးဂိုးက ၁၁ ဂိုးထိ ရှိနေခဲ့တာပါ။ ကွင်းလယ်မှာ ကစားတဲ့ ပွဲတွေမှာတော့ လီဗာပူး ပေးဂိုးက ၄ ဂိုးသာ ရှိထားပါတယ်။

လီဗာပူးရဲ့ ဂိုးသွင်းမှတ်တမ်းကလည်း ဘရာဇီးသာ သူ့ မူလ နေရာ ဖြစ်တဲ့ ကွင်းလယ်မှာ ကစားရချိန်မှာ နှစ်ဆ တက်လာခဲ့ပါတယ်။ ကွင်းလယ် ကစားတဲ့ ပွဲတွေမှာ လီဗာပူး သွင်းဂိုးက ၉ ဂိုး ဖြစ်ပြီး ခံစစ်ပွဲတွေမှာတော့ ၄ ဂိုးသာ သွင်းထားနိုင်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဖာဘင်ညို ဗဟိုခံစစ် ဆင်း ကစားတာက ဘယ်လိုမှ အလုပ် မဖြစ်နိုင်ကြောင်း သိမြင် ထောက်ပြခဲ့ကြပေမယ့် ဒီတစ်ကြိမ်မှာတော့ အချက်အလက်တွေနဲ့ သိသာစေခဲ့တာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ၂၀၂၁ ထဲမွာ ကြင္းလယ္ကစားသမား ဖာဘင္ညိဳ တစ္ေယာက္ ဗဟို ခံစစ္ ဆင္းကစားရရင္ နုိင္ပြဲ တစ္ပြဲမွ မရေသးတဲ့ မွတ္တမ္း ရွိေနေၾကာင္း လီဗာပူး ပရိသတ္ တစ္ဦးက ေထာက္ျပသြားခဲ့ပါတယ္။

ဘရာဇီးသား ခံစစ္ ၀င္ကစားရတုိင္းလည္း လီဗာပူးဟာ သံုးဂိုးနီးပါး ေပးဂိုးေတြ ရွိျပီး ဂိုးေပးပါ ၾကမ္းေနခဲ့တာပါ။ ဒါေပမယ့္ ဖာဘင္ညိဳ ကြင္းလယ္မွာ ၀င္ကစားရင္ေတာ့ လီဗာပူးက ဂိုးေတြေတာင္ ပိုသြင္းနိုင္ျပီး နုိင္ပြဲေတြပါ မ်ားေနခဲ့ပါတယ္။

တြစ္တာမွာ လီဗာပူး ပရိသတ္ JCuzzy1 က ဖာဘင္ညိဳဟာ ကြင္းလယ္မွာ လီဗာပူးအတြက္ ပို အေထာက္အပံ့ ျဖစ္နုိင္ျပီး ဗဟိုခံစစ္ မွာ ကစားတာက အသင္းအတြက္ အဆင္မေျပေၾကာင္း ေထာက္ျပခဲ့ပါတယ္။

ဖာဘင္ညိဳဟာ ၂၀၂၁ ထဲမွာ လီဗာပူးအတြက္ ၁၃ ပြဲ ကစားထာျပီး ၇ ပြဲက ခံစစ္မွာ ကစားကာ ၆ ပြဲက ကြင္းလယ္မွာ ကစားခဲ့တာ ျဖစ္ပါတယ္။

ကြင္းလယ္ ကစားတဲ့ ပြဲေတြမွာ လီဗာပူးက ၄ ပြဲနုိင္ ၁ ပြဲရွံဳးထားျပီး ဖာဘင္ညိဳ ဗဟိုခံစစ္မွာ ကစားခဲ့တဲ့ ပြဲေတြထဲမွာေတာ့ တစ္ပြဲမွာ မနိုင္ဘဲ ေလးပြဲ ရွံဳးနိမ့္ထားပါတယ္။ ဒါ့အျပင္ ခံစစ္ ကစားတဲ့ ၇ ပြဲမွာ ေပးဂိုးက ၁၁ ဂိုးထိ ရွိေနခဲ့တာပါ။ ကြင္းလယ္မွာ ကစားတဲ့ ပြဲေတြမွာေတာ့ လီဗာပူး ေပးဂိုးက ၄ ဂိုးသာ ရွိထားပါတယ္။

လီဗာပူးရဲ႕ ဂိုးသြင္းမွတ္တမ္းကလည္း ဘရာဇီးသာ သူ႔ မူလ ေနရာ ျဖစ္တဲ့ ကြင္းလယ္မွာ ကစားရခ်ိန္မွာ နွစ္ဆ တက္လာခဲ့ပါတယ္။ ကြင္းလယ္ ကစားတဲ့ ပြဲေတြမွာ လီဗာပူး သြင္းဂိုးက ၉ ဂိုး ျဖစ္ျပီး ခံစစ္ပြဲေတြမွာေတာ့ ၄ ဂိုးသာ သြင္းထားနုိင္ခဲ့တာပါ။

ပရိသတ္ေတြကေတာ့ ဖာဘင္ညိဳ ဗဟိုခံစစ္ ဆင္း ကစားတာက ဘယ္လိုမွ အလုပ္ မျဖစ္နုိင္ေၾကာင္း သိျမင္ ေထာက္ျပခဲ့ၾကေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ အခ်က္အလက္ေတြနဲ႕ သိသာေစခဲ့တာ ျဖစ္ပါတယ္။