မန်နေဂျာယာဂင်ကလော့ပ်က ကွင်းလယ်လူ နာဘီကီတာ လီဗာပူးအသင်းမှာ ဆက်ရှိနေဦးမလားဆိုတဲ့ အမေးအပေါ် အဖြေပြန်မှု လုပ်သွားပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းဖြင့် လီဗာပူးထံ ပြောင်းလာခဲ့သလို ဂန္တဝင်နံပါတ်ဖြစ်တဲ့ အနီရောင် နံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရထားတဲ့ ကိတ်တာဟာ ကလပ်နဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့သူပါ။ သူဟာ ဒီရာသီမှာလည်း ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရပြီး မန်နေဂျာကတော့ လက်ကျန်ရာသီမှာ သူ့ကို ပွဲကစားစေဖို့ထက် လာမယ့်ရာသီမှာ အဆင်သင့်ဖြစ်နေဖို့ပဲ ပိုမို အာရုံစိုက်ပေးနေတယ်လို့ သိထားရတယ်။

ကွင်းလယ်လူနဲ့ ပက်သက်ပြီး ကလော့ပ်က “ လေ့ကျင့်ရေးတွေမှာ နာဘီ လေ့ကျင့်နေတာ အခြေအနေကောင်းပါတယ်။ အဲ့တာတော့ ကျနော် ပြောနိုင်တယ်။ သူက အခြားသော အသင်းဖော်တွေလိုပဲ ကောင်းကောင်းလေ့ကျင့်နိုင်နေတယ်။ လေ့ကျင့်ရေးမှာ အဆင်ပြေနေတာကိုလည်း မြင်ရပါတယ်။

ဒီရာသီမှာ ကျနေ်ာတို့ တည်ငြိမ်နေဖို့ လိုပါတယ်။ အချိန်နဲ့အမျှ အပြောင်းအလဲတွေကိုတော့ လုပ်သွားရမှာပါ။ ဒါပေမယ့် အခုချိန်က ကစားသမား ၇ ယောက်၊ ၈ ယောက်၊ ၉ ယောက်လောက်ကို လဲထုတ်ပြီး အဲ့လိုလုပ်မှ အနိုင်ရမယ်ဆိုပြီး ပြောနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။

လီဗာပူးအသင်းမှာ နာဘီ ကိတ်တာ ကာလရှည် ဆက်ရှိနေမလားဆိုတာကို ကျနော်ရဲ့ အမြင်ဘက်က ပြောရမယ်ဆိုရင်တော့ သူ ဆက်ရှိနေပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိတ်တာဟာ မက်ဒရစ်ကို ရင်ဆိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲ ပထမအကျော့ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ပေမယ့် လူစားလဲခံခဲ့သူဖြစ်တယ်။ ဒီရာသီဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၃ ရာသီမြောက်ဖြစ်ပေမယ့် အခုချိန်ထိတော့ တိုးတက်တဲ့ ခြေစွမ်းကို မပြသထားနိုင်သေးတာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ကြင္းလယ္လူ နာဘီကီတာ လီဗာပူးအသင္းမွာ ဆက္ရွိေနဦးမလားဆိုတဲ့ အေမးအေပၚ အေျဖျပန္မႈ လုပ္သြားပါတယ္။

ေျပာင္းေရႊ႔ေၾကး ေပါင္ ၅၂ သန္းျဖင့္ လီဗာပူးထံ ေျပာင္းလာခဲ့သလို ဂႏၱဝင္နံပါတ္ျဖစ္တဲ့ အနီေရာင္ နံပါတ္ ၈ ကို ဝတ္ဆင္ခြင့္ရထားတဲ့ ကိတ္တာဟာ ကလပ္နဲ႔ စာခ်ဳပ္ ၂ ႏွစ္ပဲ က်န္ရွိေတာ့သူပါ။ သူဟာ ဒီရာသီမွာလည္း ၾကံ႕ခိုင္မႈပိုင္း ရုန္းကန္ေနရျပီး မန္ေနဂ်ာကေတာ့ လက္က်န္ရာသီမွာ သူ႔ကို ပြဲကစားေစဖို႔ထက္ လာမယ့္ရာသီမွာ အဆင္သင့္ျဖစ္ေနဖို႔ပဲ ပိုမို အာရံုစိုက္ေပးေနတယ္လို႔ သိထားရတယ္။

ကြင္းလယ္လူနဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ ေလ့က်င့္ေရးေတြမွာ နာဘီ ေလ့က်င့္ေနတာ အေျခအေနေကာင္းပါတယ္။ အဲ့တာေတာ့ က်ေနာ္ ေျပာႏုိင္တယ္။ သူက အျခားေသာ အသင္းေဖာ္ေတြလိုပဲ ေကာင္းေကာင္းေလ့က်င့္ႏုိင္ေနတယ္။ ေလ့က်င့္ေရးမွာ အဆင္ေျပေနတာကိုလည္း ျမင္ရပါတယ္။

ဒီရာသီမွာ က်ေန္ာတို႔ တည္ျငိမ္ေနဖို႔ လိုပါတယ္။ အခ်ိန္နဲ႔အမွ် အေျပာင္းအလဲေတြကိုေတာ့ လုပ္သြားရမွာပါ။ ဒါေပမယ့္ အခုခ်ိန္က ကစားသမား ၇ ေယာက္၊ ၈ ေယာက္၊ ၉ ေယာက္ေလာက္ကို လဲထုတ္ျပီး အဲ့လိုလုပ္မွ အႏုိင္ရမယ္ဆိုျပီး ေျပာေနရမယ့္ အခ်ိန္လည္း မဟုတ္ပါဘူး။

လီဗာပူးအသင္းမွာ နာဘီ ကိတ္တာ ကာလရွည္ ဆက္ရွိေနမလားဆိုတာကို က်ေနာ္ရဲ႕ အျမင္ဘက္က ေျပာရမယ္ဆိုရင္ေတာ့ သူ ဆက္ရွိေနပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိတ္တာဟာ မက္ဒရစ္ကို ရင္ဆိုင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲ ပထမအေက်ာ့ပြဲမွာ ပြဲထြက္လူစာရင္းက ပါဝင္ခဲ့ေပမယ့္ လူစားလဲခံခဲ့သူျဖစ္တယ္။ ဒီရာသီဟာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ၃ ရာသီေျမာက္ျဖစ္ေပမယ့္ အခုခ်ိန္ထိေတာ့ တိုးတက္တဲ့ ေျခစြမ္းကို မျပသထားႏုိင္ေသးတာျဖစ္ပါတယ္။